နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အားကစား

ကာလို့စ် အယ်လ်ကာရက်ဇ် သည် ဂျင်းနစ်ခ် စင်းနာ (Jannik Sinner) ကို လေးပွဲကစားပြီး အနိုင်ယူကာ US Open ဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူး သွားခဲ့ပါသည်။

CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၇) ရက်

ကာလို့စ် အယ်လ်ကာရက်ဇ်ဟာ US Open ချန်ပီယံဆုကို နှစ်ကြိမ်၊ ဂရမ်စလင်းချန်ပီယံဆုကို ၆ ကြိမ် ရရှိခဲ့ပြီးဖြစ်သလို ကမ္ဘာ့အဆင့် ၁ အဖြစ်လည်း ရပ်တည်နေပါတယ်။ နယူးယောက်မှာ သူချန်ပီယံဖြစ်ခဲ့တဲ့ပွဲစဉ်က သူပိုကောင်းလာနေတယ်ဆိုတာကို သက်သေပြခဲ့ပါသည်။ အယ်လ်ကာရက်ဇ်ဟာ ဒီပြိုင်ပွဲကို ၂၀၂၂ ခုနှစ်တုန်းကလည်း ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိခဲ့ဖူးပါတယ်။ အီတလီကစားသမား ဂျင်းနစ်ခ် စင်းနာ ကို ၂ နာရီ ၄၂ မိနစ်အတွင်း ၆-၂၊ ၃-၆၊ ၆-၁၊ ၆-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီအောင်ပွဲနဲ့အတူ သူဟာ အမျိုးသား ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ စင်းနား ရဲ့နေရာကို အစားထိုးပြီး ထိပ်ဆုံးနေရာကို ရယူခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံး နှစ်ဦးစလုံးရဲ့ ရိုက်ချက်များသည် သာလွန်ကောင်းမွန် နေခဲ့ပြီး နှစ်ဦးစလုံး အမြင့်ဆုံးအဆင့်သို့ အကြိမ်များစွာ ရောက်ရှိခဲ့သည်။ နောက်ဆုံးတွင် အယ်လ်ကာရက်ဇ်သည် ပွဲစဉ်ရဲ့အများစုကို ဦးဆောင်နိုင်ခဲ့ပါသည်။

ဂျင်းနစ်ခ် စင်းနာ က ကွင်းရဲ့တစ်ဖက်တစ်ချက်ကို အပြင်းအထန်ရိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဒုတိယပွဲကလွဲ၍ အယ်လ်ကာရက်ဇ်သည် ခံစစ်အနေအထားကို လုံးဝမရောက်ခဲ့ပါဘူး။ ပွဲအစကတည်းက စပိန်ကစားသမားရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက သိသိသာသာရှိနေတာကို တွေ့မြင်ခဲ့ ရပါသည်။ သူ စင်းနားကို ရှုံးခဲ့တဲ့ပွဲက ပြိုင်ပွဲတစ်ခုလုံးမှာ ရှုံးခဲ့တဲ့ တစ်ပွဲတည်းသောပွဲ ဖြစ်ခဲ့ပေမယ့် ကမ္ဘာပေါ်မှာ အရည်အချင်းအပြည့်ဝဆုံး ကစားသမားတစ်ဦး ဖြစ်လာနေသည် ဆိုတာကို ထပ်မံသက်သေပြခဲ့ပါသည်။ စပိန်တင်းနစ်အားကစားသမား သည် မေလတုန်းကမှ အသက် ၂၂ နှစ်ပြည့်ခဲ့သူဖြစ်ပြီး ၁၉၇၈ ခုနှစ်မှာ US Open ကို Hard Court ကွင်းအဖြစ် ပြောင်းလဲကစားခဲ့ချိန်ကစပြီး သူ့ရဲ့ ၂၃ နှစ်မြောက် မွေးနေ့မတိုင်ခင်မှာ ကစားကွင်း ၃ မျိုးလုံးမှာ ဂရမ်စလင်းဖလားကို အကြိမ်ကြိမ်ရရှိခဲ့တဲ့ ပထမဆုံး အားကစားသမား ဖြစ်လာခဲ့ပါသည်။ သူ့ရဲ့ ၆ ကြိမ်မြောက် ဂရမ်စလင်းဆုသည် အသက် ၂၃ နှစ်မပြည့်ခင် Björn Borg တစ်ဦးတည်းသာ ၇ ကြိမ်နဲ့ သူ့ထက်သာလွန်အောင်ကစားနိုင်ခဲ့ပါသည်။

ဇန်နဝါရီလမှာ ကျင်းပမယ့် သြစတေးလျ အိုးပင်း(Australian Open) မှာ အယ်လ်ကာရက်ဇ်သည် ဆွီဒင်ကစားသမားရဲ့ စံချိန်ကို လိုက်မီနိုင်တာကြောင့် လောင်းကြေးထပ်ရင်တောင် ရှုံးလိမ့်မှာမဟုတ်ပါ။ စပိန်ကစားသမားဟာ အခုဆိုရင် ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ထိုအချက်ကို ထိုနေ့ပြိုင်ပွဲတွင် အပြည့်အဝ မြင်တွေ့ခဲ့ရသည်။ သူ့ရဲ့ ဆားဗစ်ပေးမှု(SerVes) များသည် တစ်ခါတစ်ရံမှာ မတားဆီးနိုင်အောင် ကောင်းမွန်ခဲ့ပြီး စင်းနား ရဲ့ ၂၁ ကြိမ်နဲ့ ယှဉ်ရင် သူက ၄၂ ကြိမ် အနိုင်ရိုက်ချက်ကို ရိုက်နိုင်ခဲ့ပါသည်။ ထို့အပြင် အီတလီကစားသမားထက်လည်း ကွင်းကိုပို၍ လွှမ်းခြုံနိုင်ခဲ့သလို Double Fault လည်း လုံးဝမဖြစ်ခဲ့ချေ။ သူ့၏ ပထမစရိုက်ချက် (First SerVes) ၆၁ ရာခိုင်နှုန်းကို ကစားနိုင်ခဲ့ပြီး အဲဒီထဲက ၈၃ ရာခိုင်နှုန်းကို အမှတ်ရယူနိုင်ခဲ့ပါသည်။ ထိုအချက်သည် သူ့ရဲ့အရှိန်အဟုန်နဲ့ စွမ်းအားကို သက်သေပြနေတာဖြစ်ပြီး စင်းနားကို ပွဲစဉ်အများစုမှာ ဟန်ချက်ပျက်စေခဲ့သည်။ အယ်လ်ကာရက်ဇ်က ၆-၁ နဲ့ ရယူခဲ့တဲ့ တတိယပွဲက စင်းနား လို အရည်အချင်းရှိတဲ့ အားကစားသမား တစ်ဦးအပေါ် အံ့အားသင့်စရာ ကောင်းလောက်အောင် လွှမ်းမိုးခဲ့ပါတယ်။ ပွဲစဉ်တစ်ခုလုံးကို တက်ရောက်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆုချီးမြှင့်ပွဲမှာ ပါဝင်ခဲ့ခြင်း မရှိပါ။ ဇူလိုင်လက Club World Cup ဖိုင်နယ်ပွဲနဲ့မတူဘဲ သမ္မတသည် သူ့ရဲ့ Box ထဲကနေ ဆုချီးမြှင့်ပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ် ထောင်ပေါင်းများစွာနဲ့အတူ မတ်တတ်ရပ်ပြီး ကြည့်ရှုခဲ့ပါသည်။

ကားလို့စ်အယ်လ်ကာရက်ဇ် ရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရ ပြီးနောက် ဂျန်နစ်စင်းနား သည် ပွဲအပြီးအင်တာဗျူးမှာ စိတ်ထဲတွင် ငြိမ်းချမ်းနေပုံရပါသည်။

“ဒီနေ့ ကျွန်တော်အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒီ့ထက်ပိုပြီးတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး”လို့ သူက သူ့ရဲ့ပြိုင်ဘက်ကို ဂုဏ်ပြုပြီး ပြောကြားခဲ့သည်။ ထို့အပြင် “ဒီနေ့ ခင်ဗျားက ကျွန်တော့်ထက် သာလွန်ကောင်းမွန်တဲ့ ဒီ စွမ်းဆောင်ရည်နောက်ကွယ်က ပင်ပန်းကြိုးစားမှုအားလုံးကို အသိအမှတ်ပြုပါတယ်”လို့လည်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စင်းနားက သူ့ရဲ့အသင်း၊ မိသားစုနဲ့ သူငယ်ချင်းတွေကို “ကျွန်တော့်ကို ပံ့ပိုးပေးပြီး၊ ကြိုးစားလုပ်ဆောင်နေတာတွေကို နားလည်ပေးလို့” ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ဒီစင်မြင့်ပေါ်ကို ရောက်ဖို့အတွက် ကျွန်တော်တို့ ဘယ်လောက်အနစ်နာခံခဲ့ရလဲဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်”လို့ သူက ပြောကြားခဲ့သည်။ “ဒီရာသီဟာ အံ့မခန်း ဖြစ်ခဲ့ပါတယ်။ ရာသီတစ်လျှောက်လုံး အဓိကကျတဲ့ စင်မြင့်တွေနဲ့ ပွဲတွေကို ကျွန်တော်တို့ ကစားခဲ့ရပါတယ်။ ဒီအခိုက်အတန့်ကို ခင်ဗျားတို့နဲ့အတူ မျှဝေခွင့်ရလို့ အရမ်းအရမ်း ပျော်ပါတယ်”လို့လည်း ပြောကြားခဲ့သည်။

ကာလို့စ် အယ်လ်ကာရက်ဇ် ဆုရယူပြီးပရိဿတ်များကိုပြသနေစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 69 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက