နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

တအာင်းတပ်မတော် (TNLA) နဲ့ မန္တလေး (PDF) တို့ရဲ့ ကနောင်စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၀) ကျော်သေဆုံးခဲ့

တအာင်းတပ်မတော်(TNLA)နဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းဆင်နွှဲတဲ့ “ ကနောင်စစ်ဆင်ရေး” မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၇၆) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MDY-PDF ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

တအာင်းတပ်မတော် (TNLA)နဲ့ MDY-PDF တို့ ပူးပေါင်းဆင်နွှဲတဲ့ ကနောင်စစ်ဆင်ရေးကို ဇူလိုင်လ (၁၅) ရက်နေ့က စတင်ခဲ့ကာ စက်တင်ဘာလ (၁၀) ရက်နေ့အထိ ကနဦးတိုက်ပွဲသတင်းအချက်အလက်တွေကို အစီရင်ခံဖော်ပြလာတာပါ။

ဇူလိုင်လ (၁၅) ရက်နေ့ ကနောင်စစ်ဆင်ရေးရဲ့ အဖွင့်အနေနဲ့ မတ္တရာမြို့ရှိ အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ်(၁၀၁၄)ကို နံနက် (၃)နာရီအချိန်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်ကြင်းမြိုင်တပ်ရဲ့ ကာကင်းစခန်းကို ဝင်ရောက်စီနင်းခဲ့ကာ အင်အား (၁၀၀) ခန့်နဲ့ စစ်ကူလာတဲ့ စစ်ကောင်စီယာဉ်တန်း (၆) စီးကိုလည်း မိုင်းဆွဲဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး (၁)ဦးအပါအဝင် မျက်မြင်သေဆုံးသူ (၁၉)ဦးနဲ့ ဒစ်ရာရရှိသူ အများအပြားရှိခဲ့ပြီး စစ်ကူလာတဲ့ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ MDY-PDF ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဩဂုတ်လ (၁) ရက်နေ့က နောင်ချိုအနီးမှာ စစ်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာတဲ့ အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ဩဂုတ်လ (၁၁)နေ့မှာ ပူးပေါင်းတပ်တွေ ဆုတ်ခွာတဲ့လမ်းကြောင်းကို စစ်ကြောင်းထိုးလာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ရင်းက အင်အား (၅၀) ခန့်ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းမှူးအပါအဝင် (၁၀) ဦးခန့်သေဆုံးပြီး (၆) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ မီးကျည်ဖောက်ပြီး စစ်ကူတောင်းခဲ့ရတဲ့အထိ ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဩဂုတ်လ (၂၆)ရက်နေ့ နံနက် (၉)နာရီအချိန်ကလည်း TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ညနေ (၄)နာရီအချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီဘက်က (၇) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၆) ရက်နေ့က တပ်ဖွဲ့ဝင်တွေရှိရာကို ချဉ်းကပ်လာကာ ပိတ်ဆို့ဖို့ကြိုးစားခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တန်ပြန်ပိတ်ဆို့ခဲ့ရာ စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၇)နာရီခွဲကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး အနီးဝန်းကျင်က ကလေးသူငယ်တွေကို လူသားဒိုင်းတွေသဖွယ် အသုံးပြု ဆုတ်ခွာသွားခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၆)ဦးသေဆုံးသလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၃) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကာ အလောင်း (၁) လောင်းနဲ့ ခဲယမ်းအမြောက်အများကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၈)ရက်နေ့မှာ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းပေါ်ရှီ တောင်နီးကျေးရွာအနီးက တာဝါတိုင်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ (၅)နာရီအကြာမှာ စစ်ကောင်စီဘက်က အထိနာပြီး အဲ့ဒီတာဝါတိုင်ကုန်းကို သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၃) ဦးသေဆုံးပြီး (၆)ဦးကို မိုးကုတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ လက်နက်ခဲယမ်းအများအပြားနဲ့ အလောင်း(၅)လောင်းကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

တာဝါတိုင်ကုန်းသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးမှာ ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပြီး စက်တင်ဘာလ (၁၀)ရက်နေ့မှာလည်း စစ်ကြောင်းထိုးစစ်ဆင်လာတာကြောင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း ဒုစစ်ကြောင်းမှူးအပါအဝင် (၃) ဦးသေဆုံးခဲ့ပြီး ဒရုန်းနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုများရှိခဲ့ကာ အသေးစိတ်ကိုတော့ ဆက်လက်ထောက်လှမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

MDY-PDF ရဲ့ ကနောင်စစ်ဆင်ရေးမှာ ပြီးဆုံးခြင်းမရှိသေးဘဲ အခုချိန်ထိ တပ်မ(၉၉)၊ တပ်(၁၀၁)လက်အောက်ခံ (ခလရ-၂၅၂၊ ၂၅၇) နဲ့ စကခ (၁) လက်အောက်ခံ ခမရ(၅၀၂) တို့က အင်အား (၄၀၀) ဝန်းကျင်ခန့်နဲ့ ထိပ်တိုက်ဆိုင်ထားပြီး စစ်ရေးတင်းမာနေတယ်လို့ ရေးသားထားပါတယ်။

MDY-PDF အနေနဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဖော်ဆောင်လျက်ရှိပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုဉ်းတဲ့အထိ အရှိန်အဟုန်ပြင်းပြင်း ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

+2

All reactions:

4444

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

”မြောက်ဦးမှာဗုံးတွေကြဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 18 Views
NUG ကဘုံးနေဆဲ ငြိမ်းချမ်းရေးကဘယ်မှာလဲ?” ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်းဟာအခုဆိုရင် (၂၅)ခုမြောက်ရှိလာပါပြီ၊ ဒီအပတ်မှာတော့ စစ်အုပ်စုရဲ့လူမဆန်တဲ့ မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးပြောကြားမှာဖြစ်သလို NUG ရဲ့
မြန်မာသတင်း

မြောက်ဦးဆေးရုံကို စစ်စခန်းအနေနဲ့ အသုံးပြုတာကြောင့် တိုက်ခိုက်တာဆိုပြီး စစ်တပ် လိမ်လည်သတင်းထုတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 31 Views
ဒီဇင်ဘာလ (၁၃)ရက်။ မြောက်ဦးပြည်သူ့ဆေးရုံကို AA နဲ့ PDF တွေက စစ်စခန်းအနေနဲ့ အသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး စစ်တပ်က ဒီကနေ့ထုတ်သတင်းစာကနေ
မြန်မာသတင်း

ရေဖြူမြို့ပေါ်ရှိ စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို PDF စီးနင်းတိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 24 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က ရေဖြုမြို့ပေါ်ရှိ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးအပါအဝင် စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ မြို့ပေါ်က ရဲစခန်း၊ ထွေ/အုပ်နဲ့ လဝကရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေကို PDF
မြန်မာသတင်း

မြောက်ဦးအပါအဝင် တညထဲ မြို့(၄)မြို့ကို စစ်တပ် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က ညပိုင်းအချိန်က ရခိုင်ရှိ မြောက်ဦးမြို့အပါအဝင် မြို့ (၄)မြို့ကို စစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီလောက်ကစပြီး မြောက်ဦး၊ ပုဏ္ဏားကျွန်း၊
မြန်မာသတင်း

မြန်မာဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူမဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 23 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြန်မာနိုင်ငံဟာ ကျားဖြန့်လုပ်ငန်း တည်နေရာဖြစ်ပေမယ့် အဓိကအကျိုးအမြတ်ရသူ မဟုတ်ဘူးဆိုပြီး စစ်ကော်မရှင်ရဲ့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က မနေ့က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ ပထမဆုံးအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့နယ်မြေထဲ တည်ရှိနေတာထက် ကွင်းဆက်များစွာနဲ့ လည်ပတ်နေတဲ့
မြန်မာသတင်း

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 40 Views
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆို ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၄)နှစ်ကျော်ကာလထဲ
မြန်မာသတင်း

လာမယ့်နှစ် မတ်လကုန်မှာ အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 37 Views
ဒီဇင်ဘာလ (၁၂)ရက်။ ၂၀၂၆ခုနှစ် မတ်လကုန်ပိုင်းမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လာမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်မြို့ကိုရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လာမယ့် (၂၈)ရက်နေ့ နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ၂၀၂၆ခုနှစ် မတ်လကုန်မှာ အစိုးရအဖွဲ့
မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 50 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ အသိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ PDF နဲ့ ပကဖတွေအနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသကို