နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက တရား၀င် လက်နက်ကိုင်ဆောင်ခွင့် ဥပဒေ ထုတ်ပြန်၊ ပြည်သူများကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်

စစ်ကောင်စီက ဇန်နဝါရီ (၃၁) ရက်မှာ တရား၀င်လက်နက်ကိုင် ဆောင်ခွင့်ဥပဒေကို အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အခုလို အတည်ပြုလိုက်တဲ့ ဥ‌ပဒေဟာ စစ်ကောင်စီလက်‌ဝေခံ အုပ်ချုပ်ရေးမှုူတွေ ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်မှုထမ်း ဟောင်းအဖွဲ့တွေဟာ တရားဝင်လက်နက်ကိုင်ဆောင်လို့ရလာမှာ ဖြစ်ပါတယ်။

အဲဒီ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေအပေါ်မှာ တရားဥပဒေမဲ့ အကာကွယ်မဲ့မင်းမဲ့စရိုက်ဆန်ဆန်တွေ ပေါများလာမှာကို ပြည်သူတွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုကိုင်ဆောင်ခွင့် ပြုလိုက်တဲ့ လက်နက်တွေက ဒသမ ၃၈ လက်မနှင့် ၎င်းထက် ပြောင်းဝငယ်သော ဆုံလည်သေနတ်၊ ၉ မီလီမီတာနဲ့ဲ့ပြောင်းဝငယ်သော ပစ္စတိုသေနတ်၊ ၁၂ ဘိုးနဲ့ အဲဒီပြောင်းထက်ပြောင်းဝငယ်တဲ့ ပြောင် ချော သေနတ်၊ ဒသမ ၂၂ လက်မ နဲ့ အဲဒီထက်ပြောင်းဝကျယ်တဲ့ အမဲလိုက်သေနတ်နဲ့လေသေနတ်တို့ ကို ကိုင်ဆောင်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ တိုင်းဒေသကြီး လေးခုနဲ့ ပြည်နယ်လေးခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ( Martial Law) ဖေဖေါ်ဝါရီ (၂) ရက်နေ့က ‌ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီဥပဒေမှာ လူတဦးကို လက်နက်(၃)လက်အထိ ကိုင်ဆောင်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။ သေနတ်ကိုင်ဆောင်ခွင့် သက်တမ်းကို (၁) နှစ်အထိခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်ဆောင်ထားသူအနေနဲ့လည်း ‌စစ်ကောင်စီက အခါအားလျော်စွာ လိုအပ်လို့ ဒေသလုံခြုံရေး ကိစ္စတွေ ၊ တရားဥပဒေစိုးမိုးရေး နဲ့စည်းကမ်းတည်ငြိမ်ရေးကိစ္စတွေ အတွက်လိုအပ်ရင် ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ အာဏာပိုင်အဖွဲ့အစည်းက ညွှန်ကြားလာတဲ့အခါမှာ လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့လည်းဖော်ပြထားပါတယ်။

Photo | CJ | စစ်ကောင်စီတပ်က လက်နက် တပ်ဆင်ပေး‌နေသည့် ပြည်သူ့လုံခြုံရေးအဖွဲ့။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 47 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 51 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 43 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ