နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက် ရှိနေကြောင်း အသိအမှတ်ပြုလိုက်ပြီး၊ People’s Party ကမူ အနိုင်ရရှိသည့်ပါတီကိုသာ ညွန့်ပေါင်းအစိုးရဖွဲ့ခွင့်ပေးကာ ၎င်းတို့အနေဖြင့် အတိုက်အခံအဖြစ်သာ နေသွားမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ည မဲရေတွက်မှုများ ဆက်လက်လုပ်ဆောင်နေချိန်တွင် ယာယီဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) ၏ ဘုမ်ဂျပ်ထိုင်း (Bhumjaithai) ပါတီ (BJT) သည် သောင့်သက်သာရှိသော အနေအထားဖြင့် အသာစီးရရှိနေပြီး၊ ပြိုင်ဘက် People’s Party ခေါင်းဆောင်ကမူ ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အနိုင်မရနိုင်တော့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ည ၉ နာရီ ၅၄ မိနစ်အထိ ရွေးကောက်ပွဲကော်မရှင် (EC) ၏ ရလဒ်ပြဘုတ် (Dashboard) အရ ဘုမ်ဂျပ်ထိုင်း ပါတီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ်နေရာ ၁၇၈ နေရာဖြင့် အနိုင်ရရန် အလားအလာရှိနေပြီး၊ ၎င်းနောက်တွင် People’s Party က ၇၀ နေရာ၊ Pheu Thai က ၆၇ နေရာနှင့် Klatham ပါတီက ၅၉ နေရာတို့ဖြင့် အစဉ်လိုက် ရှိနေကြသည်။ ထိုအချိန်တွင် မဲရေတွက်မှု ၃၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

ပါတီဝင်အလိုက် (Party-list) မဲရေတွက်မှုတွင်မူ People’s Party က မဲအရေအတွက် ၂.၁၆ သန်းဖြင့် ဦးဆောင်နေပြီး၊ ဘုမ်ဂျပ်ထိုင်း က ၁.၆၆ သန်းနှင့် Pheu Thai က ၁.၅၄ သန်း အသီးသီး ရရှိထားကြသည်။

ဘုမ်ဂျပ်ထိုင်း ပါတီမှ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ၎င်းတို့ပါတီသည် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရန် အလားအလာအရှိဆုံးဖြစ်ပြီး၊ ၎င်းနောက်တွင် People’s Party၊ ဖွေထိုင်း(Pheu Thai) နှင့် ခေါင်းဆောင် နာရူမွန် ပင်ယိုဆင်ဝပ် (Narumon Pinyosinwat) နှင့် အတွင်းရေးမှူးချုပ် သာမနပ် ပရွန်ဖောင် (Thamanat Prompow) တို့ ဦးဆောင်သည့် ကလက်သမ် (Klatham) ပါတီတို့ အစဉ်လိုက် ရှိနေကြောင်း သိရသည်။

အစောပိုင်းထွက်ပေါ်လာသော ရလဒ်များအရ ဘုမ်ဂျပ်ထိုင်း ၊ ဖွေထိုင်း နှင့်ကလက်သမ် (Klatham) ပါတီတို့ ပူးပေါင်းကာ အမတ်နေရာ ၃၀၀ ကျော်ဖြင့် ခိုင်မာသော အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းနိုင်ဖွယ် ရှိနေသည်။

ဘုမ်ဂျပ်ထိုင်း ခေါင်းဆောင် အနူတင်က အစောပိုင်း အချက်အလက်များအရ ၎င်း၏ အာဏာရပါတီသည် ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိနိုင်ခြေရှိကြောင်း တနင်္ဂနွေနေ့ညတွင် ပြောကြားခဲ့သည်။

မစ္စတာ အနူတင်က မဲတစ်ပြားချင်းစီအတွက် ကျေးဇူးတင်ရှိကြောင်း၊ ဘုမ်ဂျပ်ထိုင်း ပါတီအပေါ် ထားရှိသည့် ယုံကြည်မှုကို လက်ခံကြောင်းနှင့် ထိုင်းပြည်သူအားလုံးကို အလုပ်အကျွေးပြုသွားမည်ဟု ကတိပြုကြောင်း ပြောဆိုခဲ့သည်။

People’s Party ခေါင်းဆောင် နတ်သဖုန်း ရွန်ပန်ညာဝပ် (Natthaphong Ruengpanyawut) ကမူ ၎င်းတို့ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရန် မဖြစ်နိုင်တော့ကြောင်း ဝန်ခံခဲ့ပြီး အနိုင်ရသည့်ပါတီကိုသာ အစိုးရဖွဲ့ခွင့် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အတိုက်အခံအဖြစ်ပဲ နေသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နောက်တက် လာမယ့် အစိုးရကို ဘုမ်ဂျပ်ထိုင်း က ဦးဆောင်မယ်ဆိုရင် ကျွန်တော် မဲပေးမှာမဟုတ်ဘူးလို့ အရင်ကတည်းက ပြောထားပြီးသားမို့လို့ပါ” ဟု ၎င်းက ဆိုသည်။

ဘုမ်ဂျပ်ထိုင်းပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူးလ် အောင်ပွဲခံနေစဥ် (ပုံ)

အနူတင် ချန်ဗီရာကူးလ်၏သတင်းစာရှင်းလင်းပွဲ (ပုံ)

People’s Party ခေါင်းဆောင် နတ်သဖုန်း ရွန်ပန်ညာဝပ် (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 20 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး