နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 16 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စာမေးပွဲဖြေဆိုနေ‌တဲ့ ကျောင်းသူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီ စကခ ၁၂ လက်အောက်ခံ အမြောက်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမှတ် ၂ ရပ် ကွက် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ဝန်းအနီး ကျရောက်ပေါက်ကွဲကာ ကျောင်းသူ ၃ ဦး ထိ ခိုက်ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်က နှစ်ဝက်စာမေးပွဲဖြေဆိုချိန်အပြီး ကျောင်းဆင်းအိမ်ပြန်စဉ် စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက် ကြီး ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းသူ လေးဦးကို ထိခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျောင်းသူလေးဦးအနက်တစ်ဦးမှာ ပွဲချင်းပြီးအသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးခဲ့ရတဲ့ ကျောင်းသူမှာ Grade -4 မှ (၁၂)နှစ်အရွယ် နော်မိုးမိုးအေး ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ကျည်စထိမှန် ဒဏ်ရာရကာ အသက်ဆုံးရှုံးခဲ့ရတာဖြစ်သလို ကျန်ထိခိုက်ဒဏ်ရာရသူ ကလေး ၃ ဦးကိုတော့ ဆေးရုံသို့ပို့ဆောင်ကာ ဆေး ကုသမှုခံယူနေတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ‌ပြောထားပါတယ်။

“ပညာရေးပစ်မှတ်တွေကို အခုလို တိုက်ခိုက်တာက စကစ က အခုဆိုရင် ပြည်သူပညာရေးကလည်း အားကောင်းလာပြီ အဲတော့ အောင်မြင်လာတဲ့ပြည်သူပညာရေးတွေကိုရပ်တန့်အောင် လုပ်ဆောင်နေတာဖြစ်တယ်။ ဒါတွေကိုကြည့်ရင် စကစက ပညာ ရေး ယန္တ‌ယားအပေါ် စစ်ရာဇာဝတ်မှုကျူးလွန်နေတာပါ။ စာသင်ကျောင်းတွေကို စစ်ရေးအရ ပစ်မှတ်လုပ်ပြီး တိုက်ခိုက်စရာ အကြောင်းမရှိပါဘူး။ အဲဒီအတွက်ကြောင့်မို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပူးပေါင်းဆောင်ရွက်မှုကွန်ရက် (FDECN) ကော်မတီဝင် ဦးကျော်ရဲလွင်ကလည်း အခုလို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း စာသင်ကျောင်းတွေအပေါ် စစ်ကောင်စီတပ်က တိုက်ခိုက်မှု ၂၄ ကြိမ် ပြုလုပ်ခဲ့ပြီး စာသင် ကျောင်း အဆောက်အအုံ ၃၇ လုံးကျော် ပျက်စီးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝန်းမှာ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ပေါင်း သုံးထောင်ကျော် ရှိခဲ့ပြီး အဲဒီထဲမှာ ယူကရိန်းနဲ့ မြန်မာက တိုက်ခိုက်ခံရမှု အများဆုံးနဲ့ အဆိုးဆုံးနိုင်ငံတွေ ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GCPEA) က အစီရင်ခံစာမှာ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 26 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 35 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 36 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 32 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။
မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 28 Views
မတ်လ (၁၄)ရက်။ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အတည်ပြုခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 31 Views
အညာဒူဘိုင်းအပါအဝင် စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့ ဗိုလ်လက်ယာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ ခန့်အပ်ခံရ မတ်လ (၁၃)ရက်။ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရရဲ့ ဒုဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို မနေ့က မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတည်ပြုခန့်အပ်တဲ့ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့
မြန်မာသတင်း

KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA အဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 31 Views
မတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို
မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 29 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၁)နာရီ (၈)မိနစ်လောက်မှာ စစ်အုပ်စုရဲ့