စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကံကြီးတောရွာကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၁၂ ရက်နေ့က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
မီးရှို့မှုကြောင့် ဘုန်းကြီးကျောင်း သုံးကျောင်းနှင့် လူနေအိမ် ၂၅ လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံကသိရသည်။ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားတာမရှိဘဲ ဝင်ရောက်မီးရှို့ခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောကြားကြသည်။
လွတ်လပ်တဲ့သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၇,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။
LayPyay | Era’sEyes | Photo – Cj