နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ဖွင့်လှစ်သွားမည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ဖွင့်လှစ်သွားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။


မေလ (၁၆) ရက်နေ့ မနက် (၁၀) နာရီမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၉) ကြိမ်မြောက် အွန်လိုင်းအစိုးရအဖွဲ့ အစည်းဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) တည်ထောင်ရေးကိစ္စ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေး ဒေါက်တိုင်တစ်ခုဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာလုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေး ထီးရိပ် ဖြစ်ဖို့လည်း အထူးလိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ နွေဦးတော်လှန်ရေးဟာ Generation – Z လို့ ခေါ်တဲ့ လူငယ်မျိုးဆက်တွေရဲ့ ဘဝ ဖြတ်သန်းမှုထဲ အတူယှဉ်တွဲ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ ယခင်နဲ့ မတူတဲ့ တော်လှန်ရေး နည်းနာတွေ အမြောက်အမြား ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ အဲသည်လို သမားရိုးကျ မဟုတ်တဲ့ တော်လှန်ရေး နည်းနာတွေနဲ့အတူ၊ နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးသက်လုံကို ပါဝင်ဖြည့်ဆည်းကြမယ့် အုတ်မြစ်တွေလည်း အထူး လိုအပ်နေပါတယ်။

တော်လှန်ရေးသက်လုံကို ပါဝင်အားဖြည့် ထောက်ကူမယ့် အုတ်မြစ်တွေထဲမှာ ဒီနေ့ ဆွေးနွေးကြမယ့် နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်ရေးကိစ္စလည်း အထူးပြု ပါဝင်နေလိမ့်မယ်လို့ ယူဆပါတယ်။ နွေဦးတော်လှန်ရေးမှာ စိတ်ဓာတ်လည်း လိုသလို၊ ဘဏ္ဍာငွေ အင်အားလည်း လိုနေတာ အားလုံးအသိ ဖြစ်ပါတယ်။ လက်တွေ့ အောင်မြင်မှု ရလဒ်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဘဏ္ဍာရေးကိစ္စကို အထူးတလည် စဉ်းစားကြရပါလိမ့်မယ်။” လို့ ယာယီသမ္မတ ပြောကြားပါတယ်။


ဆက်လက်ပြီးတော့လည်း “နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေးဒေါက်တိုင်တစ်ခု ဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာ လုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေးထီးရိပ်ဖြစ်ဖို့လည်း အထူး လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ state assets တန်ပြန် လွှမ်းမိုးမယ့် မဟာဗျူဟာ စဉ်းစားချက်တွေ ပါသင့်တယ်လို့ ယူဆပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား ပြည်သူလူထုရဲ့ ဓနဥစ္စာ ပိုင်ဆိုင်ခွင့်တွေဟာ ကန့်သတ် ရိုက်ချိုးခံခဲ့ရပါတယ်။ တိုင်းပြည်အတွင်းမှာ မတည်ငြိမ်ရင် ၊ ပဋိပက္ခတွေ ဖြစ်ရင် လူထုဟာ အရင်ဆုံး ဆုံးရှုံး အနစ်နာခံကြရသူတွေဖြစ်ပါတယ်။ ဒါကို ငဲ့ကွက်ပြီးတော့ ကျွန်တော်တို့ ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေဟာ လူထုရဲ့ ဓနဥစ္စာ လုံခြုံမှုကို ကာကွယ်ပေးနိုင်တဲ့ အဝန်းအဝိုင်း တစ်ခုကို တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။

ဒါဟာ တော်လှန်ရေးအတွက် ကောင်းကျိုးဖြစ်သလို ၊ ပြည်သူ့အတွက်လည်း အကျိုးဖြစ်ထွန်းတဲ့ ဘက်မျှသော စနစ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ၂၀၂၃ နှစ်သစ်မှာ နိုင်ငံရေးအရ အားပေးစကားတွေ၊ စည်းရုံးရေး စကားတွေ ပြောခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်သူလူထု စိတ်အားတက်ကြွအောင် ခွန်အားပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကို ပြန်လည် အမှတ်ရပြီး ယခု ဒီနှစ်ကုန်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေးကြဖို့ ဇွဲလုံ့လ ဝီရိယအားစိုက် ထုတ်ကြပါလို့ ထပ်လောင်း နှိုးဆော်ချင်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားကာ အွန်လိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
Era’sEyes | Photo – NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 7 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ
မြန်မာသတင်း

စစ်ကိုင်းမြို့အနီး စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို PDF တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 10 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ညပိုင်းအချိန်က စစ်ကိုင်းမြို့အနီးရှိ စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စကမတပ်သားတွေ တပ်စွဲထားတဲ့
မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 30 Views
ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ချောင်းဦးမြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်တပ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျနော်တို့ BLDF
မြန်မာသတင်း

ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်ဆီးဖို့ကြိုးစားချိန် တိုက်နယ်ပကဖက ကယ်ထုတ်ခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 29 Views
ဇန်နဝါရီလ (၁၆)ရက်။ ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။ “ ဖြစ်စဉ်က ဒီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့
မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 34 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး အမျိုးသားရည်မှန်းချက် (၂)ရပ်အနေနဲ့ ဆောင်ရွက်နေသလို တိုင်းရင်းသားတွေရဲ့