နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီးမောဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ KNDF နဲ့ ပူးပေါင်း အဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား(၁) ဦး သေဆုံး

ကရင်နီ(ကယား) ပြည်နယ် ၊ ဒီးမောဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၆ နဲ့ ၇ တို့က ဖေဖေါ်ဝါရီ (၁၀) ရက်မနက်ပိုင်းမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ KNDF တပ်ရင်း(၇) ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီတပ် နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဘက်အပြန်အလှန် လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တဉီးသေဆုံးပြီး ပူးပေါင်းတပ်က အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ထို့အတူ လွိုင်ကော်မြို့ ကယန်းသာယာလမ်းခွဲနဲ့ လင်ဖုံလေးကျေးရွာလမ်းခွဲက စစ်ကောင်စီစခန်းတွေကို ဝင်တိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တပ်ရင်း – ၁၄ က ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

Photo | KNDF | ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း – ၇ မှ ရဲဘော်များအား တွေ့ရ စဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး တွဲကား(၃)စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 0 Views
ဇွန်လ (၂၁)ရက်။ မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဒီကနေ့မှာကျရောက်တဲ့ ကရင်နီအမျိုးသားနေ့ကို NUG သဝဏ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 0 Views
ဇွန်လ (၂၁)ရက်။ ဒီကနေ့ ဇွန်လ (၂၁)ရက်နေ့မှာကျရောက်တဲ့ (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို NUG က သဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

NUG ကို ကူညီသွားမယ်လို့ တီမောလက်စ်တီသမ္မတပြော

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 0 Views
ဇွန်လ (၂၁)ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကူညီသွားမယ်လို့ တီမောလက်စ်တီသမ္မတ Jose Ramos Horta က NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကို ကူညီဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။
မြန်မာသတင်း

ဝင်းနိမ္မိတာရုံဆရာတော်ဖြစ်စဉ် လိမ်တာပေါ်သွားတဲ့စစ်ကောင်စီက အဖြစ်မှန်ဖော်ထုတ်အရေးယူမယ်လို့ပြော

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 2 Views
ဝင်းနိမ္မိတာရုံဆရာတော်ဖြစ်စဉ် လိမ်တာပေါ်သွားတဲ့စစ်ကောင်စီက အဖြစ်မှန်ဖော်ထုတ်အရေးယူမယ်လို့ပြော ဇွန်လ (၂၁)ရက်။ ဇွန်လ(၁၉)ရက်‌နေ့က စစ်တပ်ရဲ့ပစ်ခတ်တာကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်ဖြစ်စဉ်မှန်ကို ပြန်လည်ဖော်ထုတ် အရေးယူသွားမယ်ဆိုပြီး စစ်ကောင်စီရဲ့ပဲခူးတိုင်းအစိုးရအဖွဲ့က ဆရာတော်တွေဆီ သွားရောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တဲ့အပေါ် စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တဲ့သတင်းနဲ့ အခင်းဖြစ်စဉ်ထဲရှိခဲ့တဲ့
မြန်မာသတင်း

စစ်တပ်ကပစ်ခတ်လို့ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့ရတဲ့အပေါ် CRPH ဝမ်းနည်းကြောင်းထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 5 Views
ဇွန်လ (၂၁)ရက်။ ဇွန်လ (၁၉)ရက်နေ့က စစ်တပ်ရဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့တဲ့အပေါ် CRPH က ဒီကနေ့မှာ ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ တပ်ဖွဲ့ဝင်တွေက ဆရာတော်ကြီး စီးနင်းလိုက်ပါလာတဲ့ ကားကို ငါးဇွန်-မြို့သာလမ်းပိုင်းမှာ
မြန်မာသတင်း

ဆရာတော်ရဲ့ကားကို စစ်ကောင်စီရဲ့ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ်

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 5 Views
ဆရာတော်ရဲ့ကားကို စစ်ကောင်စီရဲ့ဖောကားပေါ်ကနေ သေနတ်နဲ့ဝိုင်းပစ် ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားရတာဖြစ်တယ်လို့ ဆရာတော်နဲ့အတူ ကားထဲမှာ အတူပါလာတဲ့ မျက်မြင်သက်သေ ဆရာတော်က ဒီနေ့မှာ ထုတ်ဖော်ရှင်းလင်းပြောကြားလိုက်ပါတယ်။ “ ဖောကားနဲ့တွေ့တယ်။ ဖောကားပေါ်မှာ
မြန်မာသတင်း

တန့်ဆည်မြို့က NUG ကျောင်းတစ်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်ပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 5 Views
ဇွန်လ (၂၀)ရက်။ မနေ့က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ NUG ကျောင်းတစ်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ် ကျင်းပခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တန့်ဆည်မြို့ရှိ NUG အခြေခံပညာကျောင်းတစ်ကျောင်းက ဆရာ/ဆရာမတွေအပါအဝင် ကျောင်းသူ/ကျောင်းသားတွေစုပေါင်းကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

ရေဖြူမြို့တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃၀)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 20 ရက်
  • 4 Views
ဇွန်လ (၂၀)ရက်။ မနေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့၊ ရာဖူးကျေးရွာအုပ်စုရှိ မျောက်ချောရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲဟာ နံနက်(၈)နာရီအချိန်ကစပြီး နေ့လယ်(၃)နာရီကျော်အထိ (၇)နာရီကျော်ကြာ ပြင်းပြင်းထန်ထန်