နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်

1027 Operations

1027 Operations Burma Civil War

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ကိုးကန့်ခရိုင်၊ရှောက်ပယ်အိုင်နှင့် ဟဲ့ဟုတ်တောင်ရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။

နိုဝင်ဘာလ ၉ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး (၁၄)ရက်နေ့မြောက်မှာ ကိုးကန့် (MNDAA) နဲ့ မဟာမိတ်အဖွဲ့တို့ ပူးတွဲပြီး ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ တာရွှေထန်အုပ်စု၊ နန်ကော်ရွာကနေ ဖုန်းချွေရှမ်နေရာအကြား ရှောက်ပယ်အိုင်နေရာမှာရှိတဲ့ စစ်ကောင်စီစခန်းနဲ့ ကိုးကန့်တုန်းရှမ်းဒေသ၊ ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်စခန်းတွေကိုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက် (၅) နာရီမှာ ကိုးကန့် (MNDAA) နဲ့ မဟာမိတ်အဖွဲ့တို့ဟာ ရှောက်ပယ်အိုင်နေရာရှိ စစ်ကောင်စီစခန်းကို စတင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီရဲ့လေကြောင်းပစ်ကူမှုအောက်မှာ မနက် (၇) နာရီ မိနစ် (၂၀) အချိန်မှာ အဲ့ဒီစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းကို သိမ်းပိုက်ပြီးနောက် ကိုးကန့် (MNDAA) နဲ့ မဟာမိတ်အဖွဲ့တို့ ဖုန်းချွေရှမ်နေရာဘက်ကို ဆက်လက်ချီတက်ခဲ့ရာ ဟွာရှိပန်ဘက်က မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့စစ်ကား (၂) စီးကို ကိုးကန့် (MNDAA) နဲ့ မဟာမိတ်အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီ စစ်ကား (၂) စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီရဲ့ ရုပ်သေးအဖွဲ့ဝင်တွေကိုလည်း ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ကိုးကန့် (MNDAA) နဲ့ မဟာမိတ်အဖွဲ့တို့ဟာ ကိုးကန့် တုန်ရှမ်းဒေသ၊ ရှီယွင်ကြည်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ တပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနက် (၄) နာရီကစတင်ပြီး ဟဲ့ဟုတ်တောင်ရှိ စစ်ကောင်စီစခန်းကို ဗုံးကြဲပစ်ခတ်ပြီး မနက် (၆) နာရီ (၂၅) မိနစ်မှာ ခြေလျင်တပ်နဲ့ စတင်ချီတက်ခဲ့ပြီး မနက် (၈) နာရီမှာ ဗျူဟာကုန်းရဲ့ အနောက်ဘက်တောင်ကုန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မနက် (၉) နာရီအချိန်မှာ ဟဲ့ဟုတ်တောင်ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကာ မနက် (၉) နာရီ မိနစ် (၅၀) မှာ ဟဲ့ဟုတ်တောင်ရဲ့ အဓိကတပ်စခန်းကို သိမ်းယူလိုက်ပြီး နေ့လည် (၁၂) နာရီ မိနစ် (၂၀)နာရီမှာ အရံတပ်စခန်ကိုလည်းအပြီးသိမ်းပိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ဟာ စစ်ကောင်စီ တပ်စခန်း (၁၂၈) ခုကို အောင်မြင်စွာ သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

တရက်ထဲ နောင်ချိုမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးအပါအဝင် လက်နက်ကြီး စုစုပေါင်း (၁၀၀)နီးပါး တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 38 Views
ဇွန်လ (၂၆)ရက်။ မနေ့က တရက်ထဲ နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး
1027 Operations

တအာင်းပြည်မှာ DPLF/DPLA ရဲ့ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်တဲ့အခမ်းအနား ပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 37 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၁)ရက်နေ့က တအာင်းပြည်တနေရာမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1027 Operations

မိုးမိတ်မြို့မှာ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 40 Views
ဇွန်လ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA က စစ်ကြောင်းထွက်ကင်းလှည့်နေတဲ့အချိန်
1027 Operations

နောင်ချိုမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 34 Views
ဇွန်လ (၂၁)ရက်။ နောင်ချိုမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်ချိုမြို့ရှိ လက်ပံကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် လူသားစာနာမှုဆိုင်ရာ အပစ်ရပ်စဲတာကို ဧပြီလနဲ့ မေလတို့မှာ
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်းတာလို့ TNLA ပြော

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 98 Views
မေလ (၂၃)ရက်။ နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်တာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ် အုမ္မတီး၊ အုမ္မခါး စတဲ့ ကျေးရွာတွေဟာ အခုအခါ စစ်ကောင်စီတပ်နဲ့ TNLA
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 99 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 103 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်