နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

AA သိမ်းပိုက်ခဲ့တယ်လို့ သတင်းထွက်ခဲ့တဲ့ ပေါက်တောမြို့ကို စစ်ကောင်စီက ပြန်လည် တပ်စွဲ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။

ရခိုင်ပြည် ပေါက်တောမြို့ကို ဒီနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ မနက်က AA က ထိန်းချုပ်လိုက်ပြီလို့ သတင်းထွက်ပေါ်လာပြီးနောက် နေ့လယ်တွင် စစ်ကောင်စီမှ ကြည်း၊ ရေ၊ လေ တို့ဖြင့် ပြန်လည်ဝင်ရောက်လာကာ လက်ရှိ မြို့ထဲတွင် အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားလိုက်ပြီလို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့ မနက် (၁၀) နာရီကျော်အချိန်က စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ (၅) မိနစ်ကြာ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် နေ့လယ် ၃ နာရီကျော်အချိန်မှာ စစ်ရေယာဉ်နှစ်စီးနဲ့ ပစ်ခတ်နေရာယူတပ်စွဲလိုက်တာလို့ ဒေသတွင်း သတင်းဌာနတွေဆီက သိရပါတယ်။

နေ့လယ် ၁ နာရီလောက်ကနေ ကုလားတန်မြစ်ကနေလာတဲ့ စစ်ရေယာဉ် ၃ စီးထဲက နှစ်စီးက ပေါက်တောမြစ်ကမ်းနားမှာ မြို့ကိုခေါင်းတည်ချိန်ထားတယ်လို့ သိရပါတယ်။

ပုဂ္ဂိုလ်လိကပိုင် ရေယာဉ်တစ်ခုတဲ့ ရွှေပြည်တန်အမြန်ရေယာဉ်နဲ့ စစ်ကောင်စီတပ်သားများက ရဲဝတ်စုံဝတ်ပြီး စစ်သားရာချီပါတဲ့ တပ်ဖွဲ့ကို စစ်ကောင်စီက စေလွှတ်ခဲ့ကာ စစ်ရေယာဉ်တွေရဲ့ အကူအညီဖြင့် ပေါက်တောမြို့ပေါ်ကို ဝင်ရောက် နေရာယူထားကြတယ်လို့ သိရပါတယ်။

ပေါက်တောမြို့ကို ပစ်ခတ်တော့မယ်လို့ သတင်းရရှိတဲ့အတွက် မြို့သူမြို့သားတွေက နေ့လယ် ၁ နာရီကစပြီး မြို့ကိုစွန့်ခွာကာ အနီးအနားကျေးရွာများနဲ့ ဘေးကင်းရာကို တိမ်းရှောင်ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

AA က ပေါက်တောမြို့မရဲစခန်းအပါအဝင် မြို့တစ်ခုလုံးကို သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ ပြောဆိုနေကြပေမဲ့ စစ်ကောင်စီက ပေါက်တောမြို့ထဲကို ဝင်လာချိန်မှာတော့ အပြန်အလှန် ပစ်ခတ်မှု မရှိကြောင်း သိရပါတယ်။

Photo: Western News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

ရေဦးမြို့မှာ ရပ်ကျေးပကဖထောင်ထားတဲ့မိုင်း ချို့ယွင်းပေါက်ကွဲကာ ခရီးသည်တင်ကားတစ်စီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ရေဦးနယ်တောင်ဘက်ခြမ်းမှာ ခရီးသည်တင်ကားတစ်စီး မိုင်းစထိမှန်ခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့
1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 23 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့
မြန်မာ့နိုင်ငံရေး

တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 23 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၂၇)ဦးသေဆုံးခဲ့ပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နမ့်ခမ်းမြို့၊ ဟိုကတ်ရပ်ကွက်ရှိ ညဈေးတန်းနဲ့ ကျားဖြူခန်းမကို စစ်ကောင်စီက
1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 24 Views
စက်တင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီကျော်လောက်စပြီး နန်းမယ်ခုံအနီး၀န်းကျင်ကို ဗုံး
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 50 Views
ဩဂုတ်လ (၈)ရက်။ မနေ့က နံနက် (၇)နာရီခန့်မှာ မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF-South Monywa ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြပုလဲစစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မုံရွာတိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူတွေကို နေ့တိုင်း
မြန်မာ့နိုင်ငံရေး

နယ်‌စပ်ဒေသတွေထဲ ကျားဖြန့်တွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာတို့ကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 42 Views
ဇူလိုင်လ (၁၀)ရက်။ နယ်စပ်ဒေသတွေထဲ အွန်လိုင်းလိမ်လည်တာတွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ လောင်ကိုင်ဒေသအပါအ၀င် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်တာတွေဟာ ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်ကြတာမို့လို့
မြန်မာ့နိုင်ငံရေး

ရန်ကုန်မှာ ညပိုင်းမီးပျက်တဲ့အချိန် စစ်ကောင်စီက မြို့နယ်အချို့ထဲ ဧည့်စာရင်းစစ်ရှာဖွေတာတွေပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 27 ရက်
  • 72 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းထဲ မီးပြတ်တောက်တဲ့အချိန် စစ်ကောင်စီဘက်က မြို့နယ်အချို့မှာ ဧည့်စာရင်းစစ်ပြီး ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ညက ရန်ကုန်တိုင်းတခုလုံး မီးပြတ်သွားတာ၊ ဘာလို့ပြတ်လဲဆိုတာတော့မသိဘူး၊ အဲ့ဒီမီးပြတ်တဲ့အချိန်
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

စစ်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး တွဲကား(၃)စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 57 Views
ဇွန်လ (၂၁)ရက်။ မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71 Monywa PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို