စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ကျေးရွာတစ် ရွာတွင် သပိတ်ကော်မတီဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အင်အားအများအပြားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။
သပိတ်စစ်ကြောင်းတွင် ပြည်သူများက စစ်ကောင်စီ၏ သွေးစွန်းငွေစီးဆင်းရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ (MOGE) ပိတ်ဆို့အရေးယူရန်လည်း တောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။
![](https://eraseye.com/wp-content/uploads/2023/03/336064806_1270597013586531_5360429604871119554_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/03/336173654_747450993656670_6565730776813285321_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/03/335110773_113386435005885_6707238670981085488_n.jpg)
![](https://eraseye.com/wp-content/uploads/2023/03/336290893_534508945484137_7899931253269301920_n.jpg)
![](https://eraseye.com/wp-content/uploads/2023/03/336099570_925397352002632_5929502334994063032_n.jpg)
![](https://eraseye.com/wp-content/uploads/2023/03/336064806_1270597013586531_5360429604871119554_n.jpg)
![](https://eraseye.com/wp-content/uploads/2023/03/336173654_747450993656670_6565730776813285321_n.jpg)
အဲဒီ လူထုသပိတ်ကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီမှ ဦးဆောင်၍ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ၊ တကသများ ရန်ကုန်၊ နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ အခြေခံပညာ ကျောင်းသားသမဂ္ဂများ ကွန်ရက် အဖွဲ့ဝင်များ အတူပူးပေါင်း ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
Era’s Eye | ဓာတ်ပုံ – အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ