နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီစစ်ကြောင်း ကလေးဝတွင် ကြားဖြတ် အတိုက်ခံရ

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် စခန်းကြီးရွာဝန်းကျင်တွင် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဇွန်လ ၁၆ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကလေးဝမြို့မှ မင်းကင်းမြို့နယ်သို့ ယာကြီးလမ်းအတိုင်း လူ၊ လက်နက်နှင့် ရိက္ခာပို့ရန်လာသော Faw ကား ၃ စီးပါ ခမရ (၃၆၂) စစ်ကြောင်းကို PDF ကလေးခရိုင်း အမှတ် (၉) တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဟာ မနက် ၇ နာရီ ၄၅ မိနစ်ကစတင်ဖြစ်ပွားခဲ့ပြီး ၉ နာရီခွဲ အချိန်မှာ PDF တပ်ဖွဲ့ကပြန်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွင် စစ်သားများအပြင် ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များလည်း ပါဝင်ပြီး စုစုပေါင်း အင်အား ၁၃၀ ခန့်ရှိကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတာပါ။

တိုက်ပွဲအတွင်း PDF များဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း စစ်ကောင်စီတပ်ဘက်က ကျဆုံးမှုကို စီစစ်နေဆဲလို့သိရပါတယ်။

တိုက်ပွဲအတွင်း Faw ကား(၂)စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို MA-(11) (၂)လက်၊ G-3 (၂)လက်၊ MA-11 ကျည်ဘောက် (၃)ခု၊ G-3 ကျည်ဘောက် (၆)ခု၊ MG (3) ငါးကြင်းမြှီးစက်သေနတ် (၁)လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း (၁)လက်၊ ၆၀ မမ ဗုံးသီးများ၊ RPG ထိပ်ဖူး(၅)လုံး၊ အီနာဂါ ဗုံးသီး(၅) လုံး၊ .38 Webly Wesson (၆)လုံးပြူး (၁)လက်၊ Jammer (၁) လုံး၊ M-14 နင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး အလုံး (၃၀)ကျော်၊ ကျည်ဆံများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Era’sEye/Photo/သိမ်းဆည်းရမိသောလက်နက်များကိုတွေ့ရစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မီဇိုရမ်ပြည်နယ်မှာ CNF ခေါင်းဆောင်အပါအဝင် (၅) ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိဟု မီဇိုရမ်ရဲတပ်ဖွဲ့ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 7 Views
ဇန်နဝါရီလ (၁၆) ရက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ခေါင်းဆောင် ပူးဘီလ်ကျုံး (Pu Bil
မြန်မာသတင်း

ရေးမြို့ရှိ စကခ(၁၉)အနီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 8 Views
(၃)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ဦးခန့် သေဆုံးခဲ့ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၉)ရက်နေ့ကစပြီး (၁၁)ရက်နေ့အထိ ရေးမြို့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနီး (၄)မိုင်အကွာမှာ
မြန်မာသတင်း

မန္တလေးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်ခတ်ရာက သေ‌ဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၅)နာရီခွဲအချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ‌မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ဖြစ်တာက ပြည်ကြီးတံခွန် (၁၂၅)လမ်း၊ (၅၉)နဲ့
မြန်မာသတင်း

ရန်ကုန်မှာ အငှားယာဉ်မောင်းတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ည (၉)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှာ အငှားယာဉ်မောင်း အမျိုးသားတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒေါပုံ ဇေယျာသီရိ(၆)လမ်းထိပ် ပေ(၈၀)လမ်းပေါ်မှာ တက္ကစီကားပေါ်
မြန်မာသတင်း

ဖားကန့်မှာ ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုရှိ စပေါ့ကျေးရွာအနီး ရွှံ့နွံကန်ပြိုကျတဲ့ဖြစ်စဉ်ထဲ သေဆုံးသူ (၃၁)ဦးအထိရှိခဲ့တယ်လို့ မြေပြင်ကူညီပေးနေတဲ့ လူမှုကုညီရေးအဖွဲ့တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ စပေါ့ရွာမှာ ရွှံ့နွံကန်ပြိုကျတာမှာ (၃)ရက်ထဲ ရှာဖွေခဲ့တာ ရွံတွေအောက်ကနေ သေဆုံးအလောင်းတွေ
မြန်မာသတင်း

ကော့ကရိတ်မြို့မှာ စစ်ကောင်စီဒရုန်းကြောင့် အရပ်သားတစ်ဦး သေ‌ဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့က ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကမိုင်ကုန်းကျေးရွာကို ဒရုန်းဗူံတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောင်းမရွာအုပ်စု ကမိုင်ကုန်းရွာကို စကစက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

ပုံနှိပ်ထုတ်ဝေသူတွေ ဥပဒေဖောက်ဖျက်ရင် တရားစွဲမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ဥပဒေစည်းကမ်းချက်တွေ ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ တရားစွဲမယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုံနှိပ်တာနဲ့ ထုတ်ဝေတဲ့လုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ ထုတ်ဝေစာတွေကို ဖတ်ရှုလေ့လာစိစစ်ပြီး ကြပ်မတ်စိစစ်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဆိုပါတယ်။
မြန်မာသတင်း

မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် (၆)ဦး ပွဲချင်းပြီးသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 6 Views
ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၄)ရက်နေ့ ည(၉)နာရီခွဲကျော်အချိန်က မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ နမခတိုင်းစစ်ဌာနချုပ်ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာအခြေစိုက်