နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

NCA သဘောတူညီချက်စာချုပ် လုံးဝမရှိတော့ကြောင်းနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဦးဆောင်တိုက်မယ်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးရုပ်သံနဲ့တကွထုတ်ပြန်

KNU အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ကောင်စီဟာ အဲဒီသဘောတူညီမှုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဖျက်ဆီးလိုက်ပြီ ဖြစ်တဲ့အတွက် NCA သဘော တူညီချက်စာချုပ် လုံးဝမရှိတော့တဲ့အကြောင်းကို KNU ပြောခွင့်ရသူ ပဒိုစောတောနီးက အောက်တို ဘာလ ၁၅ ရက် ဒီနေ့မှာလူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဗွီဒီယိုရုပ်သံဖိုင်နဲ့ ပြောခဲ့တာပါ။


စစ်တပ်က NCA သဘောတူညီချက်တွေအားလုံးကို ချိုးဖောက်လိုက်ပြီး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကိုဖျက်ဆီးခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက ပြောပါတယ်။

“နှစ်ရှည်လများ ဆယ်စုနှစ်ပေါင်းများစွာဖြစ်ရှိနေတဲ့ ဒီပဋိပက္ခကြီးကို ဖြေရှင်းဖို့ အတွက် KNU−ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အကောင်းဆုံးကြိုးစားခဲ့တယ်။ နောက်ဆုံးအနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲကနေပြီးတော့ ကျွန်တော်တို့ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီးတော့ ကိုယ်စွမ်းဉာဏ်စွမ်း အရင်းအမြစ်အားလုံးကို ပုံအောပြီးတော့ အချိန်တွေ ပေးဆပ်ပြီးတော့ ကျွန်တော်တို့လုပ်ဆောင်ခဲ့တယ်။ နောက်ဆုံးကျတော့ စစ်အာဏာရှင်တွေကနေ ဒီသဘောတူညီချက်တွေအားလုံးကို ချိုးဖောက်လိုက်ပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေရော နိုင်ငံ ရေးဆွေးနွေးပွဲတွေရောကို ဖျက်ဆီးလိုက်တယ်” လို့ ဗွီဒီယိုနဲ့ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီလုပ်နေတဲ့ ပွဲလမ်းသဘင်နဲ့ နှစ်ပတ် လည် အခမ်းအနားနေ့တွေဟာလည်း ဘက်ပေါင်းစုံ အကျပ်အတည်းတွေကို ထွက်ပေါက်တစ်ခုအနေနဲ့ လုပ်ဆောင်နေတာဖြစ်လို့ ဒီတော်လှန်ရေးတိုက်ပွဲကြီးကို အောင်မြင်တဲ့အထိ ရှေ့ဆောင်ဦးဆောင်ပြီးတော့ တိုက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါပြင် စစ်ကောင်စီကတော့ NCA ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မနက်ပိုင်းကစပြီး နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC II) မှာ ကျင်းပနေတာဖြစ်ပါတယ်။

ရုပ်သံဖိုင် – ကြည့်ရန် လင့်

https://www.facebook.com/ErasEye/videos/336250425578871

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို