နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက်

ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelenskyy) အနေဖြင့် စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တစ်ခု ရရှိရန်အတွက် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့ထံမှ ထောက်ခံမှုများ ရှာဖွေနေစဉ်အတွင်း၊ ယူကရိန်းဒရုန်းများသည် ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် မော်စကို ရေနံချက်စက်ရုံတစ်ခုကို ထိမှန်အောင်တိုက်ခိုက်ခဲ့ပြီး ရုရှားကလည်း ကိဗ် (Kyiv) မြို့တော်သို့ မစ်ဆိုင်းဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

ကြာသပတေးနေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားရာ၌ ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းဒရုန်း ၅၅၅ စင်းကို ၎င်းတို့၏ လေကြောင်းရန် ကာကွယ် ရေး စနစ်ဖြင့် ပစ်ချခဲ့ပြီး ရုရှားမြို့တော်သို့ ချဉ်းကပ်လာသည့် ဒရုန်း ၂၀၀ နီးပါးကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ဆိုသည်။

မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗျာနင် (Sergey Sobyanin) က ဒရုန်းအချို့သည် ရေနံချက် စက်ရုံတစ်ခုကို ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက အကြီးအကျယ်တိုက်ခိုက်မှုကို ဆက်လက် တွန်းလှန် နေပါတယ်။ ဒရုန်းအချို့က မော်စကိုရေနံချက်စက်ရုံဆီကို ရောက်ရှိသွားခဲ့ပါတယ်” ဟု ဆိုဗျာနင်က ပြောကြားပြီး၊ ကုန်တိုက်တစ်ခုလည်း အနည်းငယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ ရေနံအဆောက်အအုံကို တိုက်ခိုက်မှုသည် ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ အင်္ဂါနေ့က ဒရုန်းဖြင့်တိုက်ခိုက် မှုကြောင့် ရေနံချက်စက်ရုံ လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့ရကာ ရုရှား၏ စွမ်းအင် အဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးဆုံးရှုံးမှုက နိုင်ငံ၏ လောင်စာဆီ အကျပ် အတည်းကို ပိုမိုဆိုးရွားစေလျက်ရှိသည်။

ကာဇန် (Kazan) မြို့မှ သတင်းပေးပို့ရာတွင် ယူလီယာ ရှာပိုဗာလိုဗာ (Yulia Shapovalova) က ထိုရေနံချက်စက်ရုံသည် “ဗျူဟာမြောက် အရေးပါသော လုပ်ငန်းတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒါဟာ ရုရှားမြို့တော်ရဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် ဓာတ်ဆီနဲ့ အခြားရေနံထွက်ပစ္စည်း ၄၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနေတာပါ။ အာဏာပိုင်တွေရဲ့အဆိုအရ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက မီးငြှိမ်းသတ်ဖို့ အစီအမံတွေ လုပ်ဆောင်နေပေမဲ့ အခုထက်ထိ အပြင်းအထန် မီးလောင်နေတုန်းပါပဲ” ဟု သူမက အယ်လ်ဂျာဇီးရား (Al Jazeera) သို့ ပြောကြား ခဲ့သည်။

ဒေသန္တရအုပ်ချုပ်ရေးမှူးကမူ မော်စကိုဝန်းကျင်ဒေသတွင်လည်း အထပ်မြင့်လူနေ အဆောက် အအုံတစ်ခု၊ စက်မှုအဆောက်အအုံတစ်ခုနှင့် လူနေအိမ်အချို့တို့မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ကြောင်း ပြောကြားသည်။

မော်စကို၏ အလုပ်အများဆုံးဖြစ်သော ရှယ်ရီမက်တီယေဗို (Sheremetyevo) လေဆိပ်သည် လေကြောင်းခရီးစဉ်များကို ဆိုင်းငံ့လိုက်ပြီး လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကာ လူအတော်များများမှာ ကားပါကင်တွင် ခိုလှုံရာရှာဖွေခဲ့ကြရကြောင်း လေဆိပ်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ကိဗ်မြို့တော်သည် ယခုသီတင်းပတ်အတွင်း ရုရှား၏ ဒုတိယအကြိမ် မြောက် လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး၊ ယူကရိန်းမြို့တော်သို့ ပဲ့ထိန်းမစ်ဆိုင်းဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအာဏာပိုင်များက ပြောကြားသည်။

“ရန်သူက မြို့တော်ကို ပဲ့ထိန်းမစ်ဆိုင်းဒုံးကျည်တွေနဲ့ တိုက်ခိုက်နေပါတယ်။ လေကြောင်းရန် သတိပေးချက် မပြီးမချင်း ဘေးကင်းတဲ့နေရာတွေမှာ နေထိုင်ကြပါ!” ဟု ကိဗ်စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ တီမူရ် ထာချန်ကို (Tymur Tkachenko) က တယ်လီဂရမ် (Telegram) ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

ယူကရိန်းအရှေ့မြောက်ပိုင်း ဆူမီ (Sumy) မြို့ရှိ အာဏာပိုင်များကမူ ဒရုန်းတိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားသည်။

ကိဗ်မြို့မှ အယ်လ်ဂျာဇီးရားသတင်းထောက် အော်ဒရီ မက်အယ်လ်ပိုင်း (Audrey MacAlpine) ၏ သတင်းပေးပို့ချက်အရ ညတွင်းချင်းအတွင်း ယူကရိန်းသို့ ဒရုန်းအနည်းဆုံး ၂၃၉ စင်းနှင့် ပဲ့ထိန်းမစ်ဆိုင်းဒုံးကျည် ၇ စင်းဖြင့် ပစ်ခတ်ခဲ့ပြီးနောက် နေရာ ၉ ခု ထိမှန်ခဲ့ကြောင်း သိရသည်။

“ဒါပေမဲ့ ၎င်းတို့ထဲက အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက ရုရှား၏ ကိဗ်မြို့အပေါ် အကြီးအကျယ်တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး ယူနက်စကို (UNESCO) စာရင်းဝင် နှစ်ပေါင်း ၁,၀၀၀ သက်တမ်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့ရသဖြင့် ဥရောပခေါင်းဆောင်များ၏ ရှုတ်ချမှုကို ခံခဲ့ရသည်။ ရုရှားကမူ ဘုန်းကြီးကျောင်းကို တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုများသည် လေးနှစ်ကျော်ကြာ ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန် ရုရှားအား ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာအောင် ဇလန်းစကီးက ဖိအားပေးရန် ကြိုးပမ်း နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဇလန်းစကီးက ၎င်းအနေဖြင့် စစ်ပွဲအဆုံးသတ်မည့် နည်းလမ်းများကို ပူးပေါင်းညှိနှိုင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် နှင့် အခြား G7 နိုင်ငံများမှ ခေါင်းဆောင်များနှင့် စကားပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

G7 ခေါင်းဆောင်များက ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးကို အားကောင်းအောင် လုပ်ဆောင်ပေးရန်နှင့် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများအပေါ် ပိတ်ဆို့အရေးယူ မှုများ တင်းကျပ်ခြင်းအပါအဝင် မော်စကို၏ စီးပွားရေးအပေါ် ဖိအားများတိုးမြှင့်သွားရန် ကတိပြုခဲ့ကြသည်။

ထရမ့်က သတင်းထောက်များအား ပြောကြားရာတွင် စစ်ပွဲအဆုံးသတ်ရန် “သူ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု ဆိုသည်။

ဇလန်းစကီးက ၎င်းအနေဖြင့် G7 ထံမှ အရေးကြီးသော ကတိကဝတ်များကို ရရှိခဲ့ကြောင်း၊ ၎င်းတို့တွင် “လေကြောင်းရန်ကာကွယ်ရေး မစ်ဆိုင်းဒုံးကျည်များ ပိုမိုရရှိမည့်အပြင် ၎င်းတို့ကို ထုတ်လုပ်ခွင့်လိုင်စင်များနှင့် ဆောင်းရာသီ ကူညီပံ့ပိုးမှုအစီအစဉ်” တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

“အရေးကြီးတာက အမေရိကန်ဟာ ဒီကြိုးပမ်းအားထုတ်မှုတွေတစ်လျှောက်မှာ နောက်ကွယ် ကနေ ကူညီပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေတာပါပဲ။ ဆွေးနွေးခဲ့တဲ့အရာအားလုံးကို အကောင် အထည် ဖော်ဖို့က အဓိကသော့ချက် ဖြစ်ပါတယ်။ မိမိတို့ရဲ့စစ်ပွဲဟာ ဘယ်တော့မှ ပုံမှန်အခြေ အနေတစ်ခု ဖြစ်မလာနိုင်ဘူးဆိုတာကို ရုရှားအနေနဲ့ သင်ခန်းစာရသွားရပါမယ်” ဟု ဇလန်းစကီးက X (ယခင် တွစ်တာ) ပေါ်တွင် ရေးသားခဲ့သည်။

ယူကရိန်း၏ တိုက်ခိုက်မှုများအပြီး ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရေနံချက်စက်ရုံတစ်ခုမှ မီးတောက်များနှင့်အတူ ထူထပ်သော မီးခိုးလုံးများ ထွက်ပေါ်နေစဉ် [လူမှုကွန်ရက်မှတစ်ဆင့် ရိုက်တာ၊ ဓာတ်ပုံ]

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက