ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် မိုခါဆိုင်ကလုံးမုန်တိုင်းကြောင့် အသက်ဆုံးရှုံးရသူများ မရှိသော်လည်း စစ်ကောင်စီက ဆက်သွယ်ရေးဖြတ်ထားတဲ့ တိုက်နယ် အမှတ် (၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄) အထူးသဖြင့် ပလက်ဝနယ်စပ်နှင့် မတူပီနယ်စပ် အမှတ် ၁၀ နှင့် ၁၃ ဘက်တွင်ရှိသည့် ကျေးရွာများ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရကြောင်း ဒေသခံများဆီက သိရှိရပါသည်။
![](https://eraseye.com/wp-content/uploads/2023/05/348222354_930716947980040_1060937779796843444_n-1-1024x461.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347834969_3480575868851261_2356340807123212062_n-768x1024.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347795634_1410830439755703_3895973659975788424_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347789352_766080438496694_7053721408424976509_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347792319_270399795431201_5112530577490290866_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347833980_621194333251961_970172567935444762_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/05/347821174_1365295680984778_5109772933842140357_n-1024x768.jpg)
![](https://eraseye.com/wp-content/uploads/2023/05/348222354_930716947980040_1060937779796843444_n.jpg)
လက်ရှိ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြေပြင်အထိ သွားရောက် စာရင်းကောက်ယူနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး မုန်တိုင်းသင့်ပြည်သူများကို အကူအညီပေးဖို့ ကြိုးစားသွားမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမန်ထံမှ သိရှိရသည်။
ဓာတ်ပုံ။ ကိုယောမန်။