မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ရဲစခန်းက ရဲဒုတပ်ကြပ်တဦးနဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို ရေစကြို ပြည်သူ့ကာကွယ်ရေးအဖွဲ့က အရှင်ဖမ်းမိခဲ့ပါတယ်။
ဒါပေမယ့် ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ ရဲဒုကြပ်သေဆုံးပြီး ရဲတပ်သားက လွတ်သွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၄ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပခန်းကြီးမြို့၊ ကျောင်းတော်ကြီးအနီးရှိ ဘီယာဆိုင်ကနေ ထွက်လာတဲ့ အဆိုပါရဲတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် ပခန်းကြီးနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ် နိုင်လင်း သေဆုံးခဲ့ပြီး 110 ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံးနဲ့ စာအုပ်စာတမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ပါတယ်။