နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး အရှေ့တောင်အာရှ

ထိုင်းနှင့် မလေးရှား ခေါင်းဆောင်များက နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရန် သဘောတူညီ

တောင်ပိုင်းသူပုန်များနှင့် ဘန်ကောက်၏ ဆွေးနွေးပွဲများကို အဆင်ပြေချောမွေ့စေရန် အန်ဝါက အကောင်းမြင်သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်အတူ ဘန်ကောက်တွင် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်သည်။ ယခုအကြိမ်သည် နိုဝင်ဘာလတွင် အန်ဝါ တာဝန်ယူပြီးနောက် ခေါင်းဆောင်များနှင့် ပထမဆုံးတွေ့ဆုံမှု ဖြစ်သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့သည် ကြာသပတေးနေ့တွင် ၎င်းတို့၏ ပထမဆုံးထိပ်သီးအစည်းအဝေးအတွင်း နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။ မလေးရှားနှင့် ထိုင်းတို့သည် ၂၀၂၅ ခုနှစ်တွင် နှစ်စဉ်ကုန်သွယ်မှုဒေါ်လာ ၃၀ ဘီလီယံအထိ တိုးချဲ့ရန် ရည်မှန်းထားသည်။ အန်ဝါအီဘရာဟင် နှင့် ပရာယွတ်တို့သည် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
အိမ်နီးချင်းနှစ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာသစ်များ ဖွံ့ဖြိုးတိုးတက်ရေးအပြင် စီးပွားရေး ဒစ်ဂျစ်တယ် စနစ်ဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပရာယွတ်က တွေ့ဆုံမှုသည် အနာဂတ်တွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန် ရလဒ်ကောင်းများ ထွက်ပေါ်လာကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ မွတ်ဆလင် ခွဲထွက်ရေး သူပုန်ထမှု နှင့်ပတ်သက်၍ စေ့စပ်ညှိနှိုင်းပေးသည့် အနေဖြင့် မလေးရှားနိုင်ငံသည် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေး ရှေ့သို့ တိုးတက် ရွေ့လျားနိုင်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်မည်ဟု ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ သူပုန်များနှင့် ထိုင်းအစိုးရတို့ကြား ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက် ကွာလာလမ်ပူတွင် ပြန်လည်စတင်ရန် စီစဉ်ထားသည်။

ထိပ်သီးဆွေးနွေးပွဲမတိုင်မီ မလေးရှားစေ့စပ်ညှိနှိုင်းရေးမှူးတစ်ဦးသည် ထိုင်းနိုင်ငံသို့ ယခုလအစောပိုင်းက လာရောက်ခဲ့သည်။ အန်ဝါသည် ကြာသပတေးနေ့တွင် ပြဿနာ၏ အဖြေကို ရှာဖွေခြင်းနှင့် ပတ်သက်၍ “ အကောင်းမြင်သည်” ဟု ပြောကြားခဲ့သည်။ အန်ဝါနှင့် ပရာယွတ်တို့သည် မြန်မာနိုင်ငံ၏ အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ “မြန်မာစစ်တပ်ရဲ့ အပြုသဘောဆောင်တဲ့ ပါဝင်ပတ်သက်မှုရဲ့ အရေးပါမှုကို ဆွေးနွေးခဲ့ကြတယ်” ဟု အန်ဝါက ပြောခဲ့သည်။ အန်ဝါသည် နိုဝင်ဘာလတွင် ရာထူးတက်လာသည်။ သူသည် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် စင်ကာပူနိုင်ငံများရှိ ခေါင်းဆောင်များနှင့် ယခင်က တွေ့ဆုံခဲ့ဖူးသည်။

ဖေဖော်ါရီလ ၁၀ ရက် နေ့ Nikkei သတင်းတွင်ဖော်ပြသော “ Thailand, Malaysia leaders agree to bolster bilateral trade” ကို Era’s Eyes မှ ဘာသာပြန်သည် ။

ဓာတ်ပုံ၊ © ရိုက်တာ KOSUKE INOUE၊ Nikkei

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 49 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 95 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 97 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက် ကြောင်း ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် စနေနေ့က ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးသည် တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုအားလုံးကို
ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 105 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက် သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 114 Views
ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒုတိယစစ်ဒေသက ထုတ်ပြန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ အင်္ဂါနေ့ ချောင်အန်မာ (Chong An Ma) ဧရိယာတွင်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ကမ္ဘောဒီးယား၏ “ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” စွပ်စွဲချက်များမှာ အထောက်အထားမဲ့ လုပ်ကြံဖန်တီးမှုများသာဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 102 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ကမ္ဘောဒီးယားဘက်မှ စွပ်စွဲချက်များဖြစ်သည့် “ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” ကျူးလွန်သည်ဆိုသော အချက်အလက်များမှာ အထောက်အထားမရှိဘဲ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်းနှင့် အချက်အလက်ကို အခြေခံသည့် နှစ်နိုင်ငံဆွေးနွေးပွဲများသို့ ပြန်လည်ဦးတည်ရန် ထိုင်းတော်ဝင်စစ်တပ်က
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 117 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

“အနုတင်” က အန်ဝါက ယနေ့ည ၁၀ နာရီတွင် တိုက်ပွဲရပ်ရန် တောင်းဆိုပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရှိကြောင်း အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 118 Views
နေးရှင်းသတင်းစာ – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ဝန်ကြီးချုပ်က မည်သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မဆို အခြားနိုင်ငံ ခေါင်းဆောင် ၏ ဖိအားပေးမှုမှ မဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံမှ တိုက်ရိုက် လာရမည်ဖြစ်ကြောင်း အလေးအနက်