နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက တရား၀င် လက်နက်ကိုင်ဆောင်ခွင့် ဥပဒေ ထုတ်ပြန်၊ ပြည်သူများကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်

စစ်ကောင်စီက ဇန်နဝါရီ (၃၁) ရက်မှာ တရား၀င်လက်နက်ကိုင် ဆောင်ခွင့်ဥပဒေကို အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အခုလို အတည်ပြုလိုက်တဲ့ ဥ‌ပဒေဟာ စစ်ကောင်စီလက်‌ဝေခံ အုပ်ချုပ်ရေးမှုူတွေ ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်မှုထမ်း ဟောင်းအဖွဲ့တွေဟာ တရားဝင်လက်နက်ကိုင်ဆောင်လို့ရလာမှာ ဖြစ်ပါတယ်။

အဲဒီ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေအပေါ်မှာ တရားဥပဒေမဲ့ အကာကွယ်မဲ့မင်းမဲ့စရိုက်ဆန်ဆန်တွေ ပေါများလာမှာကို ပြည်သူတွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုကိုင်ဆောင်ခွင့် ပြုလိုက်တဲ့ လက်နက်တွေက ဒသမ ၃၈ လက်မနှင့် ၎င်းထက် ပြောင်းဝငယ်သော ဆုံလည်သေနတ်၊ ၉ မီလီမီတာနဲ့ဲ့ပြောင်းဝငယ်သော ပစ္စတိုသေနတ်၊ ၁၂ ဘိုးနဲ့ အဲဒီပြောင်းထက်ပြောင်းဝငယ်တဲ့ ပြောင် ချော သေနတ်၊ ဒသမ ၂၂ လက်မ နဲ့ အဲဒီထက်ပြောင်းဝကျယ်တဲ့ အမဲလိုက်သေနတ်နဲ့လေသေနတ်တို့ ကို ကိုင်ဆောင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ တိုင်းဒေသကြီး လေးခုနဲ့ ပြည်နယ်လေးခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ( Martial Law) ဖေဖေါ်ဝါရီ (၂) ရက်နေ့က ‌ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီဥပဒေမှာ လူတဦးကို လက်နက်(၃)လက်အထိ ကိုင်ဆောင်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။ သေနတ်ကိုင်ဆောင်ခွင့် သက်တမ်းကို (၁) နှစ်အထိခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်ဆောင်ထားသူအနေနဲ့လည်း ‌စစ်ကောင်စီက အခါအားလျော်စွာ လိုအပ်လို့ ဒေသလုံခြုံရေး ကိစ္စတွေ ၊ တရားဥပဒေစိုးမိုးရေး နဲ့စည်းကမ်းတည်ငြိမ်ရေးကိစ္စတွေ အတွက်လိုအပ်ရင် ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ အာဏာပိုင်အဖွဲ့အစည်းက ညွှန်ကြားလာတဲ့အခါမှာ လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့လည်းဖော်ပြထားပါတယ်။

Photo | CJ | စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေး‌နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 16 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 44 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 37 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ “ ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၁)နှစ်ဆိုပြီး
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 31 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 31 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 22 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 50 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို
မြန်မာသတင်း

ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်တယ်လို့ KTLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 43 Views
ဇန်နဝါရီလ (၇)ရက်။ ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei)ကို တည်ထောင်လိုက်တယ်လို့ ကော်သူးလေအစိုးရ(G.O.K)က ဇန်နဝါရီလ (၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ ပြိုကွဲပျက်စီးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့ နိုင်ငံတော်သစ်တရပ်အနေနဲ့ တည်ထောင်တာလို့