နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသား ညီညွတ်ရေး အစိုးရကို ဂျပန်နိုင်ငံအပါအဝင် မည်သည့်နိုင်ငံများကမှ အတိအလင်း အသိအမှတ် မပြုသေးသလိုလက်နက်ခဲယမ်းကိစ္စအတွက် NUG အနေနဲ့ စိန်ခေါ်မှုတွေရှိနေဆဲဟု ကာကွယ်‌ရေးဝန်ကြီး‌ ဦးရည်မွန် ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးရည်မွန်နဲ့ အာဆာဟိရှင်ဘွန်း သတင်းစာ (Asahi Shimbun) တို့ ဖေဖော်ဝါရီ (၂) ရက်မှာ စာနဲ့တဆင့် အင်တာဗျူး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအင်တာဗျူးမှာ ကာကွယ်ရေးဝန်ကြီး ဉီးရည်မွန်က နိုင်ငံ့နေရာအနှံ့အပြားမှ လူငယ်များပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို တပ်ရင်းပေါင်း (၃၀၀) ကျော်နဲ့ ဖွဲ့စည်းထားရှိပြီး ပြည်သူ့စစ်တာဝန်ယူကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း တနိုင်ငံလုံးမှာ ဖြန့်ကျက်ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ပြောကြားပါတယ်။ ဒါပေမယ့် လက်နက်ခဲယမ်းကိစ္စနဲ့ ပတ်သက်လို့တော့ စိန်ခေါ်မှုတွေရှိနေဆဲ ပဲလို့ ဦးရည်မွန်က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိအနေအထားအရ အထူးသဖြင့် စစ်ကိုင်းတိုင်း (အနောက်မြောက်ပိုင်း) နဲ့ မကွေးတိုင်း (အလယ်ပိုင်း) က ကျေးရွာတွေကို NUG ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အခိုင်အမာ ချုပ်ကိုင်ထားနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမယ့် အမျိုးသားညီညွတ် ရေးအစိုးရမှာ လေကြောင်းရန် ကာကွယ်ရေး အတွက်ထိရောက်တဲ့ လက်နက်ပစ္စည်း မရှိတာကြောင့် စစ်တပ်ရဲ့ လေ ကြောင်း တိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး ဒီလေတပ်ဟာ သူတို့ အတွက် အကြီးမားဆုံးအန္တရာယ်ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက အဲဒီ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရကို လောလောဆယ်မှာ ဂျပန်နိုင်ငံအပါအဝင် အခြား မည်သည့်နိုင်ငံကမှ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုခြင်း မရှိသေးပါဘူးလို့ သူက ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ဟာ မြန်မာပြည်သူလူထုကို ကိုယ်စားမပြုသလို နယ်မြေ တွေကိုလည်း ထိန်းချုပ်စိုးမိုးနိုင်မှု မရှိတော့ပါဘူး လို့ (ဦး) ရည်မွန်က ပြောပါတယ်။

ပြည်သူက လက်မခံတဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲဟာ ဘယ်လို အကြောင်းနဲ့မှ အောင်မြင်နိုင်စရာလည်း မရှိတဲ့အတွက် စစ်တပ်ရဲ့ ထုံးစံအတိုင်း လိမ်ညာလှည့်စားတဲ့ အချက်အလက် အလွဲအမှားတွေနဲ့ ရွေးကောက်ပွဲ ကျင်းပပြီးကြောင်း ထုတ်ပြန်ကြေညာတာမျိုး လုပ်ဆောင်လာမှာဖြစ်တယ်လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ဒီအတွက်လည်း ကျွန်တော်တို့ဘက်က အစစကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့တယ်လို့သိရပါတယ်။

Photo – U Ye Mon FB

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို