နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်

သဘာ၀ပတ်ဝန်းကျင်

သဘာ၀ပတ်ဝန်းကျင် အချက်အလက်များ ဥရောပ

လူဦးရေ ၆၀၀၀ ကျော်သာ ရှိသော ကျွန်းတစ်ကျွန်းသို့ ရွှေ့ပြောင်းအခြေချသူ ၇၀၀၀ ခန့် ဝင်ရောက်လာမှုကြောင့် အီတလီ အခက်တွေ့။

မြေထဲပင်လယ်အတွင်း နှစ်ရက်အတွင်း အီတလီနိုင်ငံ လမ်ပီဒူဆာ (Lampedusa) ကျွန်းသို့ တတိယနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချသူ ၇၀၀၀ ခန့် ဝင်ရောက်လာမှုကြောင့် ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂတို့က ၎င်းတို့၏ တုံ့ပြန်နိုင်စွမ်း ကန့်သတ်ချက်အပေါ် သတိပေးသံများ ထွက်ပေါ်လာခဲ့သည်။

လမ်ပီဒူဆာသည် လူဦးရေ ၆၀၀၀ ကျော်သာ ရှိသော ကျွန်းတစ်ကျွန်း ဖြစ်သည်။

၎င်းသည် မြောက်အာဖရိကမှ ပင်လယ်ကို ဖြတ်ကူးသူများအတွက် ပထမဆုံး ဆင်းသက်ရာနေရာဖြစ်ပြီး ဥရောပ၏ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အကျပ်အတည်းကို မီးမောင်းထိုးပြသည့်နေရာ တစ်ခုဖြစ်သည်။

အုပ်ချုပ်ရေးမှူး ဖိလစ်မန်နီနိုက ရွှေ့ပြောင်းအခြေချမှု အကျပ်အတည်းသည် နောက်ပြန်လှည့်ရန် မဖြစ်နိုင်သောပွိုင့် သို့ ရောက်ရှိသွားပြီဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

အီတလီအသံလွှင့်ဌာန 102.5 နှင့် အင်တာဗျူးတွင် ၎င်းက ” လွန်ခဲ့သည့် ၄၈ နာရီအတွင်း ကျွန်းပေါ်သို့ လူပေါင်း ၇၀၀၀ ခန့် ရောက်ရှိလာခဲ့သည်။

လမ်ပီဒူဆာ သည် ရွှေ့ပြောင်းအခြေချသူများကို အမြဲကြိုဆိုခဲ့ပြီး ကူညီပေးခဲ့ကြောင်း ပြောဆိုခဲ့ပြီး ယခုအခါ ဤကျွန်း၏ အခန်းကဏ္ဍသည် အန္တရာယ် ကျရောက်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။အီတလီ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ဤကိန်းဂဏန်းကို CNN အား အတည်ပြုခဲ့သည်။

အီတလီနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အကြီးအကဲ Chiara Cardretti က လမ်ပီဒူဆာ၏ အခြေအနေသည် စိုးရိမ်ရကြောင်း စက်တင်ဘာလ (၁၅) ရက်နေ့၌ ပြောကြားခဲ့သည်။

“ ကျွန်းကို ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရန် အရေးပေါ်ကြိုးပမ်းမှုများ” လုပ်ဆောင်လျက်ရှိပြီး ပြီးခဲ့သော ၂၈ နာရီအတွင်း လူပေါင်း ၅၀၀၀ ခန့်သည် ကျွန်းပေါ်မှ အခြားနေရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။မကြာသေးမီက ရွှေ့ပြောင်းအခြေချသူများသည် တူနီးရှားတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ၏ အဆိုအရ လမ်ပီဒူဆာသို့ မရောက်ရှိမီ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) သင်္ဘောများနှင့် အီတလီ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ခဲ့ကြသည်။

ယခင်က ရွှေ့ပြောင်း နေထိုင်သူအများစုမှာ လစ်ဗျားမှ လာသူများ ဖြစ်သည်။ လစ်ဗျားမှာ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ရွှေ့ပြောင်း နေထိုင်သူ အရေအတွက် တိုးလာမည်ကို စိုးရိမ်ကြောင်း IOM က ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံရပ်ခြား စာနယ်ဇင်းအဖွဲ့နှင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အီတလီနိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီး Salvini က ရွှေ့ပြောင်းနေထိုင်သူများ ရောက်ရှိလာမှုသည် စစ်ပွဲများကြောင့်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

အီတလီအစိုးရအနေနှင့် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူကို လျော့နည်းသွားအောင် ပြုလုပ်သွားမည်ဟု ကတိပြုပြီး ဝန်ကြီးချုပ် မီလိုနီ၏ တူနီးရှား အစိုးရနှင့် ညှိနှိုင်းရန် ကြိုးပမ်းမှုကို ချီးကျူးခဲ့သည်။ရွှေ့ပြောင်းအခြေချနေထိုင်သူများနှင့် ပတ်သက်၍ ညွန့်ပေါင်းအစိုးရအတွင်း ပြဿနာရှာခံနေရသည့် ဝန်ကြီးချုပ် မီလိုနီသည် လမ်ပီဒူဆာအပေါ် တိုက်ရိုက် မှတ်ချက်ပေးခြင်း မရှိခဲ့ပေ။

သို့သော် ၁၄ ရက်နေ့က အီတလီ အသံလွှင့်ဌာန (RAI) နှင့် အင်တာဗျူးတွင် နေရာရွှေ့ပြောင်းခြင်းထက် ဝင်လာမှုကို ရပ်တန့်ဖို့ ပြုလုပ်ရန် အရေးကြီးကြောင်း ၎င်းက ထောက်ပြခဲ့သည်။အီတလီပြည်မကြီးသို့ ပြောင်းရွှေ့ရန် စောင့်နေကြသည့် ရွှေ့ပြောင်းအခြေချသူများ။

Lampedusa/Yara Nardi/Reutersလမ်ပီဒူဆာသည် ရွှေ့ပြောင်းဝင်ရောက်လာမှုကို ရင်ဆိုင်ရန် ရုန်းကန်နေရသည်/Alessandro Serran/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 58 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 64 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 115 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 119 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 131 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်