နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

ဂျာမဏီ

ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက်

ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏ အင်အား အကြီးဆုံး စစ်တပ်ကို တည်ဆောက်မည်ဟု ကတိပြုခဲ့သည် – ၎င်းသည် နှစ်ပေါင်းများစွာ စစ်ရေးကိုလစ်လျူရှုခံခဲ့ရသော နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်အတွက် မဖြစ်နိုင်လောက်သော ကြီးမားသည့် ကိစ္စဖြစ်သည်။

မဟာမိတ်အစိုးရသည် ပြီးခဲ့သည့်အပတ်က သဘောတူညီခဲ့သော ဥပဒေသစ်သည် ရုရှား၏ ခြိမ်းခြောက်မှုနှင့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ သိသိသာသာ ပြောင်းလဲလာမှုတို့ကြောင့် ဂျာမနီစစ်အင်အားကို တောင့်တင်းလာစေပြီး ၎င်းကို အကောင်အထည်ဖော်ရန် ထိုဥပဒေ အသစ် ကကူညီဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

ပြောင်းလဲမှုများစွာပါဝင်သော ဥပဒေသစ်သည် ၂၀၃၅ ခုနှစ်တွင် လက်ရှိ စစ်သည်အင်အား ၁၈၀,၀၀၀ ခန့်မှ ၂၆၀,၀၀၀ သို့ မြှင့်တင်ရန်အပြင် အရံစစ်သည် ၂၀၀,၀၀၀ ကိုပါ ထပ်တိုးရန် ဂျာမနီက ကြိုးပမ်းမည်ကို တွေ့ရမည်ဖြစ်သည်။

ပထမဦးစွာ၊ ဤကြိုးပမ်းမှုသည် စေတနာအလျောက် ကိုယ့်သဘောနှင့်ကိုယ် ပါဝင်လိုခြင်း ကြောင့် စာရင်းပေးသွင်းခြင်းကို အဓိကထားမည်ဖြစ်ပြီး၊ စာရင်းပေးသူများအတွက် အကျိုးခံစားခွင့်များ ပိုမိုပေးအပ်မည်ဖြစ်ရာ လစဉ်စတင်လစာအဖြစ် လက်ရှိနှုန်းထက်ယူရို €၄၅၀ တိုးမြှင့်၍ €၂,၆၀၀ (ဒေါ်လာ $၃,၀၀၀) ပေးအပ်မည်ဖြစ်သည်။

အကယ်၍ စစ်သည်အင်အားပန်းတိုင်များကို မပြည့်မီပါက၊ လိုအပ်သည့်အခါတွင် အစိုးရအနေဖြင့် မဖြစ်မနေ စစ်မှုခေါ်ယူခြင်း ရွေးချယ်ခွင့်ကို ပြုလုပ်မည်ဖြစ်သည်။

လာမည့်နှစ်မှစ၍ အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်မှုထမ်းရန် စိတ်ဝင်စားမှုရှိမရှိ မေးခွန်းလွှာ ကို လက်ခံရရှိမည်ဖြစ်သည်။ အမျိုးသားများအတွက်မူ ၎င်းကို အဖြေပေးရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သည်။ ၂၀၂၇ ခုနှစ်မှစ၍ အသက် ၁၈ နှစ်ရှိ အမျိုးသားများသည် မဖြစ်မနေ ဆေးစစ်မှုခံယူရမည်ဖြစ်သည်။

ဤအပြောင်းအလဲများ ဖြစ်ပေါ်လာရခြင်းမှာ ထရန့်အစိုးရက ဥရောပသည် ၎င်း၏ကိုယ်ပိုင် လုံခြုံရေးအတွက် တာဝန်ယူရမည်ဟု သတိပေးနေခြင်း၊ ယူကရိန်းတွင် ရုရှား၏စစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ဒေသဆိုင်ရာ ကျွမ်းကျင်သူများက မော်စကိုသည် နောက်ထပ် NATO အဖွဲ့ဝင်နိုင်ငံကို ကျူးကျော်နိုင်ကြောင်း အကြံပြုနေခြင်းတို့ကြောင့် ဖြစ်သည်။

လန်ဒန်အခြေစိုက် တွေးခေါ်မှုအဖွဲ့ (Think Tank)ဖြစ်သည့် Chatham House မှ ဥရောပအစီအစဉ်၏ တွဲဖက်သုတေသီ မင်နာအလန်ဒါ(Minna Ålander) က ဂျာမနီသည် ၎င်း၏ ဗဟိုပထဝီဝင်တည်နေရာကြောင့် ဥရောပ၏ ရိုးရာကာကွယ်ရေးတွင် အဓိကအခန်း ကဏ္ဍမှ ပါဝင်နိုင်စွမ်းရှိသည်ဟု ယုံကြည်သည်။

“အကယ်၍ စစ်သည်အင်အားသစ် ပန်းတိုင်ရောက်ရန် အစီအစဉ်များ အကောင်အထည် ပေါ်လာပါက ဥရောပအတွက် အလွန်ကောင်းမွန်မည်ဖြစ်သော်လည်း ၎င်းမှာ ၂၀၃၀ ပြည့်လွန် နှစ်များအတွင်းမှ ဖြစ်လာဖွယ်ရှိသည်” ဟု သူမက ပြောသည်။

၎င်းသည် လုံလောက်သော အချိန်မီ ဖြစ်မဖြစ်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ဂျာမနီစစ်ဦးစီးချုပ် ဗိုလ်ချုပ် ကာစတန် ဘောယာ(Carsten Breuer) သည် ဇွန်လက BBC နှင့် အင်တာဗျူးတစ်ခုတွင် NATO သည် နောက်ထပ်လေးနှစ်အတွင်း – ဖြစ်နိုင်ခြေအများဆုံးမှာ ၂၀၂၉ ခုနှစ်တွင် ရုရှား၏ တိုက်ခိုက်မှုဖြစ်နိုင်ချေအတွက် ပြင်ဆင်သင့်ကြောင်း ပြောကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအား အသင့်ဖြစ်စေရန် တိုက်တွန်းခဲ့သည်။

ဥပဒေသစ်မတိုင်မီတွင် မဟာမိတ်ပါတီများဖြစ်ကြသော ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ (CDU) နှင့် အလယ်အလတ်-လက်ဝဲ ဆိုရှယ် ဒီမိုကရက်တစ် ယူနီယံ (SPD) တို့သည် မည်သည့်စစ်မှုထမ်းခြင်းပုံစံကို မိတ်ဆက်သင့်သည်နှင့် ပတ်သက်၍ အပတ်ပေါင်းများစွာ ငြင်းခုံခဲ့ကြသည်။ စိတ်ကူးတစ်ခုမှာ “ထီပုံစံ စစ်မှုမထမ်းမနေရ” ဖြစ်ပြီး၊ ၎င်းတွင် ဆေးစစ်ရန် အတွက် လူငယ်အမျိုးသားများကို ရွေးချယ်ရန် မဲနှိုက်ပြီးနောက် စစ်မှုခေါ်ယူရန်အတွက် နောက်ထပ် မဲနှိုက်ခြင်းကို အသုံးပြုမည်ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဘောရစ်ပစ်ထရိုရပ်စ်( Boris Pistorius) က ထိုအဆိုပြုချက်ကို နောက်ဆုံးတွင် ဖျက်သိမ်းခဲ့ပြီး၊ အစားထိုးအနေဖြင့် စာရင်းပေးသွင်းခြင်းသည် ပိုမို ကောင်းမွန်သော လစာနှင့် အခြားဘဏ္ဍာရေးဆိုင်ရာ လျော်ကြေးများကဲ့သို့သော မက်လုံး များကို အဓိကထားသင့်ကြောင်း ပြောကြားခဲ့သည်။

ဂျာမနီသည် ယခင်က အသက် ၁၈ နှစ်မှ ၂၃ နှစ်ကြား အမျိုးသားများအတွက် စစ်မှုမထမ်း မနေရ စနစ်ရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် စေတနာအလျောက် စစ်တပ်အတွက် ဖျက်သိမ်း ခဲ့သည်။

ဤသဘောတူညီချက်သည် ဂျာမနီပါလီမန် သို့မဟုတ် ဘန်ဒက်စတက်(Bundestag) တွင် အတည်ပြုရန် လိုအပ်နေသေးပြီး ဥပဒေပြုအမတ်များသည် ယခုနှစ်ကုန်တွင် မဲပေးမည်ဟု မျှော်လင့်ရသည်။ ထိုသို့ဖြစ်ပါက ၎င်းသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်သည်။

SPD ပါတီမှ ပစ်ထရိုရပ်စ်(Pistorius) က ဤပြောင်းလဲမှုကို ကြိုဆိုခဲ့ပြီး ထိခိုက်မည့်သူများ အား စိတ်ချစေရန် ကြိုးပမ်းခဲ့သည်။ “စိုးရိမ်စရာ အကြောင်းမရှိဘူး၊ ကြောက်ရွံ့စရာ အကြောင်းမရှိဘူး” ဟု ၎င်းက ပြီးခဲ့သည့်အပတ်က သဘောတူညီချက်ကို ကြေညာပြီးနောက် ပြောကြားခဲ့သည်။

“ဘာကြောင့်လဲဆိုတော့ သင်ခန်းစာက ရှင်းပါတယ်- ကျွန်ုပ်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်နက်တပ်ဆင်မှု၊ လေ့ကျင့်မှုနဲ့ စစ်သည်အင်အားတို့ကြောင့် ဟန့်တားနိုင်စွမ်းနဲ့ ကာကွယ်ရေး စွမ်းရည် ပိုမိုကောင်းမွန်လေလေ၊ ပဋိပက္ခတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ အခွင့်အရေး နည်းပါးလေလေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပစ်ထရိုရပ်စ် က ဘာလင်၏ စစ်ရေးစနစ်သစ်သည် အခြားဥရောပ မဟာမိတ်များအတွက် စံနမူနာ ဖြစ်စေနိုင်ကြောင်း အကြံပြုခဲ့သည်။ “လူတိုင်းက ကျွန်တော်တို့ ဘာလုပ်နေလဲ ဆိုတာကို စောင့်ကြည့်နေကြတယ်” ဟု ၎င်းက ပြောသည်။

“ကျွန်တော် (ပြင်သစ်ဝန်ကြီးချုပ်) ဆက်ဘက်တီရင် လူ့ကော်နူး(Sebastian Lecornu နဲ့ သူ့ရဲ့ဆက်ခံမယ့်သူအပြင်၊ ယူကေနဲ့ တခြားနိုင်ငံတွေနဲ့ပါ အနီးကပ် ဆက်သွယ်နေပါတယ်။ … ကျွန်တော်တို့ရဲ့ စစ်မှုမထမ်းမနေရ ပုံစံသစ်ဟာ အတော်လေးကို ခေတ်မီပါတယ်။ အရမ်းခေတ်မီပါတယ်။ ဒါဟာ တခြားနိုင်ငံတွေအတွက်လည်း စံနမူနာ ဖြစ်နိုင်မလား။ ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိပါတယ်”

သို့သော် ဤပြောင်းလဲမှုများသည် အငြင်းပွားဖွယ်ရာများ ဆက်လက်ရှိနေပြီး အထူးသဖြင့် ဂျာမနီ၏ နိုင်ငံရေးလက်ဝဲဘက်မှ လူအများစုသည် မည်သည့် မဖြစ်မနေ စစ်မှုခေါ်ယူမှုကိုမဆို ပြန်လည်မိတ်ဆက်ခြင်းကို သဘောမတူကြပေ။ ပြုပြင်ပြောင်းလဲမှုများ မကြေညာမီ အောက်တိုဘာလက Die Welt သတင်းစာမှ ထုတ်ပြန်ခဲ့သော Forsa စစ်တမ်းတစ်ခုက ဂျာမနီ၏ လက်ဝဲယိမ်း Die Linke ပါတီမှ မဲဆန္ဒရှင် ၈၀% သည် ထိုအကြံကို ဆန့်ကျင် ခဲ့ကြောင်း ဖော်ပြခဲ့သည်။

သို့သော် အလန်ဒါ( Ålander) က ဂျာမနီ၏ လူဦးရေ အရွယ်အစားကို ထည့်သွင်းစဉ်းစားပါက မဖြစ်မနေ ခေါ်ယူမှုများ မပြုလုပ်ဘဲ ပန်းတိုင်များ ပြည့်မီအောင် လုပ်ဆောင်ခြင်းသည် လက်တွေ့မကျဟုမြင်ခြင်းမှာ မဟုတ်ကြောင်း ယုံကြည်သည်။

“အကယ်၍ အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များက လက်နက်ကိုင်တပ်ဖွဲ့များအပေါ် ခံယူချက်ကို သိသိသာသာ တိုးတက်အောင် စီမံနိုင်ပြီး စစ်မှုထမ်းခြင်းကို ‘ပုံမှန်’ ရွေးချယ်မှုအဖြစ် စတင်စဉ်းစားရန် လူငယ်များကို လှုံ့ဆော်နိုင်ပါက၊ စေတနာအလျောက် ပါဝင်မှု တစ်ခုတည်းဖြင့် ပန်းတိုင်ကို ရောက်ရှိနိုင်သည်” ဟု သူမက CNN သို့ ပြောကြား ခဲ့သည်။

သို့သော် သူမက ဆက်လက်ပြောကြားသည်မှာ “ကျွန်မ စိုးရိမ်တာက အကယ်၍ မဖြစ်မနေ စစ်မှုထမ်းခြင်းကို သံသယရှိတဲ့ လူဦးရေအပေါ် ချမှတ်ခဲ့မယ်ဆိုရင် လူငယ်တွေ ပိုပြီး အစွန်းရောက်လက်ယာနဲ့ အစွန်းရောက်လက်ဝဲဘက်ကို တွန်းပို့နိုင်ပါတယ်”

ဂျာမနီလူငယ်များ၏ မဖြစ်မနေ စစ်မှုခေါ်ယူမှုကို ခံယူရန် ဝန်လေးမှုသည် ရှင်းလင်းနေသည်။ CNN သို့ ပြောကြားခဲ့သော အသက် ၁၇ နှစ်အရွယ် တစ်ဦးသည် ဂျာမနီ၏ ကိုယ်ပိုင်ကာကွယ်နိုင်မှု အရေးပါပုံကို အသိအမှတ်ပြုခဲ့သော်လည်း တိုက်ခိုက်လိုစိတ်ရှိမရှိကို သံသယရှိမှုကို ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ ကိုယ်တိုင် ကာကွယ်နိုင်ဖို့ကတော့ အရေးကြီးတာပေါ့။ ဒါပေမဲ့ ဒါကြောင့်ပဲ ကျွန်တော်တို့ NATO မဟာမိတ်အဖွဲ့ထဲမှာ ရှိနေတာပါ။ … ကျွန်တော် ဂျာမနီကို ချစ်တယ်။ ဒီနိုင်ငံအတွက် အခု တိုက်ချင်ပါတယ်လို့တော့ ကျွန်တော် မပြောပါဘူး။ … ကျွန်တော် စစ်ပွဲထဲ ဝင်နေရမယ့်ဘဝမျိုးထက် တခြားဘဝတစ်ခုကို စိတ်ကူးထားပါတယ်” ဟု ၎င်းက ပြောသည်။

အသက် ၂၁ နှစ်အရွယ် လီယိုနစ်ဘက်ဂျရော့ဗ်(Leonid Bekjarov) က ဂျာမနီစစ်တပ်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းကို ထောက်ခံခဲ့သည်။ “အရမ်းပျော့ပြောင်းပြီး လစ်လျူရှု ခံထားရတာ ကြာပြီ” ဟု ၎င်းက ပြောသည်။

သို့သော် ၎င်းက မဖြစ်မနေ စစ်မှုခေါ်ယူခြင်း အယူအဆကိုလည်း မေးခွန်းထုတ်ခဲ့သည်။ “ယူကရိန်းကို (ရုရှားက) တိုက်ခိုက်တာ ဆိုးပါတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က စစ်ပွဲကို လုံးဝ ဆန့်ကျင်ပြီး စစ်တပ်ကို နည်းနည်းလေး အားကောင်းအောင် လုပ်တာ ကောင်းပါတယ် – ဒီအတွက် ရန်ပုံငွေတွေလည်း ချထားပြီးပါပြီ – ဒါပေမဲ့ အခု လူတိုင်းအတွက် စစ်မှုမထမ်းမနေရ စနစ်လုပ်ပြီး အဲဒီကို သွားရမယ်ဆိုတာကိုတော့ မှားတယ်လို့ ကျွန်တော် ထင်ပါတယ်”

CNN နှင့် စကားပြောခဲ့သော အခြားသူများကမူ စစ်မှုထမ်းရန် ခေါ်ယူခံရပါက ၎င်းတို့၏ ပညာရေးများ အချည်းနှီးဖြစ်သွားမည်ကို စိုးရိမ်ပူပန်ခဲ့ကြသည်။

တရားဝင်ကိန်းဂဏန်းများကလည်း ဂျာမန်လူထု အမြင်ကို ထိုးထွင်းသိမြင်စေသည်။ ယူကရိန်းစစ်ပွဲ စတင်ကတည်းက စစ်မှုမထမ်းမနေရ စနစ်ကို ပြန်လည်စတင်ရန် ဆွေးနွေးမှုများ ပြင်းထန်လာသောကြောင့် စစ်မှုမထမ်းရရန် ကန့်ကွက် လျှောက်ထားသူ အရေအတွက်သည် သိသိသာသာ မြင့်တက်လာခဲ့သည်။ ယခုနှစ် အစောပိုင်းမှ အောက်တိုဘာ ၂၅ ရက်အထိ၊ လူ ၃,၀၃၄ ဦးသည် ထိုသို့ စစ်မှုမထမ်းလိုခြင်းကို အသိအမှတ်ပြုရန် လျှောက်ထားခဲ့ကြောင်း အစိုးရမှတ်တမ်းများက ဖော်ပြသည် – ၎င်းသည် ၂၀၁၁ ခုနှစ်တွင် စစ်မှုမထမ်းမနေရ စနစ် ရပ်ဆိုင်းခဲ့ပြီးနောက် အမြင့်ဆုံး ဖြစ်သည်။

ဆယ်စုနှစ်များစွာ လစ်လျူရှုခံရခြင်း

ဂျာမနီ၏ လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် Bundeswehr သည် စစ်အေးခေတ်ကတည်းက ရန်ပုံငွေ နည်းပါးမှုဖြင့် နာတာရှည် ဖြစ်နေခဲ့သည်။

ဘာလင်တံတိုင်း ပြိုကျပြီးနောက် ဆယ်စုနှစ်သုံးခုကြာအောင် စစ်ရေးအသုံးစရိတ်သည် နိုင်ငံ၏ GDP ၏ ၂% အောက်တွင် ရှိနေခဲ့သည် – ၎င်းသည် NATO ပန်းတိုင်များအောက် ဖြစ်သည် – ၎င်းသည် ခြိမ်းခြောက်မှုဟု ယူဆရသည်များ နည်းပါးခြင်း၊ ဂျာမနီ၏ စစ်အင်အား နှင့် ပတ်သက်၍ အထိန်းအကွပ်များ ရှိနေခြင်းနှင့် နာဇီခေတ်နောက်ပိုင်း အလွန်အေးချမ်းစွာ နေ လိုသော အမျိုးသားစိတ်ဓာတ်တို့ကြောင့် ဖြစ်သည်။

ထို့နောက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည်။ ဥရောပအတွင်း “စစ်ပွဲအတွက် အသင့်ဖြစ်စေရန်” တောင်းဆိုမှုများ ထွက်ပေါ်လာချိန်တွင်၊ ၎င်းသည် နိုင်ငံ၏ အမြင်တွင် သိသိသာသာ အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ် အိုလက်ဖ် စလော့ဇ်(Olaf Scholz) က “Zeitenwende” သို့မဟုတ် “အပြောင်းအလဲကာလ” ကို ကြေညာခဲ့ပြီး ဂျာမန်တပ်မတော်(Bundeswehr) ကို ခေတ်မီစေရန်အတွက် €၁၀၀ဘီလျံ ($၁၁၆ ဘီလျံ) အထူးရန်ပုံငွေကို ဖန်တီးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျာမနီသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံး စစ်မှုထမ်း ဟောင်းများနေ့ကို အမှတ်အသားပြုရန် ၎င်း၏ စစ်ရေးအတိတ်အပေါ် စိုးရိမ်ပူပန်မှုကို ဘေးဖယ်ထားခဲ့ပြီး၊ ဤနေ့ကို နှစ်စဉ် ဇွန်လ ၁၅ ရက်နေ့တွင် “လူသိရှင်ကြားနှင့် မြင်သာ ထင်သာ” ကျင်းပသင့် ကြောင်း ဥပဒေသစ်က ပြဋ္ဌာန်းခဲ့သည်။

ဤသဘောထားပြောင်းလဲမှုသည် မာ့ဇ်(Merz) က ယခုနှစ်အစောပိုင်းတွင် ရာထူး ရရှိလာ ပြီးနောက် ပိုမိုနက်ရှိုင်းလာခဲ့ရာ ဝန်ကြီးချုပ်သစ်သည် ဂျာမနီ၏ လက်နက်ကိုင်တပ်ဖွဲ့များကို “ဥရောပ၏ အင်အားအကြီးဆုံး ရိုးရာစစ်တပ်” အဖြစ် ပြောင်းလဲရန် ကတိပြုခဲ့ရုံသာမက ကာကွယ်ရေးအသုံးစရိတ်ကို NATO ပန်းတိုင်သစ်များ ပြည့်မီစေရန် နှစ်ဆတိုးမြှင့်ရန်လည်း ကတိပြုခဲ့သည်။

“(ရုရှားသမ္မတ ဗလာဒီမာ) ပူတင်သည် အင်အားသုံးခြင်းဆိုတဲ့၏ ဘာသာစကားကိုသာ နားလည်သည်” ဟု မာ့ဇ်က ထိုအချိန်က ပြောကြားခဲ့သည်။

________________________________________

ဂျာမန်စစ်သားသစ်များစစ်ရေးလေ့ကျင့်နေစဥ် (ပုံ)

Westfalen-Kaserne စစ်စခန်းရှိ တင့်ကားဖျက်ဆီးရေး လေ့ကျင့်ခန်းအတွင်း စစ်သားသစ် တစ်ဦး ဘာဇူကာ (bazooka) ကို ကိုင်ဆောင်ထားသည်။ Ina Fassbender/AFP/Getty Images (ပုံ)

ဂျာမန် ကာကွယ်ရေးဝန်ကြီး ‌ဘောရစ် ပစ်စတိုရပ်(Boris Pistorius) သည် ဤပြောင်းလဲမှုကို ကြိုဆိုခဲ့ပြီး စိုသူများအား စိတ်ချစေရန် ကြိုးပမ်းခဲ့သည်။ Lisi Niesner/Reuters (ပုံ)

အနောက်ဂျာမနီ၊ Ahlen မြို့တွင် စစ်သားသစ်များ သေနတ်ပစ် လေ့ကျင့်နေကြသည်။ Ina Fassbender/AFP/Getty Images (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက