နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသား ညီညွတ်ရေး အစိုးရကို ဂျပန်နိုင်ငံအပါအဝင် မည်သည့်နိုင်ငံများကမှ အတိအလင်း အသိအမှတ် မပြုသေးသလိုလက်နက်ခဲယမ်းကိစ္စအတွက် NUG အနေနဲ့ စိန်ခေါ်မှုတွေရှိနေဆဲဟု ကာကွယ်‌ရေးဝန်ကြီး‌ ဦးရည်မွန် ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးရည်မွန်နဲ့ အာဆာဟိရှင်ဘွန်း သတင်းစာ (Asahi Shimbun) တို့ ဖေဖော်ဝါရီ (၂) ရက်မှာ စာနဲ့တဆင့် အင်တာဗျူး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအင်တာဗျူးမှာ ကာကွယ်ရေးဝန်ကြီး ဉီးရည်မွန်က နိုင်ငံ့နေရာအနှံ့အပြားမှ လူငယ်များပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို တပ်ရင်းပေါင်း (၃၀၀) ကျော်နဲ့ ဖွဲ့စည်းထားရှိပြီး ပြည်သူ့စစ်တာဝန်ယူကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း တနိုင်ငံလုံးမှာ ဖြန့်ကျက်ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ပြောကြားပါတယ်။ ဒါပေမယ့် လက်နက်ခဲယမ်းကိစ္စနဲ့ ပတ်သက်လို့တော့ စိန်ခေါ်မှုတွေရှိနေဆဲ ပဲလို့ ဦးရည်မွန်က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိအနေအထားအရ အထူးသဖြင့် စစ်ကိုင်းတိုင်း (အနောက်မြောက်ပိုင်း) နဲ့ မကွေးတိုင်း (အလယ်ပိုင်း) က ကျေးရွာတွေကို NUG ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အခိုင်အမာ ချုပ်ကိုင်ထားနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အမျိုးသားညီညွတ် ရေးအစိုးရမှာ လေကြောင်းရန် ကာကွယ်ရေး အတွက်ထိရောက်တဲ့ လက်နက်ပစ္စည်း မရှိတာကြောင့် စစ်တပ်ရဲ့ လေ ကြောင်း တိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး ဒီလေတပ်ဟာ သူတို့ အတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက အဲဒီ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရကို လောလောဆယ်မှာ ဂျပန်နိုင်ငံအပါအဝင် အခြား မည်သည့်နိုင်ငံကမှ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုခြင်း မရှိသေးပါဘူးလို့ သူက ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ဟာ မြန်မာပြည်သူလူထုကို ကိုယ်စားမပြုသလို နယ်မြေ တွေကိုလည်း ထိန်းချုပ်စိုးမိုးနိုင်မှု မရှိတော့ပါဘူး လို့ (ဦး) ရည်မွန်က ပြောပါတယ်။

ပြည်သူက လက်မခံတဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲဟာ ဘယ်လို အကြောင်းနဲ့မှ အောင်မြင်နိုင်စရာလည်း မရှိတဲ့အတွက် စစ်တပ်ရဲ့ ထုံးစံအတိုင်း လိမ်ညာလှည့်စားတဲ့ အချက်အလက် အလွဲအမှားတွေနဲ့ ရွေးကောက်ပွဲ ကျင်းပပြီးကြောင်း ထုတ်ပြန်ကြေညာတာမျိုး လုပ်ဆောင်လာမှာဖြစ်တယ်လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ဒီအတွက်လည်း ကျွန်တော်တို့ဘက်က အစစကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့တယ်လို့သိရပါတယ်။

Photo – U Ye Mon FB

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မူးမြို့မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ (၃)ဦး KNLA ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 29 Views
ဇန်နဝါရီလ (၅)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့
မြန်မာသတင်း

NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 26 Views
ဇန်နဝါရီလ (၅)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

ဆားလင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲ၊ CDM ဆရာဝန်တဦးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 26 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။
မြန်မာသတင်း

ဟားခါးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 18 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို
မြန်မာသတင်း

မကွေးထောင်မှာ နိုင်/ကျဉ်း (၃၅)ဦး တလနီးပါးကြာ တိုက်ပိတ်ခံထားရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 10 Views
ဇန်နဝါရီလ (၅)ရက်။ မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၃၅)ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး တလနီးပါးကြာ တိုက်ပိတ်ထားတယ်လို PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စဖြစ်တာက အမျိုးသားအဆောင်(၄)မှာ နိုင်/ကျဉ်းတွေကို ထောင်တခုလုံးက စားပြီးသားပန်းကန်တွေ
မြန်မာသတင်း

“၂၀၂၆ စစ်ရေးအလှည့်အပြောင်း”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 28 Views
“နျုကြည်ကလည်းတိုက်-KIA ကလည်းတိုက်” ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၂၈) မှာ ၂၀၂၆နှစ်သစ်မှာ စစ်ရေးအလှည့်အပြောင်းတွေဘာတွေဖြစ်လာနေသလဲ ဘယ်လို သုံးသပ်မိသလဲ ဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြ သွားကြမှာ ဖြစ်ပါတယ်၊ ဒီ နေ့ ဇန်နဝါရီလ
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်တပ်ယာဉ် မိုင်းဆွဲခံရပြီး (၂)ဦး‌သေသေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 44 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က ပေါင်းခေါင်း‌မြို့မှာ စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစယာဉ်က ပေါင်းတည်မြို့ကနေ ပေါက်ခေါင်းမြို့ကို ကင်းပတ်ထွက်လာတဲ့အချိန် ကန်စုရွာ အနောက်ဘက်ကျောင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ”
မြန်မာသတင်း

ကြိုတင်မဲကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့အပေါ် စစ်ကော်မရှင်ပြန်ရှင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 37 Views
ဇန်နဝါရီလ (၃)ရက်။ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေကြတဲ့အပေါ် စစ်တပ်လက်အောက်ခံ ရွေး/ကော်က ဒီကနေ့မှာ ပြန်လည်ရှင်းလင်းချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကြိုတင်မဲပေးတာကို သက်ဆိုင်ရာရွေး/ကော်အဖွဲ့ခွဲတွေက နိုင်ငံရေးပါတီတွေကို အသိပေးခဲ့ပြီး မဲပေးခဲ့သလို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံမဖွင့်ခင် မဲရုံမှူးတွေဆီ အပ်နှံခဲ့တယ်လို့