နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘန်ကောက်တွင် လက်နက်နှင့်မူးယစ်မှောင်ခိုမြန်မာခရိုနီ တဦး ဖမ်းဆီးခံထားရ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့် သမီးတို့၏ ပိုင်ဆိုင်မှုများကိုပါ ရှာဖွေတွေ့ရှိခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ (၁၇) ရက်က မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုရောင်းဝယ်သူ မြန်မာလူမျိုးခရိုနီ တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

Photo – CRD – Justice for myanmar

ဖမ်းဆီးရမိရာတွင် အဆိုပါ ခရိုနီနှင့်အတူ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ဘဏ်စာအုပ်တစ်ခုနှင့် သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ (၁) သန်းတန်ကြေးရှိ ကွန်းဒိုအခန်း ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ပါ သိမ်းဆည်းရမိခဲ့သည်။

Photo – CRD – Justice for myanmar

ဖမ်းဆီးခံရသည့် လက်နက်မှောင်ခိုနှင့် မူးယစ်ကုန်သည်မှာ ထွန်းမင်းလတ်ဆိုသူဖြစ်ပြီး ၎င်းနှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားသမီးများအကြား ဆက်သွယ်ထားသည့် သက်သေများရှိနေသော်လည်း ထိုင်းရဲများကအဆိုပါ ကိစ္စအပေါ် အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်းကို Justice For Myanmar အဖွဲ့က ဇန်နဝါရီ (၁၁) ရက်မှာ သတင်းထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Photo – CRD – Justice for myanmar

ထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက်မှာ ထိုင်းရဲတပ်ဖွဲ့က အိမ်ခြံမြေ၊ ငွေသား၊ ကားတွေ၊ တန်ဖိုးကြီးနာရီများနှင့် နာမည်ကြီးတံဆိပ်လက်ကိုင်အိတ်များ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

Photo – CRD – Justice for myanmar

ထွန်းမင်းလတ်၏လက်ဝယ် လက်ပူးလက်ကြပ် သိမ်းဆည်းရမိထားသည့် ပိုင်ဆိုင်မှုများသည် ကာလပေါက်စျေး ဘတ် ၃၃ သန်းဝန်းကျင်၊ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးရှိသည့် ဘန်ကောက်မြို့ က Belle Grand Rama 9 ကွန်ဒိုရှိ အောင်ပြည်စုံပိုင်ဆိုင်တဲ့ အိပ်ခန်း လေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းများလည်း ပါဝင်နေသည်။

Photo – CRD – Justice for myanmar

ထိုင်းရဲတပ်ဖွဲ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစု စာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့သော်လည်း ထိုင်းအာဏာပိုင်တွေအနေနဲ့ ဘဏ်အကောင့်ကို ပိတ်သိမ်းအရေးယူခြင်းမရှိသေးကြောင်း Justice For Myanmar က ထုတ်ပြန်ဖော်ပြထားသည်။

Era’sEyes |

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 14 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 17 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ်
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 23 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 23 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 16 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 44 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို
မြန်မာသတင်း

ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်တယ်လို့ KTLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 37 Views
ဇန်နဝါရီလ (၇)ရက်။ ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei)ကို တည်ထောင်လိုက်တယ်လို့ ကော်သူးလေအစိုးရ(G.O.K)က ဇန်နဝါရီလ (၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ ပြိုကွဲပျက်စီးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့ နိုင်ငံတော်သစ်တရပ်အနေနဲ့ တည်ထောင်တာလို့
မြန်မာသတင်း

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 34 Views
ဇန်နဝါရီလ (၇)ရက်။ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၅)ရက်နေ့အထိ တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲဥပဒေနဲ့ စစ်တပ်က အရေးယူမှု (၂၄၀)မှာ အမျိုးသား (၂၇၅)ဦးနဲ့