နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ

အရှေ့တီမော၏ လွတ်လပ်ရေးသူရဲကောင်းသည် ဝန်ကြီးချုပ်အဖြစ် အာဏာပြန်ရလာသည်

ဒီလီ၊ အရှေ့တီမော (AP) – အရှေ့တီမော လွတ်လပ်ရေး ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဇီနာနာ ဂပ်စ်မို (Xanana Gusmao) သည် မေလက ပါလီမန် ရွေးကောက်ပွဲတွင် ၎င်း၏ ပါတီက အနိုင်ရရှိခဲ့ပြီးနောက် အာရှတွင် သက်တမ်း အငယ်ဆုံး နိုင်ငံတခု၏ ဝန်ကြီးချုပ်အဖြစ် စနေနေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

သူနှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များ မြို့တော် ဒီလီရှိ သမ္မတအိမ်တော်သို့ အင်ဒိုနီးရှား သိမ်းပိုက်ခံထားရမှုမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရာတွင် သူနှင့်အတူ တိုက်ဖော် ရဲဘော်ရဲဖက်တဦးဖြစ်သူ သမ္မတရာမိုစ့်၏ အရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုရန် မော်တော်ယဉ်ဖြင့် လိုက်ပါလာသည့် ယခင်ပြောက်ကျားခေါင်းဆောင်ဟောင်း ဇီနာနာဂပ်စ်မိုအား ပြည်သူများက ရွှင်မြူးစွာ လမ်းတွင် အားပေးကြိုဆိုခဲ့ကြသည်။ အစိုးရသစ်သည် CNRT ဟု လူသိများသော အရှေ့တီမော ပြန်လည်တည်ဆောက်ရေး Gusmao ၏ အမျိုးသားကွန်ဂရက်နှင့် ဒီမိုကရက်တစ်ပါတီတို့အကြား ညွန့်ပေါင်းအဖွဲ့ဖြစ်သည်။


အသက် ၇၇ နှစ်အရွယ် ဂပ်စ်မိုသည် ၂၀၀၂ မှ ၂၀၀၇ ခုနှစ်အတွင်း နိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်လာခဲ့ပြီး ၂၀၀၇ နှင့် ၂၀၁၅ ခုနှစ်ကြားတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မေလရွေးကောက်ပွဲတွင် ၎င်း၏ပါတီသည် အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ် ၆၅ နေရာအနက် ၃၁ နေရာ အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၄၁% အနိုင်ရရှိခဲ့သည်။ ၎င်းသည် အပြတ်အသတ် အများစု ဖြစ်ရန်အတွက် ၃၃ နေရာပြည့်ရန် (၂) နေရာ လိုအပ်နေခဲ့သည့်အတွက် ဂပ်စ်မိုသည် ထိုင်ခုံခြောက်နေရာ အနိုင်ရသည့် ဒီမိုကရက်တစ်ပါတီနှင့် အစိုးရဖွဲ့ရန် သဘောတူညီခဲ့သည်။


ရွေးကောက်ပွဲရလဒ်သည် ဖရီတီလင် (Fretilin) ဟု လူသိများသော လွတ်လပ်သော အရှေ့တီမောအတွက် တော်လှန်ရေးတပ်ဦး ဦးဆောင်သည့် ယခင်အစိုးရအပေါ် မကျေနပ်ချက်များစွာကို ညွှန်ပြနေသည်။ ဂပ်စ်မိုသည် နိုင်ငံ၏ ခန့်မှန်းခြေ လူဦးရေ ၁.၅ သန်း၏ ၄၂% နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်၌ နေထိုင်နေသောကြောင့် စီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင် နေရသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ နိုင်ငံအတွင်း မွေးကင်းစ ကလေးငယ် ၁၀၀၀ လျှင် ၄၂ ဦးသည် အာဟာရချို့တဲ့မှုကြောင့် ၎င်းတို့၏ ငါးနှစ်မြောက်မွေးနေ့မတိုင်မီ သေဆုံးခဲ့ကြရသည်။


ဂပ်စ်မိုသည် ၎င်းအစိုးရ၏ မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဖြင့် ဆင်းရဲမွဲတေမှုကို လျှော့ချရန် ကတိပြုခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေး အရေးကြီးကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ “ပြည်သူတွေ အပ်နှင်းထားတဲ့ တာဝန်တွေကို ထမ်းဆောင်ပြီး အစိုးရအစီအစဉ်တွေကနေတဆင့် တီမောပြည်သူတွေ ချမ်းသာလာစေဖို့ ကတိပေးပါတယ်” ဟု ကျမ်းသစ္စာကျိန်ဆိုပွဲ၌ ဂပ်စ်မို က ပြောကြားခဲ့သည်။ မိခင်နှင့် ကလေးများအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရေးအပါအဝင် ၎င်းတို့၏ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ရေးဆွဲရန် ဒေသဆိုင်ရာ အစိုးရများအတွက် အခွင့်အလမ်းများ ပေးအပ်သွားမည်ဟု ကတိပြုခဲ့သည်။


ဖွင့်ပွဲအခမ်းအနားသို့ အင်ဒိုနီးရှားသမ္မတ ဂျိုးကိုဝီဒိုဒို (Joko Widodo) ၏ အထူးကိုယ်စားလှယ်၊ ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေး ဝန်ကြီးလူ ဟတ် ဘင်ဆာ ပန်ဂျတန် (Luhut Binsar Pandjaitan) လည်း တက်ရောက်ခဲ့သည်။ နိုင်ငံတွင် သိသာထင်ရှားသော ငယ်ရွယ်သူ ဦးရေ ရှိပြီး ၆၅ ရာခိုင်နှုန်းသည် အသက် ၃၀ အောက်ဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင်လည်း ပါဝင်သည်။ ၂၀၀၂ ခုနှစ်တွင် တရားဝင်လွတ်လပ်ရေးရရှိပြီးနောက် ဆယ်စုနှစ် နှစ်ခုကျော်ကြာ၊ ကျေးလက်ဒေသများတွင် ယုံကြည်စိတ်ချရသော လျှပ်စစ် မီးပေးအပ်နိုင်မှုနှင့် ကျေးလက်များ သွားလာဆက်သွယ်နိုင်ရန် လမ်းများခင်းခြင်း အပါအဝင် အခြေခံအဆောက်အအုံများ နည်းပါး နေခဲ့သည်။


“ သူ့မှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အရည်အချင်းရှိပြီး ကြွယ်ဝတဲ့ အတွေ့အကြုံ ရှိပါတယ်” ဟု ဒီလီမြို့ခံ ဂျိုအာအို သြဂတ်စ်တီနို (Joao Agustino Sarmento) က ဂပ်စ်မို နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ “ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ရင်ဆိုင်နေရဆဲဖြစ်တဲ့ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့တွေကို ကျော်လွှားနိုင်ဖို့ သူ့အစိုးရသစ်နဲ့ ပိုပြီး သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ လုပ်လာတာကို ကျွန်တော်တို့ မြင်ချင် ပါတယ်။” ဟု သူက ဆိုသည်။


အရှေ့တီမော၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် ခက်ခဲနေပြီး ခေါင်းဆောင်များသည် ကြီးမားသော ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့နှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်နေရသည်။ နိုင်ငံ့စီးပွားရေးသည် လျော့နည်းလာနေသည့် ကမ်းလွန်ရေနံဝင်ငွေအပေါ်တွင် မှီခို နေရပါသည်။


NIKKEI Asia ၏ “East Timor’s independence hero returns to power as prime minister” သတင်းကို ခေတ်မျက်လုံးက ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 11 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက်
ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 37 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post-
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 36 Views
ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒုတိယစစ်ဒေသက ထုတ်ပြန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ အင်္ဂါနေ့ ချောင်အန်မာ (Chong An Ma) ဧရိယာတွင်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ကမ္ဘောဒီးယား၏ “ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” စွပ်စွဲချက်များမှာ အထောက်အထားမဲ့ လုပ်ကြံဖန်တီးမှုများသာဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 34 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ကမ္ဘောဒီးယားဘက်မှ စွပ်စွဲချက်များဖြစ်သည့် “ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” ကျူးလွန်သည်ဆိုသော အချက်အလက်များမှာ အထောက်အထားမရှိဘဲ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်းနှင့် အချက်အလက်ကို အခြေခံသည့် နှစ်နိုင်ငံဆွေးနွေးပွဲများသို့ ပြန်လည်ဦးတည်ရန် ထိုင်းတော်ဝင်စစ်တပ်က
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 59 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

“အနုတင်” က အန်ဝါက ယနေ့ည ၁၀ နာရီတွင် တိုက်ပွဲရပ်ရန် တောင်းဆိုပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရှိကြောင်း အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 49 Views
နေးရှင်းသတင်းစာ – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ဝန်ကြီးချုပ်က မည်သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မဆို အခြားနိုင်ငံ ခေါင်းဆောင် ၏ ဖိအားပေးမှုမှ မဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံမှ တိုက်ရိုက် လာရမည်ဖြစ်ကြောင်း အလေးအနက်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းလေတပ် F-16 ဂျက်လေယာဉ်များက ကမ္ဘောဒီးယားစစ်တပ်အခြေစိုက်စခန်းအဖြစ် အသုံးပြုသည့် “ချိုင်ချမ်နီယာ” တံတားနှင့် ကာစီနိုအား ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 56 Views
နေးရှင်းသတင်းစာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ထိုင်းနိုင်ငံမှ F-16 ဂျက်လေယာဉ်များက ထိုင်းနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်ရန် အသုံးပြုသည့် လမ်းကြောင်းများနှင့် ကွပ်ကဲမှုဗဟိုဌာနများကို ထိမှန်စေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ ပူရဆတ် (Pursat) ရှိ “
ကမ္ဘောဒီးယား ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထရမ့်၏ အပစ်ရပ်စဲရေး တောင်းဆိုမှု ထွက်ပေါ်ပြီး နာရီပိုင်းအကြာတွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကတိပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 38 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက် ဘန်ကောက်၊  ရိုက်တာသတင်း — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပစ်အခတ်ရပ်စဲရေးကို ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာတွင် တိုက်လေယာဉ်များက ပစ်မှတ်များ ကို စနေနေ့တွင် တိုက်ခိုက်နေချိန်၌ ထိုင်းခေါင်းဆောင်က