၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။
ဒီကနေ့ နိုဝင်ဘာလ ၁၂ရက် ညနေပိုင်း ကွမ်းလုံမြို့က ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ MNDAA က မှာ ရုပ်သံနဲ့တကွ သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ဖမ်းဆီးရရှိမှု အခြေအနေနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုကိုတော့ စာရင်းပြုလုပ်နေဆဲဖြစ်ပြီး ထုတ်ပြန်ပေးမယ်လို့ MNDAA က ဆိုပါတယ်။
၁၀.၂၇ စစ်ဆင်ရေးအဖြစ် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာဖြစ်ပြီး ကွမ်းလုံမြို့ကိုတော့ ရက်ပေါင်းများစွာ တိုက်ခိုက်ရယူခဲ့ရတာပါ။ စစ်ကောင်စီဘက်က ကွမ်းလုံကို တစ်ရက်တည်း အကြိမ်ပေါင်း (၉၀) လောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။