နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ဖွင့်လှစ်သွားမည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ဖွင့်လှစ်သွားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။


မေလ (၁၆) ရက်နေ့ မနက် (၁၀) နာရီမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၉) ကြိမ်မြောက် အွန်လိုင်းအစိုးရအဖွဲ့ အစည်းဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) တည်ထောင်ရေးကိစ္စ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေး ဒေါက်တိုင်တစ်ခုဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာလုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေး ထီးရိပ် ဖြစ်ဖို့လည်း အထူးလိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ နွေဦးတော်လှန်ရေးဟာ Generation – Z လို့ ခေါ်တဲ့ လူငယ်မျိုးဆက်တွေရဲ့ ဘဝ ဖြတ်သန်းမှုထဲ အတူယှဉ်တွဲ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ ယခင်နဲ့ မတူတဲ့ တော်လှန်ရေး နည်းနာတွေ အမြောက်အမြား ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ အဲသည်လို သမားရိုးကျ မဟုတ်တဲ့ တော်လှန်ရေး နည်းနာတွေနဲ့အတူ၊ နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးသက်လုံကို ပါဝင်ဖြည့်ဆည်းကြမယ့် အုတ်မြစ်တွေလည်း အထူး လိုအပ်နေပါတယ်။

တော်လှန်ရေးသက်လုံကို ပါဝင်အားဖြည့် ထောက်ကူမယ့် အုတ်မြစ်တွေထဲမှာ ဒီနေ့ ဆွေးနွေးကြမယ့် နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်ရေးကိစ္စလည်း အထူးပြု ပါဝင်နေလိမ့်မယ်လို့ ယူဆပါတယ်။ နွေဦးတော်လှန်ရေးမှာ စိတ်ဓာတ်လည်း လိုသလို၊ ဘဏ္ဍာငွေ အင်အားလည်း လိုနေတာ အားလုံးအသိ ဖြစ်ပါတယ်။ လက်တွေ့ အောင်မြင်မှု ရလဒ်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဘဏ္ဍာရေးကိစ္စကို အထူးတလည် စဉ်းစားကြရပါလိမ့်မယ်။” လို့ ယာယီသမ္မတ ပြောကြားပါတယ်။


ဆက်လက်ပြီးတော့လည်း “နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာ တော်လှန်ရေးသက်လုံကို ဖြည့်ပေးမယ့် ဘဏ္ဍာရေးဒေါက်တိုင်တစ်ခု ဖြစ်ဖို့ လိုသလို၊ ပြည်သူလူထုအတွက် ဓနဥစ္စာ လုံခြုံရေးကို ကူညီအားဖြည့်ပေးမယ့် ဘဏ္ဍာရေးထီးရိပ်ဖြစ်ဖို့လည်း အထူး လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ state assets တန်ပြန် လွှမ်းမိုးမယ့် မဟာဗျူဟာ စဉ်းစားချက်တွေ ပါသင့်တယ်လို့ ယူဆပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား ပြည်သူလူထုရဲ့ ဓနဥစ္စာ ပိုင်ဆိုင်ခွင့်တွေဟာ ကန့်သတ် ရိုက်ချိုးခံခဲ့ရပါတယ်။ တိုင်းပြည်အတွင်းမှာ မတည်ငြိမ်ရင် ၊ ပဋိပက္ခတွေ ဖြစ်ရင် လူထုဟာ အရင်ဆုံး ဆုံးရှုံး အနစ်နာခံကြရသူတွေဖြစ်ပါတယ်။ ဒါကို ငဲ့ကွက်ပြီးတော့ ကျွန်တော်တို့ ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေဟာ လူထုရဲ့ ဓနဥစ္စာ လုံခြုံမှုကို ကာကွယ်ပေးနိုင်တဲ့ အဝန်းအဝိုင်း တစ်ခုကို တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။

ဒါဟာ တော်လှန်ရေးအတွက် ကောင်းကျိုးဖြစ်သလို ၊ ပြည်သူ့အတွက်လည်း အကျိုးဖြစ်ထွန်းတဲ့ ဘက်မျှသော စနစ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ၂၀၂၃ နှစ်သစ်မှာ နိုင်ငံရေးအရ အားပေးစကားတွေ၊ စည်းရုံးရေး စကားတွေ ပြောခဲ့ကြပါတယ်။ ဒါ့အပြင် ပြည်သူလူထု စိတ်အားတက်ကြွအောင် ခွန်အားပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကို ပြန်လည် အမှတ်ရပြီး ယခု ဒီနှစ်ကုန်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို အတက်နိုင်ဆုံး ဖြည့်ဆည်းပေးကြဖို့ ဇွဲလုံ့လ ဝီရိယအားစိုက် ထုတ်ကြပါလို့ ထပ်လောင်း နှိုးဆော်ချင်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားကာ အွန်လိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။
Era’sEyes | Photo – NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 15 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 11 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 6 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 27 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ