နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။


အောက်တိုဘာလ (၁၅)ရက်နေ့ နံနက် (၈)နာရီလောက်ကစပြီး ကန့်ဘလူမြို့၊ ပင့်သာတိုက်နယ်ထဲက ချောင်းခြားရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ မနေ့က ချောင်းခြားကိုရောက်တော့ PDF တပ်ရင်းတွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ သွားပစ်ခဲ့တယ်။ ခွေတွေ တိုက်မိုင်း၊ ဆွဲမိုင်းတွေထိပြီး ကျတယ်လို့လည်းသိရတယ်။ နေ့ခင်း (၁၂)နာရီကျော် ဖလားရရွာရောက်တော့လည်း တိုက်ပွဲထပ်ဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ဆိုထားပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ချောင်းခြားရွာက‌နေတစ်ဆင့် ဖလားရကျေးရွာမှာ ယာယီစခန်းချခဲ့ပြီး ဒီကနေ့ အောက်တိုဘာလ (၁၆)ရက် နံနက် (၅)နာရီလောက်မှာ ကျင်ဖလားရရွာကထွက်ပြီး ပင့်သာရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ကာ ပင့်သာရွာကနေ မြောက်ဖက်ကို ထွက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီနေ့ နံနက် (၆)နာရီလောက်ကစပြီး နေ့လယ် (၁၂)နာရီဝန်းကျင်အထိ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ်လို့ သိရပြီး စစ်ကြောင်းထိုးလာတာတွေကြောင့် အနီးဝန်းကျင်ရှိ ရွာ (၆)ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြေဆိုထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေးတိမ်း‌ရှောင်နေရတဲ့ ကျေးရွာ (၆)ရွာဟာ ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ရှမ်းကုန်း၊ ပင့်သာ၊ မကျီးကုန်း စတဲ့ကျေးရွာတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်တွေ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ဖို့ရှိနေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 20 Views
အောက်တိုဘာလ (၂၁)ရက်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်ကော်မရှင်ခန့် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်သွားဖို့ရှိတယ်လို့ စစ်တပ်လော်ဘီချန်နယ်တွေထံက သိရပါတယ်။ “ အခုလောလောဆယ်အထိ
မြန်မာသတင်း

တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 32 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်မှာ တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖရဲ့
မြန်မာသတင်း

မင်းလှတိုက်ပွဲထဲ အင်အားမမျှတာကြောင့် PDF ဒုတပ်ခွဲမှူး အသေခံဗုံးခွဲပြီး ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 26 Views
အောက်တိုဘာလ (၂၁)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က မင်းလှမြို့ လက်ပံတံခါးရွာရှိ သရက်အုပ်လမ်းခွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ဒုခွဲမှူးဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးက ကင်းပတ်တာ၊ ဒီလိုဖြစ်မယ်လို့လဲ
မြန်မာသတင်း

မိုင်းငေါ့မြို့ မြို့မဈေး လေကြောင်းဗုံးကြဲခံရကာ ဒေသခံသားအမိ(၂)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 26 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန် မိုင်းငေါ့မြို့ရှိ မြို့မဈေးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ လေကြောင်းဗုံးကြဲတာက မြို့မဈေးတန်းကိုကျတာ။ ဈေးထဲမှာလဲ မီးလောင်သွားတာရှိတယ်။ အဲ့ဒီဈေးတန်းရပ်မှာနေတဲ့ သားအမိ(၂)ဦး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးမလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 47 Views
အောက်တိုဘာလ (၂၀)ရက်။ အခုလဆန်းပိုင်းကစပြီး ဒီပဲယင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးတွေ မထည့်ကြဖို့ မြို့နယ်ပအဖက ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။ အခုကာလထဲ စစ်တပ်ဟာ ပြည်သူတွေ စုဝေးတဲ့နေရာတွေကို ပစ်မှတ်ထားပြီး စက်တပ်လေထီးတွေ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို
မြန်မာသတင်း

နိုင်ငံအနှံ့ လေကြောင်းနဲ့ နေ့တိုင်းဗုံးကြဲနေတဲ့ စစ်ခေါင်းဆောင်က ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 63 Views
အောက်တိုဘာလ (၂၀)ရက်။ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုအခါ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တနိုင်ငံလုံး တည်ငြိမ်အေးချမ်းစေဖို့အတွက်
မြန်မာသတင်း

တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့ (၄)မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 49 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့က တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်၊ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်နဲ့
မြန်မာသတင်း

လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 50 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့ကစပြီး လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA က အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ အာရက္ခပင်လယ်ကမ်းအနီးရှိ မြို့၊ ရွာတွေက ရေလုပ်ငန်းကို အဓိကအမှီပြုပြီး လုပ်ကိုင်နေရတဲ့