နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃)စစ်ဒေသခွဲရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များအား NUG က လက်နက်များ ပေးအပ်

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး သင် တန်းဆင်းရဲဘော်များအား လက်နက်များ ပေးအပ်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ – NUG| Ref:PPS
ဓာတ်ပုံ – NUG| Ref:PPS

ယခု သင်တန်းဆင်းပွဲကို ယနေ့ဇန်နဝါရီ ၁၇ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားရာ အမျိုးသားညီညွတ်ရေးအစိုးရကဆောင်ရွက်နေသည့် စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာမဟာဗျူဟာ စီမံချက်ဆောင်ရွက်နေမှု ကို ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ – NUG| Ref:PPS

“ အောင်မြင်သင့်သလောက် အောင်မြင်နေပြီဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်း သားပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန်တော်လှန်တိုက်ထုတ်နေသည့်အတွက် အာဏာရှင်တို့နိဂုံးချုပ်တော့မည်ဖြစ်ကြောင်း” ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များကို တစ်ဦး ချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ – NUG| Ref:PPS

NUG ခေါင်းဆောင်များအနေဖြင့် တော်လှန်ရေးရဲဘော်များနှင့်အတူ မြေပြင်၌ တသားတည်းရှိနေကြောင်း၊ စစ်မြေပြင်လို အပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စစ်ဒေသကြီးများအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ဓာတ်ပုံ – NUG| Ref:PPS

တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် NUGတို့ ညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်နေပြီး တော်လှန်ရေး၌ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်နေကြသူများအားလုံး၏ ဇွဲနဘဲကြီးမှုကြောင့် မကြာမီတော်လှန်ရေးအောင်ပွဲအသီးအပွင့်များကို ခံစားကြရတော့မည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

ဓာတ်ပုံ – NUG| Ref:PPS

ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်းပေးအပ်ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

ဓာတ်ပုံ – NUG| Ref:PPS

MoeZ/Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရီပတ်ပလီကင်အောင်လွှတ်တော်အမတ် မာဂျော်ရီ တေလာဂရင်းနှင့် သမတထရန့်တို့ ခွာပြဲသွားခြင်း။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 10 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၁၇ရက် ဂျက်ဖရီ အက်ပ်စတိန်း ဖိုင်များ ထုတ်ပြန်ရေးနှင့် ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရန့် နှင့် အခြေအတင်
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတဦး သေဆုံးတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ပြိုင်စရာမလိုဘဲ အနိုင်ထပ်ရပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 18 Views
နိုဝင်ဘာလ (၁၇)ရက်။ ဂန့်ဂေါမြိုမှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် သေဆုံးသွားတာကြောင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ပြိုင်စရာမလိုဘဲ အနိုင်ရသွားခဲ့ပြန်တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် (၄)ဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး PDF ဆီ ထွက်ပြေးလွတ်မြောက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 17 Views
နိုဝင်ဘာလ (၁၇)ရက်။ ကန့်ဘလူမြို ဘူးကုန်းစစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲက လူငယ်အမျိုးသား (၄)ဦး ကျွန်းအချုပ်ထောင်ဖောက်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု (၄)ယောက်က တရက်ထဲ အဖမ်းခံရတဲ့သူတွေမဟုတ်ဘူး။ တချိုက ရွှေမျှောလုပ်ဖိုသွားတာ။
မြန်မာသတင်း

နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထားဖို NUG ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 17 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အမြင့်ဆုံး ခေါင်းဆောင်အဆင့်ရှိသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို NUG က နိုဝင်ဘာလ (၁၅)ရက်နေ့ရက်စွဲနဲ့ မနေ့က ထုတ်ပြန်ထားတယ်လို သိရပါတယ်။ မြန်မာနိုင်ငံထဲ ကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်တွေအပေါ်
မြန်မာသတင်း

ရသေ့တောင်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 16 Views
နိုဝင်ဘာလ (၁၇)ရက်။ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ရသေ့တောင်မြိုရှိ ကျေးရွာအချိုကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ခတ်ခဲ့တယ်လို AA ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်ကောင်စီတပ်က ဘာထလေရွာနဲ့
မြန်မာသတင်း

ရန်ကုန် မှော်ဘီမြိုရှိ ကြံ့ခိုင်ရေးပါတီရုံး ဗုံးပစ်ခံရပြီး စစ်ကော်မရှင်တပ်ဖွဲဝင် (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 17 Views
နိုဝင်ဘာလ (၁၇)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ‌ရန်ကုန်တိုင်း မှော်ဘီမြိုနယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို မြိုပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်အုပ်စုရဲ့ မှော်ဘီက အရေခြုံ ကြံ့ဖွတ်ရုံးကို UG ရဲဘော်တွေက
မြန်မာသတင်း

မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 29 Views
မုံရွာ နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကနေ ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးကာ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၉)နာရီဝန်းကျင်က မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်နဲ့ ဝမ်ပေါင်ကုမ္ပဏီဘက်က ထွက်လာတဲ့ စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ရွှေကျင်မြို့မှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင်လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဓါးခုတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 16 ရက်
  • 27 Views
နိုဝင်ဘာလ (၁၅)ရက်။ မနေ့က နံနက် (၁၀)နာရီကျော်အချိန် ညောင်လေးပင်ခရိုင် ရွှေကျင်မြို့ရှိ အနောက်ဘက်ကျေးရွာမှာ မဲဆွယ်ပွဲလာဖို့ လက်ကမ်းစာစောင် လိုက်ဝေတဲ့ ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးတဦး ဓါးခုတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သူက ကိုယ်စားလှယ်လောင်းတွေ မဲလာဆွယ်မှာကို