၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။
တအာင်းပြည်နယ် တပ်မဟာ(၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ (၇) ရက်နေ့ နေ့လယ် (၁၁) နာရီ (၃၅) မိနစ်ဝန်းကျင်မှာ တအာင်းတပ်မတော် (PSLF/TNLA) နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး၊ ရဲ (၃) ဦးတို့ကို အရှင်ဖမ်းဆီးရမိပြီး 60/80 MM လက်နက်ကြီးအပါအဝင်၊ လက်နက် ( ၁၀ ) လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က သတင်းထုတ်ပြန်ထားပါတယ်။
တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြိုနယ် စစ်ကောင်စီ ခိုမုန်း(မန်နား)တပ်စခန်းကို ဒီဇင်ဘာ (၇) ရက်နေ့ ညနေ (၄) နာရီ မိနစ် (၃၀) ဝန်းကျင်မှာ တအာင်းတပ်မတော် (PSLF/TNLA) မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခု တပ်စခန်း (၂) ခုအပါအဝင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာလ (၈) ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃) ခုကို ရှင်းလင်း သိမ်းပိုက်ပိုက်ထားတယ်လို့ သိရပါတယ်။