နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 14 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း အာရှ ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံများကို တတိယအင်အားစု ဖွံ့ဖြိုးဆဲနိုင်ငံများက အာခံမည်လော၊ ညီညွတ်စွာ ပူးပေါင်းကြမည်လော

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စုပေါင်းစွမ်းအားသည် ဘက်စုံကမ္ဘာကို ဖန်တီးသည်။ ထိုပေါ်ပေါက်လာသော ဤအစုအဖွဲ့သည် ကမ္ဘာလုံး ဆိုင်ရာ တင်းမာမှုများကို လျော့ပါးစေမည်လား သို့မဟုတ် လက်ရှိ ရန်လိုမှုများကို နက်ရှိုင်းစေမည်လား။

အရှေ့-အနောက် ပြိုင်ဆိုင်မှုအသစ်များ ပေါ်လာသည်နှင့်အမျှ၊ အမေရိကန်-တရုတ် ပဋိပက္ခမှ ယူကရိန်းကို ရုရှား ကျူး ကျော်မှုအထိ၊ အုပ်စုနှစ်ခုစလုံးတွင် အပြည့်အ၀ မပါဝင်နိုင်သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းအားသည် ကြီးထွားလာသည်။ တရုတ်နှင့် ရုရှားတို့အပေါ် ၎င်းတို့၏ ရန်လိုသော သဘောထားကို အနောက်နိုင်ငံများက တွက်ချက်မှု လွဲမှားစွာဖြင့် တုံ့ပြန်ခြင်းမှာ “မိတ်ဆွေဖွဲ့ခြင်း” ကဲ့သို့သော မူဝါဒ ဖြစ်သည်။ မူဝါဒတစ်ရပ်ကြောင့် တရုတ် သို့မဟုတ် ရုရှားနှင့် လိုက်လျောညီ ထွေပူးပေါင်းသော နိုင်ငံများနှင့် ဒီမိုကရေစီနိုင်ငံများကြားတွင် နောက်ဆုံးတွင် ကမ္ဘာကြီးကို ပိုင်းခြားစေမည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ထောက်ပံ့ရေးကွင်းဆက် (supply chains) သစ်များ ဖန်တီးပြီး ရှိပြီးသား ကွင်းဆက်များကို ခုခံကာကွယ်ဖို့ လိုအပ်လာသည်။

“ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုအများစုကို တောင်ပိုင်းကမ္ဘာက ဖန်တီးထားခြင်းမရှိသေးသော်လည်း ၎င်းတို့သည် ကျွန်ုပ်တို့ကို ပိုမိုအကျိုးသက်ရောက်သည်” ဟု အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ (Narendra Modi) က ကြာသပတေးနေ့တွင် ပြုလုပ်သော တောင်ပိုင်းကမ္ဘာဆွေးနွေးပွဲ (Global South Summit) တွင် ၎င်း၏သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့သည်။ အိန္ဒိယက အိမ်ရှင်အဖြစ်ကျင်းပသည့် အွန်လိုင်းတွေ့ဆုံပွဲအတွင်း မိုဒီက ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၁၂၀) ကျော်ကို သူတို့အနေနှင့် ပိုမိုဖွံ့ဖြိုးပြီး နိုင်ငံများကို ဖိအားပေးရာတွင် လက်တွဲလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ပါသည်။ “ကျွန်ုပ်တို့မှာလည်း တူညီတဲ့အသံတစ်ခု ရှိသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ မကြာသေးမီလများအတွင်း မိုဒီသည် လက်ရှိ ကမ္ဘာ့အခင်းအကျင်းကို ပြင်းပြင်း ထန်ထန် ယခုလို ထုတ်ဖော်ပြောဆို ဝေဖန်ခဲ့ခြင်းမှာ ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယမန်နှစ် စက်တင်ဘာလတွင် ဥဇဘက်ကစ္စတန်တွင် နှစ်နိုင်ငံခေါင်းဆောင်တို့ကြား တွေ့ ဆုံမှုအတွင်း မိုဒီအား “ကျွန်ုပ်၏ ချစ်လှစွာသောသူငယ်ချင်း” ဟု ရည်ညွှန်းပြောဆိုပြီးနောက် မိုဒီက “ယနေ့ခေတ်သည် စစ်ဖြစ်ရန် အချိန်အခါမဟုတ်”ဟု ပြတ်ပြတ်သားသားပြောသောအခါတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တုန်လှုပ်သွား ခဲ့သည်။ နိုဝင်ဘာလတွင် အင်ဒိုနီးရှား၌ ကျင်းပသည့် ၎င်း၏ နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးတွင် ထိပ်တန်းစီးပွားရေး ၂၀ နိုင်ငံအုပ်စုတွင် အင်ဒိုနီးရှားသည် မိုဒီ၏ပူတင်အား ပြောကြားချက်ကို ပဲ့တင်လိုက်ပြီး “ယနေ့ခေတ်သည် စစ်ဖြစ်ရန် ခေတ်မဖြစ်သင့်ကြောင်း” ပြောကြားခဲ့သည်။ ထိုကဲ့သို့ အသံထုတ်ဖော်ပြောကြားရန် စေ့စပ်ညှိနှိုင်းမှုတွင် အိန္ဒိယသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏ လူဦးရေတိုးပွားမှုနှင့် စီးပွားရေးအင်အားကြောင့် နိုင်ငံတကာဇာတ်ခုံတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ယခုနှစ်တွင် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်လာရန် တရုတ်နိုင်ငံကို ကျော်တက် သွားလိမ့်မည်ဟု ခန့်မှန်းရပြီး ယမန်နှစ်က ၎င်း၏ ကိုလိုနီနယ်ချဲ့သခင်ဟောင်း ဗြိတိန်ကို စီးပွားရေးအရွယ်အစားဖြင့် ကျော်တက်သွားဖွယ်ရှိသည်။ အိန္ဒိယ၏ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလာနေရူးသည် ဘက်မလိုက်မူဝါဒကို ထောက်ခံကာ စစ်အေးတိုက်ပွဲ ကာလအတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို ၁၉၅၀ ခုနှစ်များအတွင်း တောင်းဆိုခဲ့သည်။ သို့သော် အိန္ဒိယ၏ လက်ရှိရပ်တည်ချက်မှာ ထိုအချိန်ကထက် ခြားနားသည်။ တချိန်က ဖွံ့ဖြိုးဆဲနိုင်ငံများကို စုစည်း၍ ရည်ညွှန်း ခေါ်ဆိုခြင်းသည်၊ လွန်ခဲ့သည့်ဆယ်စုနှစ် ခုနစ်ခုက ဆင်းရဲတွင်းနက်နေသော နိုင်ငံအစုအဝေးထက် မပိုသည့် တတိယကမ္ဘာအဖြစ်ဆိုလိုပြီး ယခုအိန္ဒိယ၏ လက်ရှိအနေအထားနှင့် ကွာခြားသည်။

ဂျပန်စီးပွားရေးသုတေသနစင်တာက အိန္ဒိယ၏ ပြည်တွင်းအသားတင်ထုတ်ကုန်သည် ၂၀၆၀ ပြည့်၌တွင် ကမ္ဘာ့အသားတင် ကုန်ထုတ်လုပ်မှု (GDP) ၏ ၁၆% အထိ ဆက်လက်ကြီးထွားလာမည်ဟု ခန့်မှန်းထားသည်။ တောင်အာရှနိုင်ငံသည် ၁၆ ရာစုတွင် စီးပွားရေးအရ အင်အား ပြန်လည်အရှိန်ရရှိနေသကဲ့သို့ ဖြစ်နေပြီး၊ ကမ္ဘာ့စီးပွားရေး၏ လေးပုံတစ်ပုံနီးပါးမျှ ရှိသည်။

နိုင်ဂျီးရီးယားသည် အထူးသဖြင့် ၎င်း၏လူဦးရေကြောင့် တိုးတက်မှု အလားအလာရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် လူဦးရေ သန်း ၄၀၀ နီးပါးဖြင့် ကမ္ဘာ့စတုတ္ထ လူအများဆုံး နိုင်ငံဖြစ်လာမည်ဟု ခန့်မှန်းထားသည်။ အင်အားကြီး အာဖရိကနိုင်ငံသည် နိုင်ငံ ရေး မငြိမ်သက်မှုများကြောင့် ၎င်း၏ လုပ်သားအင်အားကို ကာလရှည်ကြာအသုံးမချနိုင်ဘဲ ရပ်ဆိုင်းထားရသော်လည်း ပြောင်းပြန် လှန်နိုင်သည့် လက္ခဏာတွေ ရှိနေပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကို ယေဘုယျအားဖြင့် အရှေ့နှင့် အနောက်ကြား ပိုင်းခြားထား နိုင်သည်။ သို့သော် ဤသို့ကမ္ဘာသည် အရှေ့အနောက်နှစ်ပိုင်းရှိနေရာမှ ဘက်စုံပါဝင်သည့် ဝင်ရိုးစွန်းတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။ အကယ်၍ ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားနေပါက ဖွံ့ဖြိုးပြီးနိုင်ငံများ၏ သီးသန့်ကုန်သွယ်မှု အစုအဖွဲ့များ ဖွဲ့စည်းရန် ကြိုးပမ်း အားထုတ်မှုများကို မကြာမီတွင် ခေတ်နောက်ပြန်ဆွဲမှုအဖြစ် ရှုမြင်လာနိုင်သည်။ “ဘိုင်ဒင် အုပ်ချုပ်ရေး၏ မိတ်ဆွေအဖြစ် ချဉ်းကပ်မှုသည် ကျွန်ုပ်တို့အားကိုးနိုင်သည့် ယုံကြည်ရသော ကုန်သွယ်ဖက် အများအပြားနှင့် ကျွန်ုပ်တို့၏ စီးပွားရေး ပေါင်းစည်းမှုကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်သည်” ဟု ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက် ရဲလ်လင် (Janet Yellen) က ၎င်း၏မှတ်ချက်တွင် ရေးသားခဲ့သည်။

မိတ်ဖက်ရင်းနှီးမှုကို လက်တွေ့အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသ သာယာ ဝပြောရေးအတွက် စီးပွားရေးမူဘောင် (IPEF) ချမှတ်ဆွေးနွေးမှု ကို ပြီးခဲ့သောနှစ်တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံဖြင့် စတင်ခဲ့သည်။ သို့သော် စိတ်ကူးယဉ်မှုနှင့် လက်တွေ့ဘဝကြားတွင် ကြီးမားသော ကွာဟချက်ရှိသည်။ ၂၀၂၂ ခုနှစ် နွေရာသီတွင် ကျင်းပသော အွန်လိုင်းဝန်ကြီးအဆင့် IPEF အစည်းအဝေးအဖွင့်တွင် ဘုံသဘောတူညီမှု မရရှိခြင်းမှာ ထင်ရှားသည့် အထောက်အထားတခု ဖြစ်သည်။ အင်ဒိုနီးရှား မတက်ရောက်သည့်အတွက် ရုပ်သံညီလာခံမြင်ကွင်းတွင် နိုင်ငံပေါင်း ၁၃ နိုင်ငံကသာ ညီလာခံ မြင်ကွင်းမှာ ပေါ်လာခဲ့သည်။ ဂျကာတာသည် ဒေတာစီးဆင်းမှုကို ထိန်းချုပ်သည့် မူဘောင်တစ်ခုအတွက် အမေရိကန်နှင့် ထိပ်တိုက်တွေ့နေသည်ဟု လူသိများသည်။ IPEF ဆွေးနွေးပွဲ၏ အဓိက ဦးတည်ချက်ဖြစ်သော ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုတွင် အိန္ဒိယကလည်း ပါဝင်ရန် ငြင်းဆိုခဲ့သည်။ စတင်ကျင်းပသည်နှင့် အက်ကြောင်းများသည် မိတ်ဖက် ဆက်ဆံရေးအတွင်း ပေါ်ထွက်လာခဲ့သည်။

၁၉၃၀ ခုနှစ်များအတွင်း ဗြိတိန်နှင့် ပြင်သစ်တို့သည် ၎င်းတို့၏ ကိုလိုနီနယ်များနှင့် ပြိုင်ဘက်များကို ဖယ်ထုတ်ထားသော စီးပွားရေးအစုအဖွဲ့များ တည်ထောင်ခဲ့သည်။ ယင်းအစုအဖွဲ့များသည် ဒုတိယကမ္ဘာစစ်ကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများဟု ဆိုကြသည်။ ထိုအချိန်အခါနှင့် ယနေ့အကြားတွင် အရေးကြီးသော ကွာခြားချက်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် စီးပွားရေးအရရော နိုင်ငံရေးအရပါ စုပေါင်းအာဏာအဖြစ် စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဤအစုအဖွဲ့အသစ်သည် ကမ္ဘာပေါ်ရှိ တင်းမာမှုများကို ခွဲဝေခွဲခြမ်းရန်နှင့် လျော့ပါးစေရန် ပေါင်းကူး ကူညီနိုင်မည်လား၊ သို့မဟုတ် ရန်လိုမုန်းတီးမှုများကို ပိုမိုဆိုးရွားစေကာ ပိုမိုပူပြင်းသောစစ်ပွဲများကို ဖြစ်ပေါ်စေမည်လား။ ၂၀၂၃ ခုနှစ်တွင် ဤဘက်စုံကမ္ဘာသစ်၏ ဦးတည်ချက်ကို ထုတ်ဖော်နိုင်ဖွယ်ရှိသည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေ့တွင် ဖော်ပြသည့် Nikkei သတင်းဆောင်းပါး Collective power of developing nations creating multipolar world ကို Era’s Eyes (ခေတ်မျက်လုံး) မှ တိုက်ရိုက်ဘာသာပြန်သည်။

ဘယ်ဘက်မှ − အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်။ အနောက် သို့မဟုတ် အရှေ့အုပ်စု များတွင် အပြည့်အ၀ မပါဝင်နိုင်သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စွမ်းအားသည် ကြီးထွားလာသည်။

(Nikkei ပုံရိပ်ဖော်/Getty Images/Reuters) Nikkei ဝန်ထမ်းစာရေးဆရာများ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 74 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို