နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

NCA သဘောတူညီချက်စာချုပ် လုံးဝမရှိတော့ကြောင်းနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဦးဆောင်တိုက်မယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးရုပ်သံနဲ့တကွထုတ်ပြန်

KNU အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ကောင်စီဟာ အဲဒီသဘောတူညီမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖျက်ဆီးလိုက်ပြီ ဖြစ်တဲ့အတွက် NCA သဘော တူညီချက်စာချုပ် လုံးဝမရှိတော့တဲ့အကြောင်းကို KNU ပြောခွင့်ရသူ ပဒိုစောတောနီးက အောက်တို ဘာလ ၁၅ ရက် ဒီနေ့မှာလူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဗွီဒီယိုရုပ်သံဖိုင်နဲ့ ပြောခဲ့တာပါ။


စစ်တပ်က NCA သဘောတူညီချက်တွေအားလုံးကို ချိုးဖောက်လိုက်ပြီး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကိုဖျက်ဆီးခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက ပြောပါတယ်။

“ နှစ်ရှည်လများ ဆယ်စုနှစ်ပေါင်းများစွာဖြစ်ရှိနေတဲ့ ဒီပဋိပက္ခကြီးကို ဖြေရှင်းဖို့ အတွက် KNU−ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အကောင်းဆုံးကြိုးစားခဲ့တယ်။ နောက်ဆုံးအနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲကနေပြီးတော့ ကျွန်တော်တို့ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီးတော့ ကိုယ်စွမ်းဉာဏ်စွမ်း အရင်းအမြစ်အားလုံးကို ပုံအောပြီးတော့ အချိန်တွေ ပေးဆပ်ပြီးတော့ ကျွန်တော်တို့လုပ်ဆောင်ခဲ့တယ်။ နောက်ဆုံးကျတော့ စစ်အာဏာရှင်တွေကနေ ဒီသဘောတူညီချက်တွေအားလုံးကို ချိုးဖောက်လိုက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရော နိုင်ငံ ရေးဆွေးနွေးပွဲတွေရောကို ဖျက်ဆီးလိုက်တယ်” လို့ ဗွီဒီယိုနဲ့ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီလုပ်နေတဲ့ ပွဲလမ်းသဘင်နဲ့ နှစ်ပတ် လည် အခမ်းအနားနေ့တွေဟာလည်း ဘက်ပေါင်းစုံ အကျပ်အတည်းတွေကို ထွက်ပေါက်တစ်ခုအနေနဲ့ လုပ်ဆောင်နေတာဖြစ်လို့ ဒီတော်လှန်ရေးတိုက်ပွဲကြီးကို အောင်မြင်တဲ့အထိ ရှေ့ဆောင်ဦးဆောင်ပြီးတော့ တိုက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါပြင် စစ်ကောင်စီကတော့ NCA ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မနက်ပိုင်းကစပြီး နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC II) မှာ ကျင်းပနေတာဖြစ်ပါတယ်။

ရုပ်သံဖိုင် – ကြည့်ရန် လင့်

https://www.facebook.com/ErasEye/videos/336250425578871

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 18 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 19 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့
မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို အာရက္ခတပ်တော်(AA)ရဲ့ သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။ သင်တန်းကာလထဲ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ (၃၀၀)ကျော်ကို ဓါးစာခံအနေနဲ့ ဖမ်းဆီးခဲ့တာကြောင့် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 34 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 34 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်-မြိတ် အမှတ်(၂)လမ်း မင်းဒပ်ရွာထဲမှာ နှစ်ပေါင်း
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 38 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့