နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

ယူကရိန်း

ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားရေနံအပေါ် ပိတ်ဆို့မှုများကို အမေရိကန်က ကင်းလွတ်ခွင့်ပေးပြီး နာရီပိုင်းအကြာတွင် ယူကရိန်းက ရုရှားရေနံချက်စက်ရုံများကို တိုက်ခိုက်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်

ရုရှား၏ ပိတ်ဆို့အရေးယူခံထားရသော ရေနံများကို ရောင်းချခွင့်ပြုရန် အမေရိကန် ပြည်ထောင်စုက နောက်ထပ် ကင်းလွတ်ခွင့် (Waiver) တစ်ခု ထုတ်ပြန်ပေးပြီး နာရီပိုင်း အကြာ၊ စနေနေ့သို့ အကူး ညတွင်းချင်းမှာပင် ယူကရိန်းက ရုရှားရေနံချက်စက်ရုံ နှစ်ရုံနှင့် အခြားအရေးကြီးသော ရေနံပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယူကရိန်း၏ ဒရုန်းတပ်ဖွဲ့မှူး ရောဘတ် “ မာဒီယာ” ဘရော့ဒီ (Robert “Madyar” Brovdi) က ရုရှားနိုင်ငံ ဆာမာရာ (Samara) ဒေသရှိ Novokuybyshevsk နှင့် Syzran ရေနံချက်စက်ရုံများ၊ ခရာ့စ်နိုဒါ (Krasnodar) ဒေသရှိ Tikhoretsk ရေနံဆိပ်ကမ်း၊ ဘောလ်တစ်ပင်လယ်ရှိ Vysotsk ဆိပ်ကမ်းနှင့် သိမ်းပိုက်ခံ ခရိုင်းမီးယားရှိ ဆီဗတ်စတိုပိုလ် (Sevastopol) ရေနံသိုလှောင်ရုံတို့ကို ယူကရိန်းက တိုက်ခိုက်ခဲ့ကြောင်း Telegram တွင် ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုတိုက်ခိုက်ခံရမှုများကို အသိအမှတ်မပြုဘဲ ညတွင်းချင်း ယူကရိန်းဒရုန်း ၂၅၈ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်းသာ ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရုရှားဒေသန္တရအာဏာပိုင်များက တိုက်ခိုက်မှုများ သို့မဟုတ် တိုက်ခိုက်မှု၏ အကျိုးဆက်များကို သတင်းပို့ခဲ့ကြသည်။ ဆာမာရာဒေသ အုပ်ချုပ်ရေးမှူး Vyacheslav Fedorishchev က “ စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ” အပေါ် “ တိုက်ခိုက်မှုများ မှတ်တမ်းတင်ရရှိထားကြောင်း” နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။

ခရာ့စ်နိုဒါဒေသ အရေးပေါ်တုံ့ပြန်ရေးဌာနချုပ်က Tikhoretsk ရှိ ရေနံသိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး “ ဝန်ထမ်း ၂၂၄ ဦးနှင့် စက်ကိရိယာ ၅၆ ခု” ဖြင့် မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

Vysotsk ဆိပ်ကမ်းတည်ရှိရာ လီနင်ဂရက် (Leningrad) ဒေသ၏ အုပ်ချုပ်ရေးမှူး Aleksandr Drozdenko ကလည်း စနေနေ့နံနက်ပိုင်းတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် ဆိပ်ကမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ယခုအခါ ငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်မက်ပြုနေခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ဖိအားလျှော့ချနိုင်ရန် ထရန့်အစိုးရအဖွဲ့က အပူတပြင်း ကြိုးပမ်းနေစဉ် အတွင်း၊ ပိတ်ဆို့အရေးယူခံထားရသော ရုရှားရေနံစိမ်းများကို မေလ ၁၆ ရက်နေ့အထိ ရောင်းချ ခွင့်ပြုသည့် အမေရိကန်၏ ကင်းလွတ်ခွင့်အသစ်အပေါ် တုံ့ပြန်သည့်အနေဖြင့် ဤတိုက်ခိုက်မှုများကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဘရော့ဒီက အတိအလင်း ပြောကြားခဲ့သည်။ ၎င်းက အမေရိကန်၏ လုပ်ရပ်ကို “ အရှက်မရှိ ကိုယ်ကျိုးရှာမှု” (Cynicism) ဟု စွပ်စွဲခဲ့ပြီး ဤလုပ်ရပ်အတွက် “ ယူကရိန်းပြည်သူတွေရဲ့ အသက်တွေနဲ့ ရင်းနှီးရလိမ့်မယ်” ဟု သတိပေးခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ ဆွေးနွေးပွဲတွေ အရှိန်မြင့် လာတာနဲ့အမျှ လိုအပ်နေသူတွေဆီ ရေနံတွေ ရောက်ရှိနိုင်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက သေချာစေချင်တာပါ” ဟု ပြောကြားခဲ့သည်။

ဤဆုံးဖြတ်ချက်သည် ရုရှား၏ ပိတ်ဆို့အရေးယူခံထားရသော ရေနံစိမ်းနှင့် ရေနံထွက် ပစ္စည်းများကို ရောင်းချခွင့်ပြုရန် အစိုးရအဖွဲ့က အငြင်းပွားဖွယ်ရာ အဆင့်ကို ဒုတိယ အကြိမ်မြောက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခင်ကင်းလွတ်ခွင့်မှာ ဧပြီလ ၁၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘဲဆင့် (Scott Bessent) က သက်တမ်း တိုးပေးမည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့ကပင် သတင်းထောက်များကို ပြောကြားခဲ့သော်လည်း သောကြာနေ့တွင်မူ သက်တမ်းတိုးပေးခဲ့ခြင်း ဖြစ်သည်။

အနောက်အုပ်စုနှင့် အခြားမဟာမိတ်နိုင်ငံများသည် ရုရှား၏ စွမ်းအင်တင်ပို့မှုမှရသော ဝင်ငွေများမှာ ယူကရိန်းကို ကျူးကျော်သည့် စစ်ပွဲအတွက် ရန်ပုံငွေဖြစ်နေသောကြောင့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အထူးကိုယ်စားလှယ်ကီရီးလ်ဒီမီထရီ( Kirill Dmitriev) က ယခုကင်းလွတ်ခွင့် သက်တမ်းတိုးပေးလိုက်ခြင်းကြောင့် ယခင်ခွင့်ပြုချက်အောက်ရှိ ရေနံစည်ပေါင်း သန်း ၁၀၀ အပြင် နောက်ထပ် ရေနံစည် သန်း ၁၀၀ အပေါ် သက်ရောက်မှု ရှိမည်ဟု စနေနေ့တွင် ပြောကြားခဲ့သည်။

ရေနံဈေးနှုန်း မြင့်တက်လာခြင်းနှင့် အမေရိကန်၏ ကင်းလွတ်ခွင့်များကြောင့် ရုရှား၏ ဘဏ္ဍာငွေမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ ယခုသီတင်းပတ်အစောပိုင်း ထုတ်ပြန်ချက်အရ ရုရှား၏ စွမ်းအင်ဝင်ငွေမှာ ဖေဖော်ဝါရီလတွင် ၉.၇၅ ဘီလီယံဒေါ်လာ ရှိခဲ့ရာမှ မတ်လတွင် ၁၉ ဘီလီယံဒေါ်လာအထိ နှစ်ဆနီးပါး မြင့်တက်လာခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က ကျူးဘားနိုင်ငံ အနောက်မြောက်ဘက်ရှိ ဆိပ်ကမ်း တစ်ခုတွင် ရုရှားရေနံတင်သင်္ဘောတစ်စင်းအား တွန်းသင်္ဘောတစ်စင်းက ကူညီ လမ်းပြပေးနေစဉ်။ ဓာတ်ပုံ – Yamil Lage/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 32 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 32 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 43 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး ဖြစ်နေခဲ့‌သည် ဟုသိရသည်။ ထို (G7) အစည်း အဝေး သည်အမေရိကန်နှင့်အီရန်တို့ အကြားငြိမ်းချမ်းရေး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ရုရှား၏ အဆမတန် အင်အား သာလွန်နေမှု စတင်ယိုင်နဲ့လာနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 46 Views
ပျမ်းမျှ နှစ်စဉ်လုပ်ခလစာ၏ လေးဆကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ခန့်ရှိသည့် အပိုဆုကြေး (Bonus) ကို ရရှိလျှင် သင် ဘာလုပ်မည်နည်း။ သို့မဟုတ် ဒေါ်လာ ၁၄၀,၀၀၀ တန်ဖိုးရှိသော အကြွေးများ ကင်းလွတ်ခွင့် ရမည်ဆိုလျှင်ကော။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက စိန့်ပီတာစဘတ် (St. Petersburg) ကို ပစ်မှတ်ထားတိုက်ခိုက်၊ ရုရှားက “ မကြုံစဖူး” တိုက်ခိုက်မှုဟု ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ယူကရိန်းသည် စနေနေ့တွင် စိန့်ပီတာစဘတ်မြို့ အနီးတစ်ဝိုက်ရှိ ရုရှားရေနံသန့်စင် စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ၊ ရုရှားတာဝန်ရှိသူတစ်ဦးက ယင်းကို “ မကြုံစဖူး” တိုက်ခိုက်မှုအဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နည်းပညာကြောင့် အင်အားကြီးရန်သူကို ယူကရိန်း အသာစီးရနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ယူကရိန်းရှိ ရုရှားစစ်ပွဲ ယူကရိန်းအရှေ့ပိုင်း — ဝူးဝူးဝါးဝါး မြည်သံတစ်ခု၊ ဖုန်မှုန့်များ လွင့်ပျံသွားမှု၊ မှုန်ဝါးဝါးပုံရိပ် ပြန်လည်ကြည်လင်လာချိန်တွင် ခေတ္တရပ်တန့်သွားခြင်း၊ ထို့နောက်တွင်တော့ ပြင်းထန်သော