နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“စွန့်လွှတ်အနစ်နာခံတတ်တဲ့ အီရန်လူမျိုးတွေဟာ ခင်ဗျားရဲ့ အနှစ်မရှိတဲ့ ခြိမ်းခြောက်မှု တွေကို မကြောက်ဘူး” ဟု အတွင်းရေးမှူး အလီ လာရီဂျာနီ (Ali Larijani) က လူမှုကွန်ရက် X စာမျက်နှာတွင် ရေးသားခဲ့ကြောင်း Associated Press က ဘာသာပြန်ဖော်ပြခဲ့သည်။ “ခင်ဗျားထက် ပိုကြီးမားသူတွေတောင် အီရန်ကို အပြတ်မရှင်းနိုင်ခဲ့ဘူး။ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ” ဟု ၎င်းက ဆိုသည်။

လာရီဂျာနီသည် တနင်္လာနေ့က Truth Social တွင် တင်ခဲ့သည့် ထရမ့်၏ မှတ်ချက်များကို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“အကယ်၍ အီရန်က ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံစီးဆင်းမှုကို တားဆီးမယ့် တစ်ခုခုလုပ်ခဲ့ရင် သူတို့ဟာ အခုထက်ထိ ခံခဲ့ရတာထက် အဆပေါင်း ၂၀ မက ပြင်းထန်တဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ခံရလိမ့်မယ်” ဟု သမ္မတက ရေးသားခဲ့သည်။

“ဒါ့အပြင် အီရန်နိုင်ငံအနေနဲ့ နောင်မှာ ပြန်လည်ထူထောင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့အောင် အလွယ်တကူ ဖျက်ဆီးလို့ရတဲ့ ပစ်မှတ်တွေကို ကျွန်တော်တို့ ချေမှုန်းပစ်မယ် သေခြင်းတရား၊ မီးတောက်တွေနဲ့ ဒေါသမာန်တွေဟာ သူတို့အပေါ် စိုးမိုးသွားလိမ့်မယ် – ဒါပေမဲ့ အဲဒီလိုမျိုး မဖြစ်လာပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ဆုတောင်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ “ဒါဟာ တရုတ်နဲ့ ဟော်မုဇ်ရေလက်ကြားကို အဓိကအသုံးပြုနေတဲ့ နိုင်ငံအားလုံး အတွက် အမေရိကန်က ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါကို သူတို့ ကျေးဇူးတင်တန်ဖိုးထား ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”။

အီရန်သည် အင်္ဂါနေ့တွင် အစ္စရေး၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့သို့ ဒုံးကျည်အသစ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း AP က ဖော်ပြခဲ့ပြီးနောက် လာရီဂျာနီ၏ ဖိအားပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘာရိန်းနိုင်ငံရှိ လူနေအဆောက်အအုံတစ်ခု တိုက်ခိုက်ခံရမှုတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ အခြား ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် အီရန်နိုင်ငံအတွင်း အမေရိကန်-အစ္စရေး ပူးတွဲ စစ်ဆင်ရေး အပြီးတွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ အဆိုပါ ပဋိပက္ခ ကြောင့် အိုမန်နှင့် အီရန်ကြားတွင် တည်ရှိပြီး ပါရှန်ပင်လယ်ကွေ့နှင့် အိုမန် ပင်လယ်ကွေ့၊ အာရပ် ပင်လယ်တို့ကို ဆက်သွယ်ပေးထားသည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ခဲ့ရသည်။

hormuzstraitmonitor.com ၏ အဆိုအရ ပုံမှန်အားဖြင့် တစ်ရက်လျှင် သင်္ဘော အစီးရေ ၆၀ ခန့် ဖြတ်သန်းလေ့ရှိသော်လည်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘော နှစ်စင်းသာ ရှိခဲ့သည်။ အင်္ဂါနေ့တွင် ရေနံတင်သင်္ဘော ၉၈ စင်းနှင့် ကုန်တင်သင်္ဘော ၃၄ စင်း အပါအဝင် သင်္ဘော စုစုပေါင်း ၁၅၇ စင်း သောင်တင်နေသည်။

မြောက်အမေရိက ဈေးကွက်အတွက် အညွှန်းကိန်းဖြစ်သော West Intermediate crude oil (WTI) ရေနံစိမ်းတစ်စည် ဈေးနှုန်းမှာ အင်္ဂါနေ့ နံနက်ပိုင်းအထိ ၉၀ ဒေါ်လာကျော်တွင် ရှိနေသည်။ AAA ၏ အဆိုအရ အမေရိကန် တစ်နိုင်ငံလုံး၏ ပျမ်းမျှဓာတ်ဆီဈေးမှာ ၃.၅၄ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။

အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ပြန်ချက်တစ်ခုတွင် “ဒေသတွင်းမှ ရေနံတစ်လီတာကိုမျှ ရန်သူဘက်တော်သားများနှင့် ၎င်းတို့၏ မဟာမိတ်များထံ နောက်ထပ် အကြောင်းမကြားမချင်း တင်ပို့ခွင့်ပေးမည်မဟုတ်” ဟု ပြောကြားခဲ့သည်။

အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို ဖယ်ရှားရန်အတွက် ရေနံဈေးနှုန်း မြင့်တက်မှုမှာ “ပေးဆပ်ရကျိုးနပ်သည့် အလွန်သေးငယ်သော တန်ဖိုး” ဖြစ်သည်ဟု ထရမ့်က အငြင်းပွား ဖွယ် ပြောဆိုထားသည်။ သို့သော်လည်း နွေဦးနှင့် နွေရာသီခရီးသွားရာသီ စတင်တော့မည် ဖြစ်ရာ အမေရိကန်ပြည်သူများ ပိုမိုခရီးသွားလာကြမည့်အချိန်တွင် ဓာတ်ဆီဈေးနှုန်းများက ပြည်သူတို့၏ ပိုက်ဆံအိတ်ကို ထိခိုက်လာမည်ကို လွှတ်တော်အမတ်များက စိုးရိမ်နေကြ သည်။

အလက်စကာပြည်နယ် အထက်လွှတ်တော်အမတ် လီဆာ မာကောစကီး(Lisa Murkowski) က ပြီးခဲ့သည့်လတွင် စတင်ခဲ့သည့် ကနဦးတိုက်ခိုက်မှုမတိုင်မီ အစိုးရအဖွဲ့အနေဖြင့် စွမ်းအင်ဈေးနှုန်းများကို ထည့်သွင်းစဉ်းစားခဲ့ခြင်းရှိပုံမရဟု ဝေဖန်ခဲ့သည်။

“အကောင်းမမြင်ဘဲ ပြောရရင်တော့၊ ခင်ဗျားတို့ ဒါကို ကြိုတင်တွက်ချက်မထားဘူးလို့ ပြောနေတာလား။ သူတို့ ဒါကို သေချာမစဉ်းစားခဲ့ဘူးလို့ ကျွန်မ စတင်မြင်နေရပြီ” ဟု ၎င်းက ပြီးခဲ့သည့်အပတ်က Punchbowl News သို့ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက