နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 13 ရက်

Myanmar Politics

Myanmar Politics ထိုင်းနိုင်ငံရေး မြန်မာသတင်း

စစ်ကောင်စီဥက္ကဋ္ဌကို ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် လာရောက်တွေ့ဆုံ။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးစီးခဲ့တဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACC ကို တက်ရောက်ခဲ့တဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Alongkorn Vannarot ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း စက်တင်ဘာလ (၁၅) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နဲ့ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နဲ့အတူ ထိုင်းဘုရင့်လေတပ်က တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

အဲ့ဒီလို တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာ့တပ်မတော်(လေ) နဲ့ ထိုင်းဘုရင့်လေတပ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများ၊ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (HLC)၊ မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး (RBC) ရဲ့ နှစ်စဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ်တွေက စစ်တပ်ရဲ့ Professional army အဖြစ် ရပ်တည်တာထက် အရပ်သားအစိုးရကို ကျော်လွန်ပြီး စီးပွားရေးကို ကိုယ်ကျိုးအတွက် ဝင်ရောက်စွက်ဖက်လုပ်ကိုင်တာတွေ ရှိခဲ့တယ်။

ဥပမာအားဖြင့် ၁၉၈၉ မှာ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဝါလစ် ယောင်ချိုင်ယုဟာ ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်းမှာ ပြည်သူတွေရဲ့ ဆန့်ကျင်မှုခံနေရပြီး နိုင်ငံခြားငွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတီ စစ်အစိုးရကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ကျော်လွန်ကာ ပုဂ္ဂိုလ်ရေးအရ သွားရောက်တွေ့ဆုံပြီး သစ်ထုတ်လုပ်ခွင့်နဲ့ ငါးဖမ်းခွင့် သဘောတူညီချက်ကို ရယူခဲ့တယ်။ စစ်အစိုးရ လိုအပ်နေတဲ့ နိုင်ငံခြားငွေတွေကို ပေးအပ်ခဲ့တယ်။ အဲ့ဒီအတွက် စစ်အစိုးရဟာ အသက်ရှုခွင့် ရသွားပြီး နိုင်ငံကို ဆက်လက်အုပ်ချုပ်နိုင်ခဲ့သလို အပြန်အလှန်အားဖြင့် ဗိုလ်ချုပ်ကြီး ချာဝါလစ် ယောင်ချိုင်ယုကလည်း သစ်ထုတ်လုပ်ခွင့်နဲ့ ငါးဖမ်းခွင့်လိုင်စင်တွေကို စီးပွားရေးသမားတွေကို ချပေးပြီး ဘီလီယံနာ သဌေးကြီး ဖြစ်သွားခဲ့ပြီး အဲ့ဒီငွေကြေးတွေနဲ့ ထိုင်းဝန်ကြီးချုပ်အဖြစ် တက်လှမ်းနိုင်ခဲ့တဲ့ သမိုင်းရှိခဲ့တယ်။

အခုလည်း အဲ့ဒီနမူနာကို ယူပြီး ထိုင်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်တွေဟာ လူ့အခွင့်အရေး၊ မြန်မာနိုင်ငံသားများအရေးထက် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ပေါင်းပြီး ဘယ်လို ချမ်းသာကြွယ်ဝအောင် လုပ်ရမလဲဆိုတဲ့အမြင်ပဲ ရှိတယ်။

အဲ့ဒီလိုပဲ ထိုင်းစစ်တပ်ဟာ ထိုင်းနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်နေဆဲဖြစ်တယ်။ ဒါကြောင့် မြန်မာစစ်ကောင်စီနဲ့ ထိုင်းဗိုလ်ချုပ်တွေ ပလဲနံပသင့်တယ်ဆိုရာ အံ့သြစရာမဟုတ်ဘူးလို့ ဝါရင့်နိုင်ငံရေးသမားတဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 22 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 28 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 26 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်-မြိတ် အမှတ်(၂)လမ်း မင်းဒပ်ရွာထဲမှာ နှစ်ပေါင်း
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 33 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့
မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 37 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရားကျောင်းမှာ ရက်တိုသင်တန်း
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 37 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက်