နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း အာရှ ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံများကို တတိယအင်အားစု ဖွံ့ဖြိုးဆဲနိုင်ငံများက အာခံမည်လော၊ ညီညွတ်စွာ ပူးပေါင်းကြမည်လော

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စုပေါင်းစွမ်းအားသည် ဘက်စုံကမ္ဘာကို ဖန်တီးသည်။ ထိုပေါ်ပေါက်လာသော ဤအစုအဖွဲ့သည် ကမ္ဘာလုံး ဆိုင်ရာ တင်းမာမှုများကို လျော့ပါးစေမည်လား သို့မဟုတ် လက်ရှိ ရန်လိုမှုများကို နက်ရှိုင်းစေမည်လား။

အရှေ့-အနောက် ပြိုင်ဆိုင်မှုအသစ်များ ပေါ်လာသည်နှင့်အမျှ၊ အမေရိကန်-တရုတ် ပဋိပက္ခမှ ယူကရိန်းကို ရုရှား ကျူး ကျော်မှုအထိ၊ အုပ်စုနှစ်ခုစလုံးတွင် အပြည့်အ၀ မပါဝင်နိုင်သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းအားသည် ကြီးထွားလာသည်။ တရုတ်နှင့် ရုရှားတို့အပေါ် ၎င်းတို့၏ ရန်လိုသော သဘောထားကို အနောက်နိုင်ငံများက တွက်ချက်မှု လွဲမှားစွာဖြင့် တုံ့ပြန်ခြင်းမှာ “မိတ်ဆွေဖွဲ့ခြင်း” ကဲ့သို့သော မူဝါဒ ဖြစ်သည်။ မူဝါဒတစ်ရပ်ကြောင့် တရုတ် သို့မဟုတ် ရုရှားနှင့် လိုက်လျောညီ ထွေပူးပေါင်းသော နိုင်ငံများနှင့် ဒီမိုကရေစီနိုင်ငံများကြားတွင် နောက်ဆုံးတွင် ကမ္ဘာကြီးကို ပိုင်းခြားစေမည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ထောက်ပံ့ရေးကွင်းဆက် (supply chains) သစ်များ ဖန်တီးပြီး ရှိပြီးသား ကွင်းဆက်များကို ခုခံကာကွယ်ဖို့ လိုအပ်လာသည်။

“ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုအများစုကို တောင်ပိုင်းကမ္ဘာက ဖန်တီးထားခြင်းမရှိသေးသော်လည်း ၎င်းတို့သည် ကျွန်ုပ်တို့ကို ပိုမိုအကျိုးသက်ရောက်သည်” ဟု အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ (Narendra Modi) က ကြာသပတေးနေ့တွင် ပြုလုပ်သော တောင်ပိုင်းကမ္ဘာဆွေးနွေးပွဲ (Global South Summit) တွင် ၎င်း၏သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့သည်။ အိန္ဒိယက အိမ်ရှင်အဖြစ်ကျင်းပသည့် အွန်လိုင်းတွေ့ဆုံပွဲအတွင်း မိုဒီက ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၁၂၀) ကျော်ကို သူတို့အနေနှင့် ပိုမိုဖွံ့ဖြိုးပြီး နိုင်ငံများကို ဖိအားပေးရာတွင် လက်တွဲလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ပါသည်။ “ ကျွန်ုပ်တို့မှာလည်း တူညီတဲ့အသံတစ်ခု ရှိသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ မကြာသေးမီလများအတွင်း မိုဒီသည် လက်ရှိ ကမ္ဘာ့အခင်းအကျင်းကို ပြင်းပြင်း ထန်ထန် ယခုလို ထုတ်ဖော်ပြောဆို ဝေဖန်ခဲ့ခြင်းမှာ ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယမန်နှစ် စက်တင်ဘာလတွင် ဥဇဘက်ကစ္စတန်တွင် နှစ်နိုင်ငံခေါင်းဆောင်တို့ကြား တွေ့ ဆုံမှုအတွင်း မိုဒီအား “ ကျွန်ုပ်၏ ချစ်လှစွာသောသူငယ်ချင်း” ဟု ရည်ညွှန်းပြောဆိုပြီးနောက် မိုဒီက “ယနေ့ခေတ်သည် စစ်ဖြစ်ရန် အချိန်အခါမဟုတ်”ဟု ပြတ်ပြတ်သားသားပြောသောအခါတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တုန်လှုပ်သွား ခဲ့သည်။ နိုဝင်ဘာလတွင် အင်ဒိုနီးရှား၌ ကျင်းပသည့် ၎င်း၏ နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးတွင် ထိပ်တန်းစီးပွားရေး ၂၀ နိုင်ငံအုပ်စုတွင် အင်ဒိုနီးရှားသည် မိုဒီ၏ပူတင်အား ပြောကြားချက်ကို ပဲ့တင်လိုက်ပြီး “ ယနေ့ခေတ်သည် စစ်ဖြစ်ရန် ခေတ်မဖြစ်သင့်ကြောင်း” ပြောကြားခဲ့သည်။ ထိုကဲ့သို့ အသံထုတ်ဖော်ပြောကြားရန် စေ့စပ်ညှိနှိုင်းမှုတွင် အိန္ဒိယသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏ လူဦးရေတိုးပွားမှုနှင့် စီးပွားရေးအင်အားကြောင့် နိုင်ငံတကာဇာတ်ခုံတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ယခုနှစ်တွင် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်လာရန် တရုတ်နိုင်ငံကို ကျော်တက် သွားလိမ့်မည်ဟု ခန့်မှန်းရပြီး ယမန်နှစ်က ၎င်း၏ ကိုလိုနီနယ်ချဲ့သခင်ဟောင်း ဗြိတိန်ကို စီးပွားရေးအရွယ်အစားဖြင့် ကျော်တက်သွားဖွယ်ရှိသည်။ အိန္ဒိယ၏ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလာနေရူးသည် ဘက်မလိုက်မူဝါဒကို ထောက်ခံကာ စစ်အေးတိုက်ပွဲ ကာလအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို ၁၉၅၀ ခုနှစ်များအတွင်း တောင်းဆိုခဲ့သည်။ သို့သော် အိန္ဒိယ၏ လက်ရှိရပ်တည်ချက်မှာ ထိုအချိန်ကထက် ခြားနားသည်။ တချိန်က ဖွံ့ဖြိုးဆဲနိုင်ငံများကို စုစည်း၍ ရည်ညွှန်း ခေါ်ဆိုခြင်းသည်၊ လွန်ခဲ့သည့်ဆယ်စုနှစ် ခုနစ်ခုက ဆင်းရဲတွင်းနက်နေသော နိုင်ငံအစုအဝေးထက် မပိုသည့် တတိယကမ္ဘာအဖြစ်ဆိုလိုပြီး ယခုအိန္ဒိယ၏ လက်ရှိအနေအထားနှင့် ကွာခြားသည်။

ဂျပန်စီးပွားရေးသုတေသနစင်တာက အိန္ဒိယ၏ ပြည်တွင်းအသားတင်ထုတ်ကုန်သည် ၂၀၆၀ ပြည့်၌တွင် ကမ္ဘာ့အသားတင် ကုန်ထုတ်လုပ်မှု (GDP) ၏ ၁၆% အထိ ဆက်လက်ကြီးထွားလာမည်ဟု ခန့်မှန်းထားသည်။ တောင်အာရှနိုင်ငံသည် ၁၆ ရာစုတွင် စီးပွားရေးအရ အင်အား ပြန်လည်အရှိန်ရရှိနေသကဲ့သို့ ဖြစ်နေပြီး၊ ကမ္ဘာ့စီးပွားရေး၏ လေးပုံတစ်ပုံနီးပါးမျှ ရှိသည်။

နိုင်ဂျီးရီးယားသည် အထူးသဖြင့် ၎င်း၏လူဦးရေကြောင့် တိုးတက်မှု အလားအလာရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၄၀၀ နီးပါးဖြင့် ကမ္ဘာ့စတုတ္ထ လူအများဆုံး နိုင်ငံဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ အင်အားကြီး အာဖရိကနိုင်ငံသည် နိုင်ငံ ရေး မငြိမ်သက်မှုများကြောင့် ၎င်း၏ လုပ်သားအင်အားကို ကာလရှည်ကြာအသုံးမချနိုင်ဘဲ ရပ်ဆိုင်းထားရသော်လည်း ပြောင်းပြန် လှန်နိုင်သည့် လက္ခဏာတွေ ရှိနေပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကို ယေဘုယျအားဖြင့် အရှေ့နှင့် အနောက်ကြား ပိုင်းခြားထား နိုင်သည်။ သို့သော် ဤသို့ကမ္ဘာသည် အရှေ့အနောက်နှစ်ပိုင်းရှိနေရာမှ ဘက်စုံပါဝင်သည့် ဝင်ရိုးစွန်းတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။ အကယ်၍ ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားနေပါက ဖွံ့ဖြိုးပြီးနိုင်ငံများ၏ သီးသန့်ကုန်သွယ်မှု အစုအဖွဲ့များ ဖွဲ့စည်းရန် ကြိုးပမ်း အားထုတ်မှုများကို မကြာမီတွင် ခေတ်နောက်ပြန်ဆွဲမှုအဖြစ် ရှုမြင်လာနိုင်သည်။ “ ဘိုင်ဒင် အုပ်ချုပ်ရေး၏ မိတ်ဆွေအဖြစ် ချဉ်းကပ်မှုသည် ကျွန်ုပ်တို့အားကိုးနိုင်သည့် ယုံကြည်ရသော ကုန်သွယ်ဖက် အများအပြားနှင့် ကျွန်ုပ်တို့၏ စီးပွားရေး ပေါင်းစည်းမှုကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်သည်” ဟု ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက် ရဲလ်လင် (Janet Yellen) က ၎င်း၏မှတ်ချက်တွင် ရေးသားခဲ့သည်။

မိတ်ဖက်ရင်းနှီးမှုကို လက်တွေ့အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသ သာယာ ဝပြောရေးအတွက် စီးပွားရေးမူဘောင် (IPEF) ချမှတ်ဆွေးနွေးမှု ကို ပြီးခဲ့သောနှစ်တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံဖြင့် စတင်ခဲ့သည်။ သို့သော် စိတ်ကူးယဉ်မှုနှင့် လက်တွေ့ဘဝကြားတွင် ကြီးမားသော ကွာဟချက်ရှိသည်။ ၂၀၂၂ ခုနှစ် နွေရာသီတွင် ကျင်းပသော အွန်လိုင်းဝန်ကြီးအဆင့် IPEF အစည်းအဝေးအဖွင့်တွင် ဘုံသဘောတူညီမှု မရရှိခြင်းမှာ ထင်ရှားသည့် အထောက်အထားတခု ဖြစ်သည်။ အင်ဒိုနီးရှား မတက်ရောက်သည့်အတွက် ရုပ်သံညီလာခံမြင်ကွင်းတွင် နိုင်ငံပေါင်း ၁၃ နိုင်ငံကသာ ညီလာခံ မြင်ကွင်းမှာ ပေါ်လာခဲ့သည်။ ဂျကာတာသည် ဒေတာစီးဆင်းမှုကို ထိန်းချုပ်သည့် မူဘောင်တစ်ခုအတွက် အမေရိကန်နှင့် ထိပ်တိုက်တွေ့နေသည်ဟု လူသိများသည်။ IPEF ဆွေးနွေးပွဲ၏ အဓိက ဦးတည်ချက်ဖြစ်သော ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုတွင် အိန္ဒိယကလည်း ပါဝင်ရန် ငြင်းဆိုခဲ့သည်။ စတင်ကျင်းပသည်နှင့် အက်ကြောင်းများသည် မိတ်ဖက် ဆက်ဆံရေးအတွင်း ပေါ်ထွက်လာခဲ့သည်။

၁၉၃၀ ခုနှစ်များအတွင်း ဗြိတိန်နှင့် ပြင်သစ်တို့သည် ၎င်းတို့၏ ကိုလိုနီနယ်များနှင့် ပြိုင်ဘက်များကို ဖယ်ထုတ်ထားသော စီးပွားရေးအစုအဖွဲ့များ တည်ထောင်ခဲ့သည်။ ယင်းအစုအဖွဲ့များသည် ဒုတိယကမ္ဘာစစ်ကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများဟု ဆိုကြသည်။ ထိုအချိန်အခါနှင့် ယနေ့အကြားတွင် အရေးကြီးသော ကွာခြားချက်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် စီးပွားရေးအရရော နိုင်ငံရေးအရပါ စုပေါင်းအာဏာအဖြစ် စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤအစုအဖွဲ့အသစ်သည် ကမ္ဘာပေါ်ရှိ တင်းမာမှုများကို ခွဲဝေခွဲခြမ်းရန်နှင့် လျော့ပါးစေရန် ပေါင်းကူး ကူညီနိုင်မည်လား၊ သို့မဟုတ် ရန်လိုမုန်းတီးမှုများကို ပိုမိုဆိုးရွားစေကာ ပိုမိုပူပြင်းသောစစ်ပွဲများကို ဖြစ်ပေါ်စေမည်လား။ ၂၀၂၃ ခုနှစ်တွင် ဤဘက်စုံကမ္ဘာသစ်၏ ဦးတည်ချက်ကို ထုတ်ဖော်နိုင်ဖွယ်ရှိသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင် ဖော်ပြသည့် Nikkei သတင်းဆောင်းပါး Collective power of developing nations creating multipolar world ကို Era’s Eyes (ခေတ်မျက်လုံး) မှ တိုက်ရိုက်ဘာသာပြန်သည်။

ဘယ်ဘက်မှ − အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်။ အနောက် သို့မဟုတ် အရှေ့အုပ်စု များတွင် အပြည့်အ၀ မပါဝင်နိုင်သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းအားသည် ကြီးထွားလာသည်။

(Nikkei ပုံရိပ်ဖော်/Getty Images/Reuters) Nikkei ဝန်ထမ်းစာရေးဆရာများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 50 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 56 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”