နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်

1027 Operations

1027 Operations Myanmar Politics

စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ထပ်မံကျင်းပ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။

ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို စစ်ကောင်စီက မနေ့ (နိုဝင်ဘာ ၈ ရက်) က နေပြည်တော်မှာ ထပ်မံပြုလုပ်လိုက်ပါတယ်။ အာဏာသိမ်းကာလအတွင်း သုံးကြိမ်မြောက် ပြုလုပ်လိုက်တာပါ။

အဲ့ဒီကာလုံအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌနဲ့အတူ အရင်ဒုတိယသမ္မတ လက်ရှိယာယီသမ္မတ ဦးမြင့်ဆွေ၊ NLD အစိုးရလက်ထက်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ NLD အစိုးရလက်ထက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားတဲ့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက လတ်တလောဖြစ်ပွားလျက်ရှိတဲ့ ရှမ်းမြောက်ပိုင်းဖြစ်စဉ်တွေနဲ့ ဆက်စပ်လျက်ရှိတဲ့ အခြေအနေတွေကို ပြောလိုက်ပြီး အောက်တိုဘာ ၂၇ ရက်တွင် လောက်ကိုင်ဒေသ၊ ချင်းရွှေဟော်ကို အဓိကထားပြီး MNDAA‌ အဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များတွင်လည်း ဦးဆောင်သူအနေနဲ့ ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင်က ဦးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

MNDAA အနေနဲ့ “ဝ” နယ်မြေအတွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင် ခဲ့တာလို့ ဆိုခဲ့ပြီး အဓိက အင်အားတွေကို အောက်တိုဘာ ၂၇ ရက်နေ့မှာ နမ့်တစ်တံတားကနေ ချင်းရွှေဟော်ကို အင်အားအလုံးအရင်းနဲ့ ဖြတ်ဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လောက်ကိုင်ဒေသနဲ့ ချင်းရွှေဟော်ဒေသရှိ လုံခြုံရေးစခန်းတွေဟာ စစ်ဆင်ရေးစခန်းတွေ မဟုတ်ဘဲ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ စခန်းတွေသာဖြစ်တယ်လို့ ဆိုပါတယ်။ MNDAA ဘက်က Drone တွေ အသုံးပြုခဲ့ပြီး Drop Bomb တွေ အများအပြားအသုံးပြုတိုက်ခိုက်ခဲ့၀တာလို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်မှာ MNDAA နဲ့အတူ KIA ၊ TNLA၊ AA နဲ့ PDF အဖွဲ့တွေ ပါဝင်ခဲ့တာကို တွေ့ရပြီး အဓိကအနေနဲ့ MNDAA နဲ့ TNLA အဖွဲ့က ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌက ပြောလိုက်ပါတယ်။

MNDAA ဘက်က တိုက်ခိုက်နေတဲ့အချိန် KIA ကလည်း ကချင်ပြည်နယ် အတွင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ စခန်းငယ်တစ်ခုကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီဘက်က တုန့်ပြန်မှုတွေ ပြုလုပ်ခဲ့ပြီး အခုအခါ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။ MNDAA အဖွဲ့ကို လိုအပ်တဲ့ ပြန်လည်တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မူဆယ်နဲ့ ချင်းရွှေဟော်ဒေဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ နယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ လမ်းကြောင်းဖြစ်တာကို MNDAA အနေနဲ့ သိရှိထားပြီး လာမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ကွမ်းလုံတံတားသစ် ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီလို အခြေအနေနဲ့ အချိန်အခါမှာ MNDAA က ဒီဒေသကို တိုက်ခိုက်လာတာဟာ များစွာသတိပြုသင့်တဲ့ အချက်ဖြစ်ပြီး ဒီဖြစ်စဉ်ဟာ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်ပွားနေချိန်အတွင်း ပွဲလန့် တုန်းဖျာခင်းတဲ့အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ အချို့နေရာများမှာ PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောလိုက်ပြီး အဲ့ဒီ လုပ်ဆောင်မှုတွေမှာ PDF အဖွဲ့တွေနဲ့အတူ KIA နဲ့ AA အဖွဲ့တို့လည်း ပါဝင်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်ဘေး ရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှမ်းမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေရဲ့ အခြေအနေ၊ စစ်ကောင်စီကနယ်မြေ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေတွေကို တင်ပြသွားတယ်လို့ ဆိုပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပွားနေတဲ့ နယ်စပ်ဒေသ သောင်းကျန်းသူများအရေးကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်အနေဖြင့် စွမ်းစွမ်းတမံ မဆောင်ရွက်ပါက တိုင်းပြည် အစိတ်စိတ် အမွှာမွှာကွဲသွားနိုင်ကြောင်း၊ အခုကိစ္စကို သေသေချာချာ စနစ်တကျ ကိုင်တွယ်သွားရန်လိုကြောင်း၊ အခုကဲ့သို့ တိုင်းပြည်အတွက် အရေးကြီးတဲ့ကာလမှာ တစ်နိုင်ငံလုံးက တပ်မတော်ကို ထောက်ခံအကူအညီပေးရန်လိုအပ်ကြောင်း၊ တပ်မတော်အနေနဲ့ အသက်စွန့် တာဝန် ထမ်းဆောင် ကာကွယ်နိုင်ခဲ့တဲ့အတွက် အခုလို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရရှိနေခြင်းဖြစ်ကြောင်း ပြောကြားသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

တအာင်းပြည်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၂၇)ဦးသေဆုံးပြီး (၈၂)ဦးထိခိုက်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 43 Views
ဩဂုတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ တအာင်းဒေသရှိ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ကြဲချပစ်ခတ်တာကြောင့် အရပ်သားပြည်သူ
1027 Operations

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 39 Views
ဩဂုတ်လ (၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မိုးကုတ်မြို့အနောက်ပိုင်း လူနေရပ်ကွက်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ
1027 Operations

နောင်ချိုတိုက်ပွဲ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ဖို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 49 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလပိုင်းကစပြီး အခုလလယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ထဲနဲ့ အနီးရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့
1027 Operations

နောင်ချိုမြို့ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်လော်ဘီတွေပြောနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 49 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်တပ်‌ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ပြောဆိုနေကြတယ်လို့ သိရပါတယ်။ နောင်ချိုမြို့ တမြို့လုံးနီးပါးအထိကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဆိုတာကို စစ်လော်ဘီချန်နယ်တွေက သတင်းဓါတ်ပုံတွေနဲ့အတူ ဖော်ပြထားကြပါတယ်။ “
1027 Operations

မိုးကုတ်မြို့ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်၊ ကလေးငယ် (၂)ဦးအပါအဝင် (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 47 Views
ဇူလိုင်လ (၁၄)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန် မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
1027 Operations

တရက်ထဲ နောင်ချိုမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးအပါအဝင် လက်နက်ကြီး စုစုပေါင်း (၁၀၀)နီးပါး တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
ဇွန်လ (၂၆)ရက်။ မနေ့က တရက်ထဲ နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာက နောင်ချိုမြို့ရှိ
1027 Operations

တအာင်းပြည်မှာ DPLF/DPLA ရဲ့ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်တဲ့အခမ်းအနား ပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 71 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၁)ရက်နေ့က တအာင်းပြည်တနေရာမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သင်တန်းထဲ ဓနုဒေသထဲရှိ ပြည်သူတွေကို ကာကွယ်နိုင်ဖို့၊ ရန်သူကို အမြဲသတိထားတတ်စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေဖို့တို့ကို
1027 Operations

မိုးမိတ်မြို့မှာ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 77 Views
ဇွန်လ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA က စစ်ကြောင်းထွက်ကင်းလှည့်နေတဲ့အချိန်