နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း အမေရိကန် အီရန်

မိမိကိုယ်တိုင် အရှက်ခွဲခဲ့ဖူးသည့် ကမ္ဘာ့ခေါင်းဆောင်ထံသို့ ထရမ့် မှ အောက်ကျ နောက်ကျ အကူအညီတောင်းခံရန် ပြန်သွားရပြီ

AFPသတင်း- ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်

ဒေါ်နယ်ထရမ့်သည် ဗိုလိုဒီမာ ဇလန်းစကီး၏ အီရန်ဒရုန်းများကို တန်ပြန်တိုက်ခိုက်ရေး ကူညီပေးမည့် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက်၊ ယခုအခါ အဆိုပါအကူအညီကိုပင် ပြန်လည်တောင်းခံခဲ့ရသဖြင့် အကျပ်ရိုက်စရာကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိ နေပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းက အသက် ၇၉ နှစ်အရွယ် အမေရိကန်သမ္မတနှင့် ၎င်း၏ ဒုသမ္မတ ဂျေဒီဗန့်စ် (အသက် ၄၁ နှစ်) တို့သည် အသက် ၄၈ နှစ်အရွယ် ယူကရိန်းသမ္မတကို အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း ထိပ်တိုက်တွေ့ဆုံစဉ် လူသိရှင်ကြား အရှက်ခွဲခဲ့ကြသည်။

ရုရှားနှင့်စစ်ဖြစ်နေသည့် ယူကရိန်းအား အမေရိကန်က ကူညီပံ့ပိုးမှုအပေါ် ကျေးဇူးတင် စိတ်ကင်းမဲ့သည်ဟု ဆိုကာ ဗန့်စ်က ဇလန်းစကီးကို ငေါက်ငမ်းခဲ့သဖြင့် အဆိုပါတွေ့ဆုံမှုမှာ ချုံခိုတိုက်ခိုက်ခံရသကဲ့သို့ ဖြစ်ခဲ့သည်ဟု အများက ရှုမြင်ခဲ့ကြသည်။ ထရမ့်ကလည်း ဇလန်းစကီး၏ ပုံပန်းသဏ္ဌာန်ကို လှောင်ပြောင်ခဲ့ပြီး ၎င်းကို “တတိယကမ္ဘာစစ်နှင့် လောင်း ကစားနေသူ” ဟု စွပ်စွဲခဲ့ကာ “ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်ပြီ” ဆိုမှသာ ပြန်လာခဲ့ရန် ပြောကြားခဲ့ဖူးသည်။

ယခုအခါ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လက အိမ်ဖြူတော် တွင် တံခါးပိတ်အစည်းအဝေးပြုလုပ်စဉ် ဇလန်းစကီးသည် ယူကရိန်း၏ ဒရုန်းတန်ပြန် တိုက်ခိုက်ရေး ကျွမ်းကျင်မှုများကို ထရမ့်အား ကမ်းလှမ်းရန် ကြိုးပမ်းခဲ့ကြောင်း Axios က အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

၎င်း၏အဖွဲ့သည် အမေရိကန်အရာရှိများကို တင်ပြချက် (Presentation) တစ်ခု ပြသခဲ့ပြီး၊ အီရန်သည် ရှာဟက်(Shahed) ဒရုန်းဒီဇိုင်းများကို အဆင့်မြှင့်တင်နေကြောင်း သတိပေးခဲ့ကာ အမေရိကန်စခန်းများနှင့် မဟာမိတ်များကို ထိုခြိမ်းခြောက်မှုမှ ကာကွယ်ရန် ဒေသတွင်း ဗဟိုချက်များ တည်ဆောက်ရန် အဆိုပြုခဲ့သည်။

ထိုတင်ပြချက်တွင် အီရန်သည် ဒရုန်းဒီဇိုင်းများကို မြှင့်တင်နေကြောင်း သတိပေးထားပြီး အမေရိကန်စခန်းများအနီးရှိ မဟာမိတ်နိုင်ငံများတွင် “ဒရုန်းတိုက်ခိုက်ရေး ဗဟိုချက်များ” တည်ဆောက်ရန် အဆိုပြုခဲ့သည်။ ဇလန်းစကီး၏အဖွဲ့က ထရမ့် သဘောကျမည့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ထုတ်လုပ်ရေးနှင့် ထုတ်လုပ်မှုဝေစု စသည့်အချက်များဖြင့် တင်ပြခဲ့သော်လည်း အစိုးရအဖွဲ့က ငြင်းပယ်ခဲ့သည်။

အမေရိကန်အရာရှိနှစ်ဦးက ထိုဆုံးဖြတ်ချက်ကို ကြီးမားသော အမှားအယွင်းတစ်ခုအဖြစ် ရှုမြင်နေကြကြောင်း Axios က ဆိုသည်။ “အကယ်၍ [အီရန်နဲ့စစ်ပွဲ] မတိုင်ခင်မှာ ကျွန်တော် တို့ လုပ်ခဲ့မိတဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အမှားတစ်ခု ရှိတယ်ဆိုရင် ဒါဟာ အဲဒီအမှားပဲ” ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တင်ပြချက်ကို မြင်တွေ့ခဲ့ရသည့် အမေရိကန်အရာရှိတစ်ဦးက ထိုကမ်းလှမ်းချက်ကို “ဇလန်းစကီးဟာ ဇလန်းစကီးအတိုင်းပဲ” ဟု ဆိုကာ ပယ်ချခဲ့ကြောင်း Axios သို့ ပြောကြား ခဲ့ပြီး၊ ယူကရိန်းအရာရှိတစ်ဦးကမူ ထရမ့်သည် ၎င်း၏အဖွဲ့အား ထိုအယူအဆအပေါ် ဆက်လက်လုပ်ဆောင်ရန် ပြောခဲ့သော်လည်း “သူတို့ ဘာမှမလုပ်ခဲ့ကြဘူး” ဟု ဆိုသည်။

သို့သော်လည်း ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အမေရိကန်သည် ဇလန်းစကီးထံမှ ဒရုန်းတန်ပြန်ရေးအကူအညီကို တရားဝင် တောင်းခံခဲ့ပြီး၊ ယူကရိန်း၏ ဒရုန်းကြားဖြတ် တိုက်ခိုက်ရေးယာဉ်များနှင့် ကျွမ်းကျင်သူများကို ဂျော်ဒန်ရှိ အမေရိကန်စခန်းများအား ကာကွယ်ရန် စေလွှတ်လိုက်ပြီဖြစ်ကြောင်း ဇလန်းစကီးက နောက်ပိုင်းတွင် ပြောကြား ခဲ့သည်။

ဤသို့ သဘောထားပြောင်းလဲရခြင်း၏ အကြောင်းရင်းမှာ ထင်ရှားနေကြောင်း Axios က ဆိုသည်။ အီရန်၏ Shahed ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သည် ၇ ဦး သေဆုံးခဲ့ရပြီး၊ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များမှာ ကြားဖြတ်ကာကွယ်ရေးအတွက် အမြောက်အမြား အကုန်အကျခံနေရသောကြောင့် ဖြစ်သည်။

AP သတင်းဌာန၏ သီးခြားဖော်ပြချက်အရ ပင်တဂွန်စစ်ဌာနချုပ်သည် ၎င်းတို့၏ ကိုယ်ပိုင် Merops စနစ်ကို ဒေသတွင်း၌ ဖြန့်ကျက်ထားသော်လည်း၊ ယခုအချိန်အထိ ဒရုန်းတန်ပြန်ရေး တုံ့ပြန်မှုမှာ “စိတ်ပျက်စရာ” ဖြစ်သည်ဟု အမေရိကန်အရာရှိများက ဖော်ပြခဲ့ကြသည်။

ဆိုလိုသည်မှာ လွန်ခဲ့သော လအနည်းငယ်က ထရမ့် ပယ်ချခဲ့သော နည်းပညာသည် ယခုအခါ အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။ ထရမ့်နှင့် ဗန့်စ်တို့ လူသိရှင်ကြား နှိမ်ချခဲ့သော ဇလန်းစကီးမှာမူ ယခုအခါ အမေရိကန်၏ စီမံကိန်းရေးဆွဲမှုတွင် ဟာကွက်ဖြစ်စေခဲ့သည့် ဒရုန်းများကို ဟန့်တားရာတွင် လက်တွေ့ကမ္ဘာ၌ အတွေ့အကြုံ အရှိဆုံးနိုင်ငံ၏ ခေါင်းဆောင် အဖြစ် ဆက်ဆံခံနေရပြီ ဖြစ်သည်။

ထရမ့်၏ လေသံပင် ပြောင်းလဲသွားခဲ့သည်။ ပြီးခဲ့သည့်အပတ်က ဇလန်းစကီး၏ အကူအညီ ပေးမည့် ကမ်းလှမ်းချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ထရမ့်က “သေချာတာပေါ့၊ ဘယ်နိုင်ငံက မဆို ပေးတဲ့ အကူအညီကို ကျွန်တော် ယူမှာပါ” ဟု ဖြေကြားခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက Daily Beast သို့ ပြောကြားရာတွင် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သ်နှင့် စစ်ဘက်ဆိုင်ရာတို့သည် တီဟီရန်မှ လာနိုင်သည့် “ဖြစ်နိုင်ခြေရှိသော တုံ့ပြန်မှုအားလုံး” အတွက် ကြိုတင်ပြင်ဆင်ထားကြောင်းနှင့် Operation Epic Fury မှာ “ငြင်းဆို၍မရသော အောင်မြင်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပင်တဂွန်ကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဓာတ်ပုံအညွှန်း- ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် ကျင်းပသည့် (၄၇) ကြိမ်မြောက် အစ္စလာမ္မစ်တော်လှန်ရေး အထိမ်းအမှတ်ပွဲတွင် ပြသထားသည့် Shahed ဒရုန်းတစ်စင်း။ အဆိုပါ ဒရုန်းများသည် အမေရိကန်အတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့ပြီး ယူကရိန်းက ကူညီရန် ကမ်းလှမ်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 89 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 88 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက