နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်

လက်တင်အမေရိက

လက်တင်အမေရိက အရှေ့တောင်အာရှ အာရှ

နယူးဒေလီမှာ ကမ္ဘာ့ခေါင်းဆောင်များအား ကာဒီပဝါလက်ဆောင်ပေးရန် မိုဒီက ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲ။

ကမ္ဘာ့စင်မြင့်ပေါ်တွင် နိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုကို မီးမောင်းထိုးပြရန် ရည်ရွယ်၍ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဆုံးဖြတ်ပြီး လုပ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံပေါင်း ၂၀ (G20) မှ ခေါင်းဆောင်များသည် ၁၉၄၈ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော အိန္ဒိယနိုင်ငံ၏ ချစ်လှစွာသော လွတ်လပ်ရေးဖခင် မဟတ္တမဂန္ဒီ၏ အကြမ်းမဖက်တော်လှန်ရေး လှုပ်ရှားမှု၏ အဓိကသင်္ကေတဖြစ်သော ကာဒီပဝါများကို တက်ရောက်လာသည့် ဧည့်သည်များအား လက်ဆောင်အဖြစ်ပေးအပ်ပြီး ကြိုဆိုခဲ့ကြသည်။ ထိုကာဒီပဝါများသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးကို ရအောင်စွမ်းဆောင်နိုင်ခဲ့သည့် ဂန္ဒီကြီး၏အမှတ်အသားတခုဖြစ်သည်။


ဂူဂျာရတ်ပြည်နယ် Sabarmati Ashram ၏ ကြီးမားသော နောက်ခံမြင်ကွင်းရှေ့တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်အတူ အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဆူနက်ခ်တို့အပါအဝင် ခေါင်းဆောင်များ၏ လည်ပင်းတစ်ဝိုက်တွင် လက်လုပ် အဝါရောင် ချည်ထည်ပဝါများကို ဝတ်ဆင်ထားသည်ကို မြင်တွေ့ခဲ့ရသည်။

ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်ခြင်း၏ ကမ္ဘာလုံးဆိုင်ရာ ပြယုဂ်ဖြစ်လာသူ မဟတ္တမဂန္ဒီအတွက် ကာဒီပဝါများသည် မိမိကိုယ်မိမိ အားကိုးခြင်း၏ သင်္ကေတဖြစ်ပြီး အိန္ဒိယအပေါ်ဗြိတိသျှက ကိုလိုနီပြုပြီး အုပ်ချုပ်မှုကို အိန္ဒိယလူမျိုးများက ပြည်ပမှ တင်သွင်းလာသော သို့မဟုတ် ဗြိတိန်လုပ် ထုတ်ကုန်များကို သပိတ်မှောက်သည့် လှုပ်ရှားမှု ဖြစ်သည်။

အိန္ဒိယလူမျိုးများသည် ၎င်းတို့၏ စက်မှုလုပ်ငန်း အလားအလာကို ကြီးထွားအောင် စွမ်းဆောင်နိုင်စွမ်းရှိကြောင်း ပြသခဲ့ပြီး ယခင်က ကိုလိုနီခေတ် အုပ်ချုပ်သူများအပေါ် မှီခိုမှုကင်းလွတ်စေကာ တိုင်းပြည်ကို လွတ်မြောက်စေခဲ့သည်။ ဂန္ဒီသည် နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး လွတ်မြောက်ရေးကို သင်္ကေတပြုသည့် ကိရိယာတစ်ခုဖြစ်သည့် ချာကာ သို့မဟုတ် ရစ်ဘီးပေါ်တွင် ၎င်း၏ကိုယ်ပိုင် ကာဒီအဝတ်အစားများကို မကြာခဏ ကိုယ်တိုင် ယက်လုပ်လေ့ရှိသည်။

တနင်္ဂနွေနေ့တွင် Rajghat တွင် ကမ္ဘာ့ခေါင်းဆောင်များသည် ဂန္ဒီ၏မီးသင်္ဂြိုဟ်ခြင်းကို အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသော မြင့်မားသော စကျင်ကျောက် ပလက်ဖောင်းတစ်ခုရှေ့တွင် လည်ပင်းပတ်ထားသော ပဝါများနှင့်အတူ ငြိမ်သက်စွာ စုရုံးခဲ့ကြသည်။ “ မတူကွဲပြားသောနိုင်ငံများ ပေါင်းစည်းလာသည်နှင့်အမျှ ဂန္ဒီကြီး၏ ဆက်လက်ရှင်သန်နေသော အတွေးအခေါ်များသည် အားလုံးပါဝင်သည့် သာယာဝပြောသော ကမ္ဘာ့အနာဂတ်အတွက် ကျွန်ုပ်တို့၏ စုပေါင်းအမြင်ကို လမ်းညွှန်ပေးပါသည်” ဟု မိုဒီသည် ယခင်က Twitter ဟုလူသိများသော X တွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင်
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 68 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 48 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက် ရှိနေကြောင်း အသိအမှတ်ပြုလိုက်ပြီး၊ People’s Party ကမူ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 94 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) တွင် ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 176 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်၏ စက်ရုပ်အားကစား ရူးသွပ်မှုမှတစ်ဆင့် လူသားတူစက်ရုပ်များ အိမ်တွင်းသို့ ရောက်ရှိလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 186 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ပေကျင်းမြို့ဆင်ခြေဖုံးရှိ မိုးလုံလေလုံ ဘောလုံးကွင်းတစ်ခုတွင် လူငယ်လုပ်ငန်းရှင် Cheng Hao တစ်ယောက် ထိုင်နေသည်။ သို့သော် ဤကွင်းသည် လူသားများအတွက်မဟုတ်ဘဲ သူ၏ “
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 91 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက် ကြောင်း ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် စနေနေ့က ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးသည် တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုအားလုံးကို
ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 105 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက် သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း