စပါးအသင်းဟာ နယ်သာလန်ယူ ၂၁ နောက်ခံလူ မစ်ကီဗန်ဒီဗန်နဲ့ အာဂျင်တီးနားယူ ၂၀ တိုက်စစ်မှူး အလီဂျိုဗယ်လစ်တို့ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဗန်ဒီဗန်ကို ဂျာမန်ကလပ် ၀ုဗ်ဘတ်အသင်းကနေ ပေါင် ၃၄ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး နောက်ထပ် ထပ်ဆောင်းငွေ ပေါင် ၁၅ သန်းကို နှစ်အလိုက် ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။



အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဗယ်လစ်ကိုတော့ ရိုဆာရီယိုစင်ထရယ်အသင်းကနေ ခေါ်ယူခဲ့တာပါ။
ဗယ်လစ်အတွက် ပေါင် ၁၃ သန်းသာပေးခဲ့ရတာဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ အဲဒီကစား သမား နှစ်ဦးစလုံးကို ၆ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးဟာ အခုနွေရာသီမှာ စပါးအသင်းခေါ်ယူခဲ့တဲ့ စတုတ္ထမြောက်နဲ့ ပဉ္စမမြောက် ကစားသမားသစ်တွေဖြစ်လာခဲ့ပါတယ်။
Era’sEye\SportNews