နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

နေပြည်တော် လယ်ဝေးမြို့ရှိ မြို့မရဲစခန်းပစ်ခတ်တိုက်ခိုက်ခံရမှု ရဲတပ်သားတစ်ဦးသေကာ ရဲအုပ်အပါအဝင် ၃ဦးထိမှန်ခဲ့

ယမန်နေ့ ညနေပိုင်းက နေပြည်တော် လယ်ဝေးမြို့ရှိ မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦးသေဆုံးကာ ရဲအုပ်အပါအဝင် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲသတင်းအရင်းအမြစ်များထံက သိရပါတယ်။

ဇွန်လ ၁၂ရက်နေ့ ညနေ ၅နာရီခန့်က နေပြည်တော် လယ်ဝေးမြို့ရှိ မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ဦးနဲ့ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ ရဲတပ်သား ဒီသုခမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာဘက်ဂျိုစောင်းဒဏ်ရာ၊ ယာခြေသလုံး ပေါက်ပြဲဒဏ်ရာ ၂ချက်ထိမှန်ခဲ့ကာ လယ်ဝေးမြို့ရှိ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ထိမှန်ခဲ့သူ ၃ဦးသည် ရဲအုပ်ပြုံးချိုမှာ ဦးခေါင်းနောက်စေ့ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊ ရဲတပ်ကြပ်ကျော်သူမှာ ဝဲခြေသလုံး ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)နဲ့ အရပ်သား ကိုကျော်ရဲဆိုသူမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ဝဲခြေသလုံးပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနေ့ တစ်ရက်ထဲ ည ၈နာရီခန့်မှာလည်း စစ်ကောင်စီရုံးအခြေစိုက်ရာ နေပြည်တော်က MICC-2 ခန်းမအနီးရှိ ရဲကင်းစခန်း ပစ်ခတ်တိုက်ခိုက်ခံရကာ ထိုပစ်ခတ်တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်များ ထိမှန်ခဲ့တာမရှိဘူးလို့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 19 Views
ဇန်နဝါရီလ (၂၆)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ
မြန်မာသတင်း

မြိုင်မြို့တိုက်ပွဲထဲ ရဲဘော် (၃)ဦးကျဆုံးပြီး (၁)ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 28 Views
ဇန်နဝါရီလ (၂၆)ရက်။ မြိုင်မြို့နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံး (၄၀)မမနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 26 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က ရန်ကုန် လှိုင်သာယာမြို့(အနောက်ပိုင်း)ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံးကို (၄၀)မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီရွေးကောက်ပွဲကော်မရှင်ရုံးက ပြည်သူတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ ရှိနေတာနဲ့
မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 45 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေရော တပ်မတော်‌(ဆေး)က ပါရဂူတွေရော
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 44 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ နံနက် (၇)နာရီကနေ စတင်ခဲ့ပြီး ညနေ
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 41 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 36 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 37 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး