နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘန်ကောက်တွင် လက်နက်နှင့်မူးယစ်မှောင်ခိုမြန်မာခရိုနီ တဦး ဖမ်းဆီးခံထားရ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့် သမီးတို့၏ ပိုင်ဆိုင်မှုများကိုပါ ရှာဖွေတွေ့ရှိခဲ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ (၁၇) ရက်က မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုရောင်းဝယ်သူ မြန်မာလူမျိုးခရိုနီ တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

Photo – CRD – Justice for myanmar

ဖမ်းဆီးရမိရာတွင် အဆိုပါ ခရိုနီနှင့်အတူ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ဘဏ်စာအုပ်တစ်ခုနှင့် သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ (၁) သန်းတန်ကြေးရှိ ကွန်းဒိုအခန်း ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ပါ သိမ်းဆည်းရမိခဲ့သည်။

Photo – CRD – Justice for myanmar

ဖမ်းဆီးခံရသည့် လက်နက်မှောင်ခိုနှင့် မူးယစ်ကုန်သည်မှာ ထွန်းမင်းလတ်ဆိုသူဖြစ်ပြီး ၎င်းနှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားသမီးများအကြား ဆက်သွယ်ထားသည့် သက်သေများရှိနေသော်လည်း ထိုင်းရဲများကအဆိုပါ ကိစ္စအပေါ် အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်းကို Justice For Myanmar အဖွဲ့က ဇန်နဝါရီ (၁၁) ရက်မှာ သတင်းထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

Photo – CRD – Justice for myanmar

ထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက်မှာ ထိုင်းရဲတပ်ဖွဲ့က အိမ်ခြံမြေ၊ ငွေသား၊ ကားတွေ၊ တန်ဖိုးကြီးနာရီများနှင့် နာမည်ကြီးတံဆိပ်လက်ကိုင်အိတ်များ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

Photo – CRD – Justice for myanmar

ထွန်းမင်းလတ်၏လက်ဝယ် လက်ပူးလက်ကြပ် သိမ်းဆည်းရမိထားသည့် ပိုင်ဆိုင်မှုများသည် ကာလပေါက်စျေး ဘတ် ၃၃ သန်းဝန်းကျင်၊ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးရှိသည့် ဘန်ကောက်မြို့ က Belle Grand Rama 9 ကွန်ဒိုရှိ အောင်ပြည်စုံပိုင်ဆိုင်တဲ့ အိပ်ခန်း လေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းများလည်း ပါဝင်နေသည်။

Photo – CRD – Justice for myanmar

ထိုင်းရဲတပ်ဖွဲ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစု စာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့သော်လည်း ထိုင်းအာဏာပိုင်တွေအနေနဲ့ ဘဏ်အကောင့်ကို ပိတ်သိမ်းအရေးယူခြင်းမရှိသေးကြောင်း Justice For Myanmar က ထုတ်ပြန်ဖော်ပြထားသည်။

Era’sEyes |

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 93 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 76 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို