နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း အချက်အလက်များ

Red News Agency ၏ ဖားကန့်သတင်းထောက်အား ကားနှင့်တိုက်ပြီး ထွက်ပြေးသည့်လုပ်ရပ်အား အပြင်းအထန်ရှုံ့ချကြောင်း ကြေညာချက်ထုတ်။

စက်တင်ဘာလ (၈) ရက် ညနေ (၅) နာရီ (၃) မိနစ်အချိန်မှာ Red News Agency ရဲ့ ဖားကန့်သတင်းထောက် ကိုတာလင်းမောင်ကို ဆိုင်ကယ်စီးလာစဉ်မှော်စီစာကျေးရွာ Amazing Mini Mark အရှေ့မှာ နောက်က ကားနဲ့တိုက်ပြေးတဲ့ ဖြစ်စဉ်မှာ ဘယ်အဖွဲ့အစည်း ဘယ်သူတစ်ဦးတစ်ယောက်က လုပ်ဆောင်တာဖြစ်ဖြစ် အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း စက်တင်ဘာလ (၈) ရက်နေ့က Red News Agency ကြေညာချက် ထုတ်လိုက်ပါတယ်။


ဖားကန့်သတင်းထောက် ကိုတာလင်းမောင်ကို ကားနဲ့တိုက်ခံရစဉ်က CCTV ကိုလည်း တရားဝင် ထုတ်ပြန်ထားပါတယ်။
သတင်းထောက် ကိုတာလင်းမောင်ဟာ အရင်က ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဦးစီးဌာနရဲ့ သတင်းထောက်အဖြစ်မှ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းချိန်မှာ ဖားကန့်တွင် ပထမဦးဆုံး CDM ပြုလုပ်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ၅၀၅ (က) ဖြင့် ပုဒ်မတပ်ခံထားရပြီး နေအိမ်မှ တိမ်းရှောင်နေရသူဖြစ်ပါတယ်။

လက်ရှိ Red News Agency သတင်းဌာနရဲ့ သတင်းထောက်အဖြစ် လုပ်ကိုင်နေပြီး ဒေသတွင်း စစ်ကောင်စီနဲ့ အာဏာရှင်ဆန်ဆန် ပြုမူတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ပြည်သူ့ဘက်မှ ရပ်တည်ကာ မကြောက်မရွံ့ သတင်းမှန်များကို ရေးသားနေသူဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို ဆိုင်ကယ်နောက်ကနေ မတော်တဆလို့ ပြောရန်ခက်ခဲတဲ့ ကားနဲ့တိုက်ပြီး တာဝန်ယူမှုမရှိဘဲ ထွက်ပြေးသူကိုလည်း ဒေသတွင်း အမှန်တရားကို ရှေးရှု့တဲ့ ပြည်သူ့ဘက်တော်သားများက အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့ကိုယ်လည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

သတင်းထောက် ကိုတာလင်းမောင်ဟာ ဖားကန့်မြို့နယ်၊ စပျစ်ခူးရွာကို တစ်ရွာလုံးပြောင်းရွှေ့စေပြီး ကျောက်စိမ်းတူးမယ့် သတင်းကို ရေးသားထားသူ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ တစ်မြို့မကျန် သိမ်းပိုက်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 12 Views
စက်တင်ဘာလ (၁၄)ရက်။ ရခိုင်မှာ ကျန်ရှိနေ‌တဲ့ မြို့တွေအပါအ၀င် တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီပြည်ထဲ ရေဘေးသင့်ပြည်သူ (၃၀၀၀၀)နီးပါး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ Karenni-IEC ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 10 Views
စက်တင်ဘာလ (၁၄)ရက်။ ကရင်နီပြည်ထဲ ယာယီရွှေ့ပြောင်းနေရတဲ့ ရေဘေးသင့်ပြည်သူ (၂၈၇၃၅)ဦးအတွက် အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

သိန္နီခရိုင်ထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 9 Views
စက်တင်ဘာလ (၁၄)ရက်။ မနေ့က ည (၇)နာရီအချိန်မှာ သိန္နီခရိုင်၊ သံလွင်လျင်ဟိုမြို့နယ်ရှိ နန်ဘိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နန်ဘိုင်းရွာရှိ လူနေအိမ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ
မြန်မာသတင်း

ရွှေပြည်သာမြို့မှာ စစ်ကောင်စီတပ်တွေ ဂျူတီချိန်းချိန် ဖောက်ခွဲတိုက်ခိုက်ခံရပြီး (၃)ဦးထိမှန်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 9 Views
စက်တင်ဘာလ (၁၄)ရက်။ ဒီကနေ့ နံနက် (၇)နာရီကျော်အချိန်က ရွှေပြည်သာမြို့နယ်၊ (၁၄)လမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာမှာ ဂျူတီချိန်းချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces(GHF)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၇)နာရီ (၁၀)မိနစ်လောက်မှာ (၁၄)လမ်းဆုံက
မြန်မာသတင်း

မကွေးနဲ့ ပဲခူးရှိ ရေလှောင်တမံတွေ ရေကျော်လွန်နေတာကြောင့် အထူးသတိပြုနေထိုင်ဖို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 4 Views
စက်တင်ဘာလ (၁၄)ရက်။ မကွေးတိုင်းနဲ့ ပဲခူးတိုင်း(အရှေ့နဲ့အနောက်)တို့ရှိ ရေလှောင်တမံတွေ ရေပိုလွှဲအထက်ကို ရေကျော်လွန်နေတာကြောင့် အထူးသတိပြုနေထိုင်ဖို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေလှောင်တမံတွေ ရေပိုလွှဲအထက်ကို ရေကျော်လွန်နေတဲ့အတွက် အဲ့ဒီရေလှောင်တမံတွေအနီးနဲ့ အောက်ပိုင်းရှိ မြို့ရွာတွေကနေ ဒေသခံပြည်သူတွေအနေနဲ့
မြန်မာသတင်း

ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီရဲ့ လွတ်ရှမ်းစစ်စခန်းကြီးကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 11 Views
စက်တင်ဘာလ (၁၃)ရက်။ မနေ့က ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လွတ်ရှမ်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ အင်အားကြီးစစ်စခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ SOF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အင်အားကြီးအထိုင်စခန်းကို ရိက္ခာ၊
မြန်မာသတင်း

မဲဆောက်မြိုမှာ သက်ငယ်မုဒိန်းမှု ကျူးလွန်တဲ့သူ‌ကို အမြန်ဆုံးအရေးယူပြီး ကျူးလွန်ခံရတဲ့ ကလေးငယ်နဲ့ မိသားစုကို အကာအကွယ်ပေးဖို လူပေါင်း (၁၆၀၀) ကျော်က NUG ထံ လက်မှတ်ရေးထိုးတောင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 9 Views
စက်တင်ဘာလ (၁၃)ရက်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြိုမှာ CDM တက္ကသိုလ်ဆရာမတစ်ဦးရဲ့ ကလေးကို သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သူကို အမြန်ဆုံးအရေးယူဖို့ လူဦးရေ (၁၆၇၉) ဦးက စုပေါင်းလက်မှတ်ရေးထိုးပြီး NUG ကို အိတ်ဖွင့်ပေးစာ ပေးပိုတောင်းဆိုခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

KNDF ဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲမျောပါဆုံးရှုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 5 Views
စက်တင်ဘာလ (၁၃)ရက်။ KNDF ဆေးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲကို မျောပါဆုံးရှုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆေးသင်တန်းက သင်တန်းသားတွေဟာ စက်တင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းက သင်ခန်းစာမစ်ရှင်လေ့ကျင့်ပြုလုက်ချိန် ရေချောင်းတစ်ခုကို