နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အမေရိကန်တွင် စစ်သားသစ်စုဆောင်းရေးအတွက်အခက်အခဲများကို အမေရိကန်စစ်တပ်မှ ကြိုးပမ်းကျော်လွှားနေ

(စကားချီး- ဤဆောင်းပါးပါ “ နိုးကြားခြင်း” ဆိုသည့် စကားလုံးအသစ်ကို ပထမဦးစွာ သိနားလည်မှသာ သဘောပေါက်နိုင်မည်ဖြစ်၍ စာရေးသူမှ ရှင်းလင်းတင်ပြလိုပါသည်။ “ နိုးကြားခြင်း” (wokeness) သည် ကျားမ- လိင်-လူမျိုးရေး-အသားအရောင် ခွဲခြားမှုများ ရှိနေကြောင်း သိရှိလာပြီး ထိုခွဲခြားဆက်ဆံမှုများကို ဆန့်ကျင် နိုးကြားလာခြင်းကို ယနေ့ဘန်းစကားဖြင့်ခေါ်ဆိုခြင်းဖြစ်သည်)

ရီပတ်ဘလစ်ကန်အချို့က COVID-19 ကာကွယ်ဆေး သို့မဟုတ် စစ်တပ်၏ စုဆောင်းရေး မပြေလည်မှုများအတွက် “ နိုး ကြားခြင်း” ကို အပြစ်တင်နေသော်လည်း ပိုကြီးသောအခက်အခဲများမှာ မိရိုးဖလာအစဉ်အလာကြောင့် ဖြစ်ကြောင်း စစ်မှုထမ်းများက ပြောသည်။ လူငယ်များက မသေချင်ကြဘူး သို့မဟုတ် ဒဏ်ရာမရချင်ကြဘူး နောက်စစ်အမှုထမ်းဘဝမှာ ကြုံရမယ့် စိတ်ဖိစီးမှုတွေနဲ့ သူတို့ရဲ့ဘဝကို မြှုပ်နှံမထားချင်ဘူး။ “စစ်တပ်ကို သူတို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအဖြစ် မမြင်ကြဘူး” ဟု စစ်တပ်၏ စစ်သားစုဆောင်းရေးအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Alex Fink က ပြောသည်။

“ သူတို့က ငါတို့ကို လေးစားစရာလို့ မြင်ပေမယ့် သူတို့ရဲ့ဘဝနဲ့ သက်ဆိုင်တယ်လို့ မမြင်ဘူး” ဟု သူက ဆိုသည်။ ကာလကြာရှည်စွာ ရှိခဲ့သည့် ပြဿနာများကြောင့် စစ်သားသစ် စုဆောင်းရရှိနိုင်ရေးသည် ဆယ်စုနှစ်များစွာအတွင်း အခက်အခဲ ပြဿနာများ ရှိနေခဲ့ပြီး အမေရိကန်စစ်တပ်မှ အဆိုပါ ကာလရှည်စွာရှိနေသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ပိုမိုအရေး တကြီး လုပ်ဆောင် နေပါသည်။ စစ်တပ်သည် ခံယူချက်များကို ပြောင်းလဲရန်နှင့် ကျဆင်းမှုကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းမှုတွင် အစီအစဉ်သစ်များ၊ ကြော်ငြာများနှင့် ဆွဲဆောင်မှုများ ဖြင့်ကမ်းလှမ်းလျက်ရှိသည်။

မက်လုံးတစ်ခုသည် လူသစ်စုဆောင်းသူများသည် တပ်သားစုဆောင်းရာတွင် အခြေခံစာရင်း လိုအပ်ချက်ထက်ကျော်လွန်ပါက လေးပုံတစ်ပုံလျှင် ဒေါ်လာ ၄,၅၀၀ အထိ ဘောနပ်စ် ရရှိသည်။ ရှေ့ပြေးအစီအစဉ်တစ်ခုသည် အောက်ခြေအဆင့် သုံးဆင့်ရှိ ငယ်ရွယ်သောစစ်သားများက စစ်မှုထမ်းမည့်သူတစ်ဦးကို ရည်ညွှန်းပေးပြီး ထိုသူက အခြေခံသင်တန်းလာတက်ပါက သူ့အနေနှင့် ရာထူးတိုးခွင့်ရရှိစေမည်ဖြစ်သည်။ စစ်သားတစ်ဦးလျှင် ရာထူးတိုးခွင့် တစ်ကြိမ်သာ ခွင့်ပြုသည်။

စစ်တပ်တွင် တပ်သားစုဆောင်းရေး ရည်မှန်းချက်များ ပြည့်မီရန် ရုန်းကန်နေရသော မနှစ်က ၎င်း၏ ၆၀,၀၀၀ စုဆောင်းရေး ရည်မှန်းချက်ထက် ၂၅ ရာခိုင်နှုန်းခန့် စစ်သား ၁၅,၀၀၀ ခန့် ကျဆင်းသွားခဲ့သည်။ စစ်တပ် အတွင်းရေးမှုး ခရစ်စတင်း ဝါမွတ် (Christine Wormuth) က စစ်တပ်သည် ယခုနှစ်အတွက် ခက်ခဲသော ရည်မှန်းချက်ကို ချမှတ်ထားပြီး စစ်သားသစ် ၆၅,၀၀၀ ကို ၂၀၂၂ခုနှစ် တွင်ထက် ၂၀,၀၀၀ ပိုများလာစေရန် ရည်မှန်းထားသည်။ မည်သို့မည်ပုံ ဖြစ်လာမည်ကို ခန့်မှန်းရခက်သည်ဟု သူမက ပြောသည်။ မနှစ်က ကိန်းဂဏန်းများကို ကျော်တက်အောင် လုပ်နိုင်ဖို့ဖြစ်တယ်။

“ကျွန်မပြာချင်တာက ဒါဟာ လိုတာထက် ပိုဆန့်ထုတ်ထားတဲ့ ပန်းတိုင်တစ်ခုပါပဲ” လို့ သူမက ဆိုပါတယ်။ Wormuth က သူမနှင့် စစ်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး James McConville တို့သည် ရည်မှန်းချက် ကြီးကြီးမားမား ချမှတ်ရန် လို အပ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်မတို့ အရှိန်အဟုန်နဲ့ ရှေ့ကိုရောက်နေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီဘဏ္ဍာရေးနှစ်အကုန်မှာ ဘယ်အထိ ရောက်မယ်ဆိုတာပြောဖို့စောလွန်းနေပါသေးတယ်။ ကျမတို့ မနှစ်ကထက် ပိုကောင်းအောင် လုပ်နိုင်မယ်ဆိုတာ သိပါတယ်” ဟု ပြောပါသည်။ စစ်တပ်၏ ကြိုးပမ်းအားထုတ်မှုများကို လူငယ်များက စစ်တပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် အဘယ်ကြောင့် မယူဆကြဘဲ ရှိနေသည်ကို ဖော်ထုတ်သိရှိနိုင်စေရန် ရည်ရွယ်ပြီး စစ်တမ်းကောက်ယူခြင်းများ၏ လမ်းညွှန်ချက်အရ စစ်တပ်၏ကြိုးစားအားထုတ်မှုဖြစ်သည်။

အဆိုပါ စစ်တမ်းများကို ပြီးခဲ့သည့် နွေဦးနှင့် နွေရာသီ လေးလကျော်က ပြုလုပ်ခဲ့သည်။ ၎င်းတို့တွင် တစ်လလျှင် အသက် ၁၆ နှစ်မှ ၂၈ နှစ်ကြား ဖြေဆိုသူ ၆၀၀ ခန့်ရှိသည်။ စစ်တပ်သည် အထွေထွေတွေ့ရှိချက်များကို The Associated Press နှင့် ဆွေးနွေးခဲ့သော်လည်း စစ်တမ်းများကို ပုဂ္ဂလိက သုတေသန ကန်ထရိုက်တာမှ လုပ်ဆောင်ခဲ့ပြီး လိုင်စင်သဘောတူညီ ချက်များသည် အချက်အလက်စုဆောင်းမှု အသေးစိတ်အချက်အလက်များကို အများသူငှာ ထုတ်ပြန်ခြင်းကို ကန့်သတ်ထား သည်ဟု ဆိုကာ အသေးစိတ်နည်းစနစ်ကို ပေးရန် ငြင်းဆိုခဲ့သည်။

စစ်တမ်းများကို အခြေခံ၍ လူငယ်များသည် စစ်တပ်ကို လုံခြုံသောနေရာ သို့မဟုတ် ကောင်းမွန်သော အသက်မွေးဝမ်း ကျောင်း လမ်းကြောင်းအဖြစ် မမြင်ကြဘဲ စာရင်းသွင်းပါက ၎င်းတို့၏ ဘဝနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ရပ်ဆိုင်းထားရမည်ဟု ယုံကြည်နေကြောင်း တာဝန်ရှိသူများက ဆိုသည်။ “နိုးကြားခြင်း” ကြောင့် စစ်မှုထမ်းရန် ငြင်းပယ်သူ အနည်းငယ်သာရှိသည်ဟု စစ်တပ်ခေါင်းဆောင်များက ပြောသည်။ အမှန်မှာ အမျိုးသမီးများနှင့် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံခြင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ပိုမိုကြီးမားသော ပြဿနာအဖြစ် ရှုမြင်ကြပြီး စစ်တပ်အပေါ် ယေဘူယျ မယုံ ကြည်မှုများလည်း ရှိနေသည်။

“နိုးကြားခြင်း” သည် လူမျိုးရေးနှင့် လူမှုရေးတရားမျှတမှုဆိုင်ရာ ကိစ္စရပ်များကို အာရုံစူးစိုက်မှုအား မူလဖော်ပြသည့် ဘန် စကားတစ်ခု ဖြစ်သည်။ အချို့သောလူများနှင့် အုပ်စုများ အထူးသဖြင့် ရှေးရိုးစွဲဝါဒီ ကွန်ဆားဗေးတစ် များသည် ၎င်းအချက်ကို ဂုဏ်သရေပျက်စေသော အသုံးအနှုန်းဖြစ်ပြီး လွန်ကဲစွာတုံ့ပြန်မှုဟု အမြင်ရှိသည်။

စစ်မှုထမ်းများဆိုင်ရာ အောက်လွှတ်တော် လက်နက်ကိုင် ဝန်ဆောင်မှုဆပ်ကော်မတီ ဥက္ကဌဂျင်ဘန့်စ် (Jim Banks) အပါ အဝင် ကွန်ဂရက်ရှိ ရီပတ်ဘလီကန်များ သည် ယခုနှစ်အတွင်း “နိုးကြားခြင်း” ကို ပစ်မှတ်ထားရန် ကတိပြုခဲ့ကြသည်။ ဘန့်စ် က “ တပ်သားသစ်စုဆောင်းမှုနှင့် ထိန်းသိမ်းမှုကို တွန်းအားပေးနေသည့် ဘိုင်ဒင် အစိုးရ၏ “နိုးကြားခြင်း” အစီအစဉ်ကို ဖော်ထုတ်ခြင်းနှင့် ဖျက်သိမ်းခြင်း” သည် ယခုနှစ်အတွက် သူ့အတွက် ထိပ်တန်းဦးစားပေးဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၎င်း၏ပြောရေးဆိုခွင့်ရှိသူ ဘတ်ကလေ ကာလ်ဆန် (Buckley Carlson) က ကာကွယ်ရေးဝန်ကြီးဌာနတွင် “ နိုးကြားခြင်း” ကို တိုက်ဖျက်ခြင်းသည် လွှတ်တော်အမတ်အတွက် အဓိကကိစ္စ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘန့်စ်နှင့် အခြားသူများက စစ်တပ်အတွင်း အစွန်းရောက်ဝါဒကို ပစ်မှတ်ထားရန် ပင်တဂွန်၏ ကြိုးပမ်းအားထုတ်မှု၊ ဝေဖန်ပိုင်းခြားမှုဆိုင်ရာလူမျိုးရေးဆိုင်ရာ သီအိုရီနှင့် ကွဲပြားခြားနားမှုတို့ကိုလက်ခံကျင့်သုံးမှုကို ချဲ့ထွင်ရန် အခြားသော ကြိုးပမ်းအားထုတ်မှုများကို ဘန့်စ်နှင့် အခြားသူများက စောဒကတက်ခဲ့ကြသည်။ လက်ဝဲဘက်မှ တွန်းအားပေးသည့် ပါတီစွဲ ပြဿ နာများကို အာရုံစိုက်ခြင်းသည် ပင်တဂွန်၏ အဓိက မစ်ရှင်များမှ ရုန်းထွက်ကာ စစ်တပ်အား အားနည်းစေပြီး တပ်သားသစ်များဝင်ရောက်မှုကို ပိတ်ပစ်စေသည်ဟု ဆိုကြသည်။ သို့သော် ပျမ်းမျှအားဖြင့်၊ အမျိုးသမီးများနှင့် လူနည်းစုများကို ခွဲခြားဆက်ဆံခံရပြီး တူညီသောအခွင့်အရေးများ မရရှိဟု ယုံကြည်သူ ၁၃ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက စစ်တမ်းများတွင် ဖြေဆိုသူ ၅ ရာခိုင်နှုန်းကသာ “နိုးကြားခြင်း” ကို ပြဿနာတစ်ရပ်အဖြစ် ဖော်ပြထားကြောင်း စစ်တပ်က ဆိုသည်။

Wormuth မှ ပြောကြားရာတွင် စစ်တမ်းဒေတာသည် သြဇာလွှမ်းမိုးသူများ သို့မဟုတ် ကွန်ဂရက်အဖွဲ့ဝင်များဖြစ်စေ အချို့သောစိုးရိမ်မှုများကို သက်သေပြရန် ကိရိယာတစ်ခုသာဖြစ်ပြီး “နိုးကြားခြင်း” သို့မဟုတ် ကာကွယ်ဆေးနှင့် ပတ်သက်၍ သဘောထားတို့ကို ယခု ပယ်ဖျက်လိုက်ပြီးဖြစ်သည်။ ၎င်းတို့သည် မည်သည့်နည်းဖြင့်မဆို အဓိကအတည်ပြုသည့် အချက် အလက်များ မဟုတ်ကြောင်း ပြသရန်အတွက် ကိရိယာတစ်ခုသာ ဖြစ်သည်ဟု Wormuth မှ ပြောကြားခဲ့သည်။ စစ်တမ်းများမှ သတင်းအချက်အလက်များသည် စစ်တပ်၏ အကျိုးကျေးဇူးများကို ပိုမိုကောင်းမွန်စွာ ရှင်းပြရန် လိုအပ်ကြောင်း ထိုး ထွင်းသိမြင်မှုလည်း ပေးသည်ဟု သူမက ဆိုသည်။

စစ်တပ်၏ စစ်သားသစ်စုဆောင်းရေးအကြီးအကဲ ဖင့် (Fink) က စစ်သားစုဆောင်းမှုဌာနအားလုံးတွင် လူငယ်များ စစ်မှု ထမ်းရန် ငြင်းပယ်ခြင်းအတွက် ဖော်ပြသည့် ထိပ်တန်းအကြောင်းရင်းသုံးရပ်မှာ အတူတူပင် ဖြစ်သည်- (၁) သေခြင်းတရားကို ကြောက်ရွံ့ခြင်း၊ (၂) စိတ်ဒဏ်ရာရပြီးနောက် စိတ်ဖိစီးမှုရောဂါအတွက် ပူပန်ခြင်းနှင့် (၃) သူငယ်ချင်းများနှင့် မိသားစုများကို ထားရစ်ခဲ့ရခြင်းတို့ဖြစ်သည်။ စစ်တပ်သည် အဆိုပါ ထိပ်တန်းစိုးရိမ်မှု သုံးမျိုးထက် ကျော်လွန်၍ ဝန်ဆောင်မှုပေးရန် နောက်ထပ် အတားအဆီးများ အကြောင်းကို ပိုမိုကောင်းမွန်စွာ လေ့လာ နားလည်ထားရန်လိုကြောင်း ၎င်းက ပြောသည်။ နံပါတ် ၁ မှ ၃ ထက်အများဆုံး တုံ့ပြန်ခဲ့သည့်အချက်မှာ ” ကျွန်ုပ်၏ဘဝကို ခေတ္တရပ်နားထားရမည်” (စစ်မှုထမ်းနေချိန်တွင် မိမိ၏ သာမန်လူ့ဘဝကို မေ့ထားရမည်ဟု ဆိုလိုရင်းဖြစ်သည်) ကိုစိုးရိမ်ကြောင်း ပြောကြသည်။ စစ်တမ်းကောက်ယူသူ ၅ ယောက်တွင် ၁ယောက်ကျော်က ထိုအချက်ကိုပြောသည်ဟု ကိုးကားဖော်ပြခဲ့သည်။

လူငယ်အများစုသည် စစ်တပ်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသိကြဘဲ ပေးအပ်သည့် အလုပ်အကိုင် သို့မဟုတ် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ မသိရှိကြပေ။ အထူးသဖြင့် စစ်တပ်အပါအဝင် အစိုးရအဖွဲ့အစည်းများအပေါ် ယုံကြည်မှု ကျဆင်းသွားကြောင်း ဖင့်က ပြောကြားခဲ့သည်။ “စစ်တပ်ကို သူတို့ ကျင့်သုံးနေတဲ့ ခေတ်မီနေ့စဉ် ယဉ်ကျေးမှုတွေနဲ့ ထိတွေ့ ဆက်ဆံနေတယ်လို့ သူတို့က မထင်ထားဘူး” ဟု ၎င်းက ဆိုသည်။

ဖင့်က စစ်တမ်းများတွင် ၁၀% ခန့်သည် မကြာသေးမီက ဖြစ်ရပ်များ သို့မဟုတ် မစ်ရှင်များကို ကိုင်တွယ်ပုံအပေါ် အခြေခံ၍ စစ်ခေါင်းဆောင်မှုကို မယုံကြည်ကြကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့တွင် အာဖဂန်နစ္စတန်မှအမေရိကန်တပ်များ နုတ်ထွက်ခြင်း သို့မဟုတ် လူမျိုးရေး မငြိမ်မသက်မှုများနှင့် အမေရိကန်တွင် ဆန္ဒပြပွဲများအတွင်း စစ်တပ်ကို အသုံးပြုခြင်းတို့ ပါဝင်နိုင်သည်။ အခြားသော အကြောင်းအရင်းများ သည် အသေးအမွှား ဖော်ပြချက်များစွာ ရရှိသည်။ ၎င်းတို့တွင် စစ်အ ခြေစိုက်စခန်းများတွင် နေရေးထိုင်ရေး၊ မကြိုက်နှစ်သက်သော အလုပ်များတွင်တာဝန်ချထားခြင်း၊ ကိုရိုနာဗိုင်းရပ် ကာ ကွယ်ဆေးနှင့် “နိုးကြားခြင်း” ပြဿနာတို့ ပါဝင်သည်။

အချို့ကိစ္စများတွင် ထိုအကြောင်းပြချက်များသည် ဒေသအလိုက်ကွဲပြားသည်။ သို့သော် ဖင့်က “ နိုးကြားခြင်း” ပြဿနာသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၄% နှင့် ၅% ကြားတွင် ကျား၊ မ သို့မဟုတ် လူမျိုးစုအလိုက် ကွဲလွဲမှုမရှိဘဲ ရှိသည်ဟု ဆိုသည်။

Source: အေပီ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အေပီသတင်းထောက် LOLITA C. BALDOR ရေးသားသော “ Army sees safety, not ‘wokeness,’ as top recruiting obstacle” သတင်းဆောင်းပါကို ခေတ်မျက်လုံးမှ ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 40 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 41 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 42 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 37 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)