နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်

အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “အလျော့မပေး” (Capitulated) သေးသနည်း ဆိုသည်ကို သမ္မတ ဒေါ်နယ်ထရမ့်က “သိလိုစိတ်ပြင်းပြနေသည်” ဟု ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) က ပြောကြားလိုက်သည်။

“ကျွန်တော် သူစိတ်ပျက်နေတယ်’ ဆိုတဲ့ စကားလုံးကိုတော့ မသုံးချင်ပါဘူး၊ ဘာလို့လဲဆိုတော့ သူ့မှာ တခြားရွေးချယ်စရာ နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာ သူနားလည်လို့ပါ။ ဒါပေမဲ့ သူတို့ ဘာလို့ အလျော့မပေးသေးတာလဲဆိုတာကိုတော့ သူ သိချင်နေပါတယ်” ဟု ဝစ်ကော့ဖ်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ဒီလောက် ဖိအားတွေပေးထားတာ၊ ရေတပ်အင်အားတွေ ဒီလောက်ရှိနေတာကို သူတို့ ဘာလို့ ကျွန်တော်တို့ဆီလာပြီး ‘ကျွန်တော်တို့ လက်နက်တွေနဲ့အတိုက်ခံရမှုကိုမလိုချင်ပါဘူး၊ ဒါကြောင့် ဒါတွေလုပ်ဖို့ အသင့်ရှိပါတယ်’ လို့ မပြောကြသေးတာလဲ? သူတို့ကို အဲဒီအခြေအနေရောက်အောင် လုပ်ဖို့ တော်တော်ခက်နေပါတယ်” ဟု ကြာသပတေးနေ့က ရိုက်ကူးထားသည့် အင်တာဗျူးတွင် ၎င်းက ဆိုသည်။

ယင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ (Abbas Araghchi) က “ကျွန်တော်တို့ ဘာလို့ အလျော့မပေးတာလဲ သိချင်လား? ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ‘အီရန်လူမျိုး’ တွေ ဖြစ်နေလို့ပါပဲ” ဟု X လူမှုကွန်ရက်တွင် တနင်္ဂနွေနေ့က ရေးသားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ စနေနေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအပြီး တနင်္ဂနွေနေ့တွင် အစိုးရထောက်ခံပွဲများနှင့် အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုများရှိကြောင်း အီရန်နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။ Amirkabir တက္ကသိုလ်တွင် အစိုးရထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အချို့ကျောင်းသားများက ဘုရင်စနစ် ပြန်လည်ကျင့်သုံးရန် ကြွေးကြော်ခဲ့ကြသည်။

တီဟီရန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဟိုစိန် ဂိုဒန်ဆက်ဇ် က ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလများကြောင့် တက္ကသိုလ်များတွင် ရိုက်ခတ်မှုရှိနေကြောင်း ပြောကြားခဲ့သည်။ ကျောင်းသားများသည် ပြီးခဲ့သည့်လက လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော သူငယ်ချင်းများအတွက် ရည်စူး၍ ၄၀ ရက်ပြည့် ဝမ်းနည်းခြင်းအခမ်းအနားများနှင့်အတူ ဆန္ဒပြမှုများကို ပေါင်းစည်း လုပ်ဆောင် နေကြခြင်း ဖြစ်သည်။

သမ္မတထရမ့်ကမူ ပြီးခဲ့သည့်လ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၃၂,၀၀၀ ခန့် သေဆုံးခဲ့သည်ဟု သောကြာနေ့တွင် ပြောကြားခဲ့ရာ၊ ယင်းသည် ယခင်က ထွက်ပေါ်ခဲ့သည့် သေဆုံးစာရင်းများ ထက် များစွာ ပိုမိုများပြားနေသည်။

လက်ရှိတွင် အမေရိကန်သည် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်နိုင်ခြေကို စဉ်းစားနေစဉ် အရှေ့အလယ်ပိုင်းတွင် စစ်အင်အား ဖြည့်တင်းလျက်ရှိသည်။ USS Gerald R. Ford လေယာဉ်တင် သင်္ဘောအုပ်စုသည် ဒေသတွင်းသို့ ဦးတည်နေပြီး တိုက်လေယာဉ် အများအပြားကိုလည်း နေရာချထားပြီးဖြစ်သည်။

သို့သော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ဂ်ချီက နျူကလီးယားကိစ္စနှင့် ပတ်သက်၍ သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ခြေ များစွာရှိကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်စလုံး၏ စိုးရိမ်မှုများကို ဖြေရှင်းပေးနိုင်မည့် အဆိုပြုချက်မူကြမ်းကို ရေးဆွဲနေပြီး မတ်လအစောပိုင်း တွင် ဆွေးနွေးပွဲသစ်များ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

အီရန်အရာရှိတစ်ဦး၏ အဆိုအရ တီဟီရန်သည် ၎င်းတို့၏ သန့်စင်ပြီး ယူရေနီယံ လက်ကျန် အချို့ကို ပြည်ပသို့ တင်ပို့ခြင်း သို့မဟုတ် သိပ်သည်းဆ လျှော့ချခြင်းတို့ ပြုလုပ်ရန် စဉ်းစား နေသော်လည်း၊ အပြန်အလှန်အားဖြင့် အီရန်၏ “ငြိမ်းချမ်းသော နျူကလီးယား သန့်စင်ခွင့်” ကို အသိအမှတ်ပြုရန်နှင့် ပိတ်ဆို့မှုများ လျှော့ချပေးရန် တောင်းဆိုထားသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က အီရန်နိုင်ငံ၊ တီဟီရန်မြို့ လမ်းမတစ်ခုပေါ်ရှိ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီ နှင့် ၁၉၇၉ အစ္စလာမ္မစ်တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ရူဟိုလာ ခိုမေနီ တို့၏ ပုံတူနံရံဆေးရေးပန်းချီအနီးတွင် လူများ လမ်းလျှောက်နေစဉ်။ (Majid Asgaripour/Wana News Agency/Reuters)(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 91 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 103 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက