နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီနဲ့ လူ့အခွင့်အရေးချိုးဖောက်ရာမှာ ပါဝင်ခဲ့သူတွေ အကြမ်းဖက်မှုတွေအတွက် တာဝန်ယူရမယ်လို့ CRPH ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။

စစ်ကောင်စီနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့ကြသူတွေအနေနဲ့ ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ ရက်စက်အကြမ်းဖက်မှုတွေအတွက် တာဝန်ယူရမယ်လို့ CRPH က မနေ့ကကျရောက်တဲ့ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ရရှိစေဖို့ ကြိုးပမ်းအားထုတ်ရမယ်လို့ ဆိုပါတယ်။

အခုအချိန်ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကူအညီပေးအပ်ဖို့ အရေးကြီးတဲ့အချိန်တစ်ခုလည်းဖြစ်ကာ အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပူးပေါင်းအရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေကို ကြိုဆိုပြီး အခြားနိုင်ငံတွေကလည်း အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့ပြင် မြန်မာမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေ ပြန်လည်ရရှိဖို့အတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားဝင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားကိုယ်စားပြုအဖွဲ့တွေကို ပံ့ပိုးကူညီပေးဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်တာတွေကြောင့် (၂.၅)သန်းကျော်တဲ့ ပြည်သူတွေ ထွက်ပြေးနေရတဲ့အပြင် အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပါအဝင် (၁၈)သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

အကူအညီလိုအပ်နေတဲ့သူတွေဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အမှန်တကယ်ရောက်ရှိဖို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်တယ်လို့ ထပ်လောင်းအသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 19 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 20 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 20 Views
မတ်လ (၆)ရက်။ ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 35 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 24 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 28 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့
မြန်မာသတင်း

ကျောက်ပန်းတောင်းမြို့မှာ စစ်တပ်က အရပ်သားတဦးကို ပစ်သတ်ပြီး နေအိမ် (၇၀)ကျော်ကို မီးရှို့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 25 Views
မတ်လ (၄)ရက်။ အခုနှစ်ရက်ထဲ ကျောက်ပန်းတောင်းမြို့က ကျေးရွာအချို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ပန်းတောင်းလူငယ်ကွန်ရက်ထံက သိရပါတယ်။ “ မနေ့က နေ့လယ် (၂)နာရီကျော်လောက်ကစပြီး အကြမ်းဖက် စခ၊ ပျူနဲ့ ဒလံတွေ ဦးဆောင်ပြ စိတ္တိန်းမြောက်ရွာကနေ
မြန်မာသတင်း

တနင်္သာရီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 4 ရက်
  • 37 Views
မတ်လ (၄)ရက်။ ပြီးခဲ့တဲ့လကုန်ပိုင်းက တနင်္သာရီမြို့ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ တမုတ်ချုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့