နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

Japan News

Japan News ဂျပန် နိုင်ငံတကာသတင်း

ဂျပန်မှာ ငါးတွေ အများအပြား သေဆုံးပြီး ကမ်းခြေမှာ လာရောက်သောင်တင်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်၊ တိုကျို။

ဂျပန်နိုင်ငံ၌ မကြာသေးမီရက်များအတွင်းက ‌သေဆုံးနေသော ငါးသေတ္တာ(ဆာဒင်း) ငါးများနှင့် မက်ကရယ်ငါးများ ဂျပန့်မြောက်ဘက်စွန်းရှိ ဟိုကိုင်းဒိုး ဟာကိုးဒါတေကမ်းခြေတွင် မျောပါသောင်တင်လာခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဟောင်ကောင်သတင်းစာ South China Morning Post က ဟိုကိုင်းဒိုးာကိုးဒါတေကမ်းခြေတွင် သေဆုံးနေသည့် ဆာဒင်းငါး၊ မက်ကရယ်နှင့် အခြားငါးများ ရေညစ်ညမ်းမှုများကြောင့် သေဆုံးသွားနိုင်ဖွယ်ရှိခဲ့သည်ဟု ဒီဇင်ဘာလ (၁၁) ရက်နေ့က ဖော်ပြခဲ့သည်ကို ဂျပန်အဏ္ဏဝါဇီဝဗေဒပညာရှင်များက မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။

သို့သော်လည်း ယခုကိစ္စသည် ဖူကူရှီးမားရေဆိုးများစွန့်ထုတ်ခြင်းနှင့်ပတ်သက်၍ အပြစ်ဖို့ရန်အကြောင်းမရှိဟူ၍လည်း ဂျပန်အာဏာပိုင်များကငြင်းဆိုထားသည်။

အကြောင်းရင်းကို စုံစမ်းစစ်ဆေးသူများသည် ညစ်ညမ်းမှုကြောင့်မဟုတ်ဘဲ အစုလိုက်အပြုံလိုက်သေဆုံးနိုင်မှု အခြေအနေနှစ်ခုကို အဆိုပြုထားသည်။

အဏ္ဏဝါဇီဝဗေဒပညာရှင်များက ငါးများကို လင်းပိုင်ငါးကဲ့သို့ ငါးအကြီးစားများက သားကောင်များဖြစ်သည့် ငါးအသေးအုပ်စုကို လိုက်ဖမ်းရာတွင် ရေတိမ်ပိုင်းပင်လယ်အော်ထဲသို့ လွဲမှားစွာ ပို့ဆောင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ ငါးများသည် ကျဉ်းမြောင်းသောဧရိယာတွင် လျင်မြန်သော အရှိန်နှင့် စုဝေးပါက ရေထဲတွင်ပျော်ဝင်နေသော အောက်ဆီဂျင်ကို လျင်မြန်စွာ သုံးစွဲကာ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်စေသည်ဟု ပညာရှင်များက ပြောကြားခဲ့သည်။

တိုကျိုမြို့ ယဉ်ကျေးမှု မနုဿဗေဒဌာနမှ တိရစ္ဆာန်နှင့် ရုက္ခဗေဒပါမောက္ခ Kevin Short က “ ဟိုကိုင်းဒိုး ကမ်းရိုးတန်းတလျှောက်မှာ နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်မျိုးမှာ လင်းပိုင်နဲ့ တူနာငါးတွေ ကျက်စားနေကြပြီး ငါးသေတ္တာ (ဆာဒင်း) ငါးနဲ့ မက်ကရယ်ငါးတွေကို လိုက်ဖမ်းလေ့ ရှိတယ်။ ထိတ်လန့်သွားတဲ့ ငါးအုပ်စုက ရေတိမ်ပိုင်းပင်လယ်အော်ထဲကို ရောက်သွားပြီး လမ်းပျောက်သွားတာ” ဟု ပြောကြားခဲ့သည်။

ပါမောက္ခ Short က “ ဒါဟာ အလွန်ရှားပါးတဲ့ဖြစ်ရပ်မျိုးပါ၊ ဒါပေမယ့် အရင်တုန်းကလည်း အလားတူဖြစ်ရပ်မျိုး ရှိခဲ့ဖူးတယ်” ဟု ရှင်းပြခဲ့ပါသည်။

အခြားပညာရှင်များကလည်း ငါးများ ရွှေ့ပြောင်းသွားလာစဉ် ရေအေးများ လျင်မြန်စွာဝင်ရောက်ပြီးနောက် ငါးအုပ်စု သေဆုံးနိုင်ခြေကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဟောင်ကောင်သတင်းစာတွင် ဖော်ပြထားသည်။ သို့သော်လည်း အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများကြောင့် အစုလိုက်အပြုံလိုက်သေဆုံးနိုင်ခြေကို ကျွမ်းကျင်သူများက ငြင်းဆိုထားသည့်အချက်ကိုမူ သတင်းစာက မဖော်ပြခဲ့ပေ။

တစ်ချိန်တည်းတွင် ဟိုကိုင်းဒိုးအာဏာပိုင်များသည် ကမ်းရိုးတန်းတွင် ငါးအသေကောင်များကို ရှင်းလင်းရန်အတွက် ဒီဇင်ဘာ (၉) ရက်နေ့မှ စတင်ကာ ငါးလုပ်ငန်းလုပ်ကိုင်နေသူများအပါအဝင် ဝန်ထမ်းများကို အသုံးပြုခဲ့ပြီး ရှင်းလင်းလျက်ရှိသည်။ ငါးအသေကောင်၏ အလေးချိန်မှာ တန်ချိန် ၁၀၀၀ ခန့်ရှိနိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ငါးအမြောက်အမြားသေဆုံးသွားကြောင်း သတင်းများ ဖော်ပြလာသောအခါ တရုတ်အင်တာနက်အသုံးပြုသူများက ‘ငါးတွေအမြောက်အများသေတာဟာ နျူကလီးယားစွန့်ပစ်ရေ (ညစ်ညမ်းသောရေ) တွေ ထုတ်လွှတ်တာကြောင့် ဖြစ်ရတာ” ဟူသော မှတ်ချက်များဖြင့် တုံ့ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 13 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 16 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 28 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup