နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU ထိန်းချုပ်နယ်မြေရှိ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ နှစ်ခြင်းသင်းအုပ်နှင့် ကက်သလစ် သင်း ထောက် ဆရာတော်နှစ်ပါး အပါအဝင် ငါးဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ၊မူတြော်ခရိုင် ၊ လူသောမြို့နယ် ပေးကေးကျေးရွာအုပ်စု လေးဝါးရွာ ကို စစ်ကောင်စီက ဇန်နဝါရီ (၁၂) ရက်နေ့ ညနေပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရသွားကြသူများ

ထိုသို့ တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် အသက်သုံးနှစ်နီးပါးရှိသေးတဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူ၊ နှစ်ခြင်းသင်းအုပ်ဆရာ တော်၊ ကက်သလစ်သင်းထောက်ဆရာတော်နဲ့ ရွာသားတစ်ဦး စုစုပေါင်း ငါးဦးနေရာမှာတင် သေဆုံးသွားကြောင်း Free Burma Rangers အဖွဲ့က ပြောကြားထားသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် လေးဝါးရွာ ခရစ်ယာန်ဘုရားကျောင်း၊

စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နှစ်စင်း ခရစ်ယာန်ဘုရားကျောင်းပေါ်ကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံးစီကြဲချတာ ဖြစ် ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောကြားသည်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ဒဏ်ရာရရှိခဲ့ပြီး လေးဝါးရွာတစ်ဝိုက်က ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် လေးဝါးရွာ ခရစ်ယာန်ဘုရားကျောင်း၊

အကြမ်းဖက်မှုများ ရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို သတိပေးထားသော်လည်း စစ်ကောင်စီဟာ လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေခြင်းဖြစ်သည်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ချင်းအမျိုး သားတပ်ဦး (CNF) ဗဟိုဌာနချုပ်ကို ဂျက်တိုက်လေယာဉ် နှင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် CNF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ရသည့် ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့သေးသည်။

MoeZ/Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 21 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို 
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 46 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန်
မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 40 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဦးကြည်သန်းက စကစရွေးကောက်ပွဲကို ကူညီပေးနေတာ။ သူ့ကို ဖမ်းဆီးချိန် သေနတ်လုပြီး ပြန်ပစ်ဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 26 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 28 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 24 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 32 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 39 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်