နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

တအာင်းတပ်မတော် (TNLA) နဲ့ မန္တလေး (PDF) တို့ရဲ့ ကနောင်စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၀) ကျော်သေဆုံးခဲ့

တအာင်းတပ်မတော်(TNLA)နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းဆင်နွှဲတဲ့ “ ကနောင်စစ်ဆင်ရေး” မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၆) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MDY-PDF ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

တအာင်းတပ်မတော် (TNLA)နဲ့ MDY-PDF တို့ ပူးပေါင်းဆင်နွှဲတဲ့ ကနောင်စစ်ဆင်ရေးကို ဇူလိုင်လ (၁၅) ရက်နေ့က စတင်ခဲ့ကာ စက်တင်ဘာလ (၁၀) ရက်နေ့အထိ ကနဦးတိုက်ပွဲသတင်းအချက်အလက်တွေကို အစီရင်ခံဖော်ပြလာတာပါ။

ဇူလိုင်လ (၁၅) ရက်နေ့ ကနောင်စစ်ဆင်ရေးရဲ့ အဖွင့်အနေနဲ့ မတ္တရာမြို့ရှိ အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ်(၁၀၁၄)ကို နံနက် (၃)နာရီအချိန်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်ကြင်းမြိုင်တပ်ရဲ့ ကာကင်းစခန်းကို ဝင်ရောက်စီနင်းခဲ့ကာ အင်အား (၁၀၀) ခန့်နဲ့ စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်း (၆) စီးကိုလည်း မိုင်းဆွဲဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး (၁)ဦးအပါအဝင် မျက်မြင်သေဆုံးသူ (၁၉)ဦးနဲ့ ဒစ်ရာရရှိသူ အများအပြားရှိခဲ့ပြီး စစ်ကူလာတဲ့ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ MDY-PDF ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ (၁) ရက်နေ့က နောင်ချိုအနီးမှာ စစ်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာတဲ့ အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ဩဂုတ်လ (၁၁)နေ့မှာ ပူးပေါင်းတပ်တွေ ဆုတ်ခွာတဲ့လမ်းကြောင်းကို စစ်ကြောင်းထိုးလာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ရင်းက အင်အား (၅၀) ခန့်ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းမှူးအပါအဝင် (၁၀) ဦးခန့်သေဆုံးပြီး (၆) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ မီးကျည်ဖောက်ပြီး စစ်ကူတောင်းခဲ့ရတဲ့အထိ ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဩဂုတ်လ (၂၆)ရက်နေ့ နံနက် (၉)နာရီအချိန်ကလည်း TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ညနေ (၄)နာရီအချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီဘက်က (၇) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၆) ရက်နေ့က တပ်ဖွဲ့ဝင်တွေရှိရာကို ချဉ်းကပ်လာကာ ပိတ်ဆို့ဖို့ကြိုးစားခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တန်ပြန်ပိတ်ဆို့ခဲ့ရာ စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၇)နာရီခွဲကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး အနီးဝန်းကျင်က ကလေးသူငယ်တွေကို လူသားဒိုင်းတွေသဖွယ် အသုံးပြု ဆုတ်ခွာသွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၆)ဦးသေဆုံးသလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၃) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကာ အလောင်း (၁) လောင်းနဲ့ ခဲယမ်းအမြောက်အများကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၈)ရက်နေ့မှာ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းပေါ်ရှီ တောင်နီးကျေးရွာအနီးက တာဝါတိုင်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ (၅)နာရီအကြာမှာ စစ်ကောင်စီဘက်က အထိနာပြီး အဲ့ဒီတာဝါတိုင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၃) ဦးသေဆုံးပြီး (၆)ဦးကို မိုးကုတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ လက်နက်ခဲယမ်းအများအပြားနဲ့ အလောင်း(၅)လောင်းကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

တာဝါတိုင်ကုန်းသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးမှာ ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပြီး စက်တင်ဘာလ (၁၀)ရက်နေ့မှာလည်း စစ်ကြောင်းထိုးစစ်ဆင်လာတာကြောင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း ဒုစစ်ကြောင်းမှူးအပါအဝင် (၃) ဦးသေဆုံးခဲ့ပြီး ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုများရှိခဲ့ကာ အသေးစိတ်ကိုတော့ ဆက်လက်ထောက်လှမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

MDY-PDF ရဲ့ ကနောင်စစ်ဆင်ရေးမှာ ပြီးဆုံးခြင်းမရှိသေးဘဲ အခုချိန်ထိ တပ်မ(၉၉)၊ တပ်(၁၀၁)လက်အောက်ခံ (ခလရ-၂၅၂၊ ၂၅၇) နဲ့ စကခ (၁) လက်အောက်ခံ ခမရ(၅၀၂) တို့က အင်အား (၄၀၀) ဝန်းကျင်ခန့်နဲ့ ထိပ်တိုက်ဆိုင်ထားပြီး စစ်ရေးတင်းမာနေတယ်လို့ ရေးသားထားပါတယ်။

MDY-PDF အနေနဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဖော်ဆောင်လျက်ရှိပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုဉ်းတဲ့အထိ အရှိန်အဟုန်ပြင်းပြင်း ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

+2

All reactions:

4444

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံး (၁၁)လုံးကြဲချတိုက်ခိုက်၊ ပြည်သူ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 22 Views
ဇူလိုင်လ (၁)ရက်။ ဒီကနေ့ နေ့လယ် (၃)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ သုံးဆယ်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၁၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရချိန် ကိုဝေမိုးနိုင် သွေးထွက်လွန်ပြီး သတိမေ့မျောခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 18 Views
ဇူလိုင်လ (၁)ရက်။ မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး PPNM က ဒီကနေ့မှာ နောက်ဆက်တွဲ ထပ်မံထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 29 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ အာဏာသိမ်း (၅)နှစ်တာထဲ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 33 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 23 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 27 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ