နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခမ်းပါတ်မြို့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ CNDF ရဲဘော်ရုပ်အလောင်းတွေ့ရှိ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။

ဒီဇင်ဘာလ ၅ ရက်နေ့ ခမ်းပါတ်မြို့အဝင်မှာ စစ်ကောင်စီက ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ကြတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အဖွဲ့ဝင်တစ်ဦးရဲ့ရုပ်အလောင်းကို မနေ့လ ဒီဇင်ဘာလ (၁၃) ရက်နေ့ ခမ်းပါတ်မြို့အနီးမှာ တွေ့ရှိပြီလို့ CNO/CNDF UCR က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့သူဟာ ရဲဘော် ဆလိုင်းထောင်ဟူလျန် (Salai Thawng Hu Lian) လို့ သိရပါတယ်။

ဒီဇင်ဘာလ (၆) ရက်နေ့ မနက်စောစောမှာ ခမ်းပါတ်မြို့အဝင်တွင် စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးရဲဘော် ၆ ဦးကို ဖမ်းဆီးခဲ့ရာ နေရာမှာပင် လေးဦးကို သတ်ဖြတ်ခဲ့ပြီး ရဲဘော် ဆလိုင်းထောင်ဟူလျန်နဲ့ နောက်တစ်ဦးကိုတော့ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ ၎င်းတို့ထဲက တစ်ဦးကတော့ ဒဏ်ရာတွေနဲ့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

နယ်မြေခံ ဒေသခံတွေက ခမ်းပါတ်ပကဖတွေဆီကို စစ်ကောင်စီစစ်ေကြာင်းတွေ ပြန်လည်တက်လာနေတယ်လို့ သတင်းပေးခဲ့ပေမယ့် မယုံကြည်ခဲ့တဲ့အတွက် အခုလို အဖြစ်ဆိုး ကြုံခဲ့ရတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ခေတ်မျက်လုံးကို ဆက်သွယ်ပြောကြားလာပါတယ်။ အသတ်ခံရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးရဲ့ ဓာတ်ပုံတွေကိုလည်း ပို့ပေးခဲ့ပါတယ်။

ကြည့်ရှုလိုသူတွေ ခေတ်မျက်လုံးရဲ့ ဝက်ဆိုဒ်က အောက်ကလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ရဲဘော် ဆလိုင်းထောင်ဟူလျန်ရဲ့ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ယာယီစခန်းချတဲ့နေရာမှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ခေါင်းတခြား ကိုယ်တခြား ဖြစ်နေတယ်လို့ သိရပါတယ်။ လက်တဖက်လည်း လက်မောင်းရင်းကနေ ဖြတ်ထားတယ်လို့ သိရပါတယ်။ ရဲဘော်ဆလိုင်းထောင်ဟူလျန်ရဲ့ ရုပ်အလောင်းကို မနေ့က ဒီဇင်ဘာလ ၁၃ ရက်နေ့ ညမှာပဲ သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို တိုင်းပြည်နဲ့ လူမျိုးအတွက်အသက်ပေးလှူသွားကြတဲ့ရဲဘော်များကို နှမြောသလို ဝမ်းနည်းကြောင်းနဲ့ ကျန်ရှိ နေသေးတဲ့လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ CNO/CNDF UCR က မနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယ နယ်စပ်ဖြစ်တဲ့ ကလေးမြို့နဲ့ တမူးမြို့ကြားက ခမ်းပါတ်မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ နိုဝင်ဘာလ (၇) ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောထားသလို NUG, MOD ကလည်း ခမ်းပါတ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ခမ်းပါတ်မြို့ဟာ အိန္ဒယ-မြန်မာ ဆက်သွယ်ရေး လမ်းမကြီးဖြစ်ပြီးစစစ်ကောင်စီအတွက် အလွန်အရေးပါတဲ့မြို့ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း အင်အားတိုးချဲ့ပြီး ပြန်သိမ်းဖို့လုပ်နေသလို လေကြောင်းကနေလည်း နေ့တိုင်းနီးပါး တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ခမ်းပါတ်မြေပြင်တိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။ လက်ရှိအချိန်မှာ Federal Wing ဒရုန်းတပ်က ဒရုန်းတစ်လုံးတည်းနဲ့ တိုက်ခိုက်နေရပြီး ဘက်ထရီက လေးလုံးတည်း ရှိတဲ့အတွက် တခါပျံသန်းပြီးရင် ဘက်ထရီအား ပြန်သွင်းရတဲ့အတွက် ထင်သလောက် ခရီးမပေါက်ဘူးလို့ ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပတဲ့နေ့ စစ်တပ်ရဲ့ လပခနဲ့ ဘုရင့်နောင်တိုက်ခိုက်‌ရေးကျောင်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 14 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ သံတောင်ကြီးရှိ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM
မြန်မာသတင်း

မကွေးရှိ မြို့နယ်(၆)မြို့နယ်က စစ်တပ်စခန်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 15 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ကစပြီး မကွေးတိုင်းရှိ မြို့နယ် (၆)မြို့နယ်က စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က
မြန်မာသတင်း

ဖာပွန်ဗျူဟာကို KNLA နဲ့ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 48 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဖာပွန်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ နဂါးနက်စစ်ကြောင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ (၂၄)ရက်နေ့ကစပြီး ဖာပွန်ဗျူဟာကို ထိုးစစ်ဆင်ခဲ့တာပါ။ ဗျူဟာစခန်းကိုတော့ မသိမ်းနိုင် သေးပါဘူး။ လိုင်းပေါ်မှာတော့ သိမ်းနိုင်ပြီဆိုပြီး
မြန်မာသတင်း

“၂၀၂၆ တော်လှန်ရေးအလားလာ”

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 24 Views
အပတ်စဥ်နိုင်ငံ‌ရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၇) မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆွေးနွေးတင်ဆက်သူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က အခုရောက်ရှိလာတော့မဲ့နှစ်သစ် ၂၀၂၆ခုနှစ်မှာတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုရှေ့ဆက်ချီတက်ကြမယ်၊ တပ်ပေါင်းစုတွေကိုဘယ်လောက်အထိမျှော်မှန်းနိုင်မလဲ၊ ဘုံရန်သူစစ်အုပ်စုကို ဘယ်လို သေနင်္ဂဗြူဟာ တွေချမှတ်ဆောင်ရွက်နေတယ်လို့မြင်သလဲ ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ  နောက်ပိုင်းသူတို့ရှင်သန်နိုင်ပါ့မလားဆိုတာတွေကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ဒီတနင်္ဂနွေနေ့
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ ခလရ(၄၇)တပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာ။ အဲ့ဒီတိုက်ပွဲမှာ
မြန်မာသတင်း

မကွေးမှာ အခုနှစ်ကုန်ကစပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၇)ရက်။ မကွေးဒေသထဲ အခုနှစ်ကုန်ပိုင်းကစပြီး ၂၀၂၆ခုနှစ်အထိ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ မကွေးဖက်ရယ်ယူနစ်လွှတ်တော်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကွေးဒေသဟာ ခုခံတွန်းလှန်စစ်တွေရဲ့ ဆုံချက်ဖြစ်သလို စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ ကာကွယ်ရေးပစ္စည်း
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၇)ရက်။ တမူးမြို့မှာ အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားတယ်လို့
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ဆိုပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ ‌ရန်ကုန်ကိုရောက်လာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 28 Views
ဒီဇင်ဘာလ (၂၇)ရက်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ဆိုပြီး စစ်တပ်နဲ့ မိတ်ဖက်နိုင်ငံအချို့က ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ရန်ကုန်ကို ရောက်လာတဲ့အဖွဲ့တွေဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့