နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို နေပြည်တော်မှာ ပြုလုပ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပတဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ ပတ္တမြားခန်းမမှာ မနေ့က စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။


ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတိုမှ လေတပ်ဦးစီးချုပ်တွေက နေပြည်တော်အထိ လူကိုယ်တိုင် တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်များက Video Message ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့ ဗီယက်နမ်နိုင်ငံတို့က လေတပ်ဦးစီးချုပ်တွေကတော့ နေပြည်တော်အထိ ရောက်လာကြပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်တွေကတော့ Video Message ပေးပို့ပြီး ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကတော့ ဒီအစည်းအဝေးကို တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဆွေးနွေးပွဲခေါင်းစဉ်က ” ASEAN Air Forces’ Cooperation for Sustainable Environment” ဖြစ်ပြီး ဆွေးနွေးညှိနှိုင်း သဘောတူညီချက်တွေကို မနေ့က အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ်ကို ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်ကို အမေရိကန် နဲ့ ဗြိတိန်တို့က အရေးယူပိတ်ဆို့ ထားကြပါတယ်။


အရပ်သားအစိုးရကာလ ၂၀၁၄ ခုနှစ်က (၁၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပါတယ်။ လက်ရှိ စစ်ကောင်စီရဲ့ အာဏာသိမ်းထားတဲ့ကာလမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီအစည်းအဝေးကိုတော့ ဝေဖန်ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်းစစ် တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရတာကြောင့် စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဒီအစည်းအဝေးကို မတက်ရောက်ဖို့နဲ့ အသိအမှတ်မပြုဖို့ Justice for Myanmar အပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 22 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 26 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 27 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 28 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 64 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 25 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ