နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို နေပြည်တော်မှာ ပြုလုပ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပတဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ ပတ္တမြားခန်းမမှာ မနေ့က စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။


ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတိုမှ လေတပ်ဦးစီးချုပ်တွေက နေပြည်တော်အထိ လူကိုယ်တိုင် တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်များက Video Message ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့ ဗီယက်နမ်နိုင်ငံတို့က လေတပ်ဦးစီးချုပ်တွေကတော့ နေပြည်တော်အထိ ရောက်လာကြပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်တွေကတော့ Video Message ပေးပို့ပြီး ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကတော့ ဒီအစည်းအဝေးကို တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဆွေးနွေးပွဲခေါင်းစဉ်က ” ASEAN Air Forces’ Cooperation for Sustainable Environment” ဖြစ်ပြီး ဆွေးနွေးညှိနှိုင်း သဘောတူညီချက်တွေကို မနေ့က အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ်ကို ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်ကို အမေရိကန် နဲ့ ဗြိတိန်တို့က အရေးယူပိတ်ဆို့ ထားကြပါတယ်။


အရပ်သားအစိုးရကာလ ၂၀၁၄ ခုနှစ်က (၁၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ အာဏာသိမ်းထားတဲ့ကာလမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီအစည်းအဝေးကိုတော့ ဝေဖန်ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်းစစ် တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရတာကြောင့် စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီအစည်းအဝေးကို မတက်ရောက်ဖို့နဲ့ အသိအမှတ်မပြုဖို့ Justice for Myanmar အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတဦး သေဆုံးတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ပြိုင်စရာမလိုဘဲ အနိုင်ထပ်ရပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 10 Views
နိုဝင်ဘာလ (၁၇)ရက်။ ဂန့်ဂေါမြိုမှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ပြိုင်စရာမလိုဘဲ အနိုင်ရသွားခဲ့ပြန်တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် (၄)ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး PDF ဆီ ထွက်ပြေးလွတ်မြောက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 10 Views
နိုဝင်ဘာလ (၁၇)ရက်။ ကန့်ဘလူမြို ဘူးကုန်းစစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲက လူငယ်အမျိုးသား (၄)ဦး ကျွန်းအချုပ်ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထားဖို NUG ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 10 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို NUG က နိုဝင်ဘာလ (၁၅)ရက်နေ့ရက်စွဲနဲ့ မနေ့က ထုတ်ပြန်ထားတယ်လို သိရပါတယ်။ မြန်မာနိုင်ငံထဲ ကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေအပေါ်
မြန်မာသတင်း

ရသေ့တောင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 10 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြိုရှိ ကျေးရွာအချိုကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်ခဲ့တယ်လို AA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်ကောင်စီတပ်က ဘာထလေရွာနဲ့
မြန်မာသတင်း

ရန်ကုန် မှော်ဘီမြိုရှိ ကြံ့ခိုင်ရေးပါတီရုံး ဗုံးပစ်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲဝင် (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 9 Views
နိုဝင်ဘာလ (၁၇)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ‌ရန်ကုန်တိုင်း မှော်ဘီမြိုနယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို မြိုပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုရဲ့ မှော်ဘီက အရေခြုံ ကြံ့ဖွတ်ရုံးကို UG ရဲဘော်တွေက
မြန်မာသတင်း

မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 27 Views
မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၉)နာရီဝန်းကျင်က မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကုမ္ပဏီဘက်က ထွက်လာတဲ့ စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ရွှေကျင်မြို့မှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင်လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဓါးခုတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 24 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးတဦး ဓါးခုတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သူက ကိုယ်စားလှယ်လောင်းတွေ မဲလာဆွယ်မှာကို
မြန်မာသတင်း

နတ်မောက်မြို့မှာ စစ်တပ်လက်အောက်ခံ ရွေး/ကော်ရဲ့ အကြီးတန်းစာရေးတဦးကို PDF ဖမ်းဆီးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 28 Views
နိုဝင်ဘာလ (၁၅)ရက်။ မကွေးတိုင်း နတ်မောက်မြို့နယ်ရဲ့ ရွေးကောက်ပွဲကော်မရှင်က အကြီးတန်းစာရေးတဦးကို ဖမ်းဆီးထားတယ်လို့ နတ်မောက်ဂဋ္ဌုန် PDF တပ်ရင်း(၉၀၃)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၈)ရက်နေ့က နတ်မောက်-မြို့သစ်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးတဲ့အချိန် ဖမ်းမိတာ။ ဖမ်းမိထားတဲ့သူက