နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မြန်မာနိုင်ငံတွင် အွန်လိုင်းဈေးရောင်းဝယ်မှုများအတွက် e-commerce လမ်းညွှန်ချက် ထုတ်ပြန်ဟုဆို

အွန်လိုင်းဈေးရောင်းဝယ်မှုများအပါအဝင် အင်တာနက်ကတဆင့် ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုများ ရောင်းချနေတဲ့ လုပ်ငန်းအားလုံးအတွက် e-commerce လမ်းညွှန်ချက် ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။


အွန်လိုင်းပေါ်က ရောင်းချမှု အပါအဝင် ကုန်စည်ထုတ်လုပ်မှုနဲ့ ရောင်းချမှု ကွင်းဆက်အားလုံးမှာ e-commerce အကျုံးဝင်ရန် သတ်မှတ်ထားတဲ့ စည်းကမ်းချက်များဖြစ်တယ်လို့ ဆိုပါတယ်။ အွန်လိုင်းဝန်ဆောင်မှု အသုံးပြုသူ အားလုံးလိုက်နာရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

e-commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်စည်းကမ်းများကို ထုတ်ပြန်ခြင်းဟာ ဥပဒေတစ်ရပ်အဖြစ် ကျင့်သုံးပြဋ္ဌာန်းနိုင်ခြင်းမရှိသေးချိန်မှာ ကနဦးအဆင့် လိုက်နာရမယ့် စည်းကမ်းချက်များဖြစ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ e-commerce လုပ်ငန်းများ အတွက်လမ်းညွှန်ချက် (guideline) မှာ ဖော်ပြထားပါတယ်။

E-commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်မှာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအတွက် ဝယ်ယူသူနဲ့ ရောင်းချသူအကြား အငြင်းပွားမှု ပြဿနာများအပေါ် မှာ အခြေခံလိုက်နာရမယ့် စည်းမျဉ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


လက်ရှိထုတ်ပြန်တဲ့ e-commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်စည်းကမ်းတွေက မြန်မာနိုင်ငံမှာ ပထမဆုံးထုတ်ပြန်ခြင်းဖြစ်ပြီး မကြာမီထုတ်ပြန်လာမယ့် အွန်လိုင်းရှော့ပင်း မှတ်ပုံတင်လုပ်ငန်းများအားလုံး လိုက်နာကျင့်သုံးရမှာဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေကို သင့်လျော်သလို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြင်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အွန်လိုင်းရောင်းချမှုများ၊ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်များ ရောင်းချနေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အီလက်ထရောနစ်နည်းလမ်းနဲ့ ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် (e-commerce guidelines) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် www.commerce.gov.mm မှာ လေ့လာဖတ်ရှုနိုင်ကြောင်း သိရပါတယ်။ ထပ်မံပြီးကြပ်မတ်မှုများ၊ အရေးယူဆောင်ရွက်မှုများ ရှိလာမယ်လို့လည်း ဆိုပါတယ်။


အွန်လိုင်းကတဆင့်ရောင်းချတဲ့လုပ်ငန်းတွေအတွက် ငွေပေးချေမှုစနစ်များ၊ ကြော်ငြာစည်းကမ်းချက်များ၊ မူပိုင်ခွင့်များ၊ လိမ်လည်ရောင်းချမှုနဲ့ လိမ်လည်ဝယ်ယူမှုများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ စည်းကမ်းများ အပါ အဝင် ကုန်သွယ်ရေးနည်းလမ်းများအားလုံးအတွက် စည်းမျဉ်းတွေ ထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်းဈေးရောင်းဝယ်မှုတွေကို ပိုမိုတင်းကျပ်လာနိုင်ဖွယ်ရှိတယ်လို့ အွန်လိုင်းဈေးရောင်းနေတဲ့ ရန်ကုန်ဒေသခံတဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 25 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 34 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 49 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ (၆)နာရီ (၄)မိနစ်က မန်ကျည်းကန်နဲ့ ညောင်ကုန်းရွာကြားက တောတိုက်ထဲတနေရာကို စစ်တပ်က
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 41 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ “ ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၁)နှစ်ဆိုပြီး
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 36 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 35 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 27 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 54 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို