နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါကို မိန့်ခွန်းပြောရန် ပြင်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်။

ယနေ့ ဧပြီလ (၁၅) ရက်နေ့ ဂျပန်နိုင်ငံ၊ ဝါကာယာမစီရင်စုရှိ ဆိုက်ကာဇာကီငါးဖမ်းဆိပ်ကမ်းတွင် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါသည် မိန့်ခွန်းပြောရန် ပြင်ဆင်နေစဉ် ပေါက်ကွဲသံကိုကြားပြီးနောက် မိန့်ခွန်းပြောဆိုမှုကို ရပ်ဆိုင်းခဲ့သည်။


ဂျပန်နိုင်ငံ၏ သတင်းမီဒီယာများက ထုတ်လွှင့်သည့် ဗီဒီယိုတွင် ဝန်ကြီးချုပ်၏ မိန့်ခွန်းကို နားထောင်ရန် စောင့်စားနေစဉ် လူအုပ်ထဲမှ အမျိုးသားများက အမျိုးသားတဦးကို ဖမ်းချုပ်ပြီး လှဲချလိုက်ပြီးနောက် ရဲများရောက်လာပြီး ၎င်းအမျိုးသားကို ထိမ်းသိမ်းနေစဉ် အားလုံးပြေးကြ ပြေးကြဆိုသည့် လူအုပ်ထဲမှ အသံကြားရပြီးနောက် ငွေရောင်ဆလင်ဒါပုံစံပစ္စည်းတခုကို လွှင့်ပစ်လိုက်ပြီး အောက်သို့ကျရောက်သည့်နှင့် ကျယ်လောင်တဲ့ အသံထွက်ပေါ်လာခဲ့သည်။ ဝန်ကြီးချုပ်ကီရှီဒါသည် မည်သည့်ထိခိုက်မှုမျိုးမှ မရှိဘဲ ဘေးကင်းကြောင်း သိရှိရပါသည်။

အဆိုပါအမျိုးသားသည် မီးခိုးဗုံးဟု ယူဆရသည့်အရာကို လွှင့်ပစ်ခဲ့ကြောင်း သိရှိရသည်။ ဝန်ကြီးချုပ်သည် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝါကာယာမခရိုင် (၁) အောက်လွှတ်တော်အမတ်အတွက် ထောက်ခံမိန့် ခွန်းပြောကြားရန် ၎င်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

၎င်းအမျိုးသားအား အတင်းအကြပ် နှောင့်ယှက်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ဝါကာရာမနီရှိ ရဲစခန်းသို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့ကြောင်း NHK က ဖော်ပြခဲ့သည်။ ရဲဌာနက သံသယရှိသူကို ထိန်းသိမ်းထားကြောင်း သိရှိရပြီး အခြားအချက်အလက်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ လက်ရှိရသည့်နောက်ဆုံးသတင်းအရ ဝါကာရာမစီရင်စုတွင် နေထိုင်သည့် အသက် (၂၄) နှစ်အရွယ် အမျိုးသား ဖြစ်ကြောင်း သိရှိရပါသည်။

ယမန်နှစ် ဇူလိုင်လက ဝန်ကြီးချုပ်ဟောင်း အာဘေးကို လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ပစ်ခတ်မှုဖြစ်စဉ်ကို ပြန်လည်အမှတ်ရစေကြောင်း ဒေသခံများက ပြောကြသည်။ ဝန်ကြီးချုပ်အဖြစ် သက်တမ်းအရှည်ကြာဆုံး စံချိန်တင်ထားသူ ဝန်ကြီးချုပ်ဟောင်း အာဘေးသည် နာရာမြို့ရှိ ဘူတာရုံတစ်ခုအနီးတွင် ရွေးကောက်ပွဲတွင် ရွေးချယ်ခံမည့်အမတ်အတွက် ထောက်ခံမိန့်ခွန်းပြောနေစဉ် ပစ်သတ်ခံခဲ့ရသည်။ လက်လုပ်သေနတ်ဖြင့် နေ့ခင်းကြောင်တောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အဖြစ်အပျက်သည် နိုင်ငံရေးသမားများနှင့် သေနတ်အကြမ်းဖက်မှု အနည်းငယ်သာရှိသော နိုင်ငံတစ်နိုင်ငံကို ထိတ်လန့် တုန်လှုပ်စေခဲ့သည်။
Era’s Eye | Grace H

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ အပြတ်အသတ် အသာစီးရ၊ ပြည်သူ့ပါတီ(People’s Party) ရှုံးနိမ့်ကြောင်း ဝန်ခံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 49 Views
ဘန်ကောက်ပို့စ် — ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက် ဘုမ်ဂျပ်ထိုင်း (Bhumjaithai )ပါတီ ခေါင်းဆောင် အနူတင်က
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးဆောင်းပါး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 95 Views
ထိုင်းနှင့်မြန်မာဒီမိုကရေစီတိုက်ပွဲ ဘယ်သူပန်းတိုင်အရင်ရောက်မလဲ? ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် ထိုင်းရွေးကောက်ပွဲနှင့် People’s Party (ပြည်သူ့ပါတီ) ၏ အလားအလာ ထိုင်းရွေးကောက်ပွဲကို ဒီနေ့ဖေဖော်ဝါရီလ
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 97 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက် ကြောင်း ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် စနေနေ့က ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးသည် တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုအားလုံးကို
ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 105 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက် သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 114 Views
ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒုတိယစစ်ဒေသက ထုတ်ပြန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ အင်္ဂါနေ့ ချောင်အန်မာ (Chong An Ma) ဧရိယာတွင်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ကမ္ဘောဒီးယား၏ “ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” စွပ်စွဲချက်များမှာ အထောက်အထားမဲ့ လုပ်ကြံဖန်တီးမှုများသာဖြစ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 102 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ကမ္ဘောဒီးယားဘက်မှ စွပ်စွဲချက်များဖြစ်သည့် “ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှု” ကျူးလွန်သည်ဆိုသော အချက်အလက်များမှာ အထောက်အထားမရှိဘဲ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်းနှင့် အချက်အလက်ကို အခြေခံသည့် နှစ်နိုင်ငံဆွေးနွေးပွဲများသို့ ပြန်လည်ဦးတည်ရန် ထိုင်းတော်ဝင်စစ်တပ်က
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ကမ္ဘောဒီးယားက နယ်စပ်ဂိတ်များကို ပိတ်ချထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 117 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံအကြား တိုက်ပွဲများရပ်တန့်ရန် သဘောတူညီချက်ကို ကြေညာခဲ့ပြီးဖြစ်သော်လည်းတိုက်ခိုက်မှုဆက်လက်ဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်က အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း စနေနေ့တွင်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

“အနုတင်” က အန်ဝါက ယနေ့ည ၁၀ နာရီတွင် တိုက်ပွဲရပ်ရန် တောင်းဆိုပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရှိကြောင်း အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 118 Views
နေးရှင်းသတင်းစာ – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ဝန်ကြီးချုပ်က မည်သည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မဆို အခြားနိုင်ငံ ခေါင်းဆောင် ၏ ဖိအားပေးမှုမှ မဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံမှ တိုက်ရိုက် လာရမည်ဖြစ်ကြောင်း အလေးအနက်